Connect with us

Hi, what are you looking for?

သတင်း

လူကုန်ကူးခံ နိုင်ငံသားတွေကို ကယ်ထုတ်ရေး ထိုင်း နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အထူးအဖွဲ့ တစ်ခုကို ဟောင်ကောင်စေလွှတ်

လူမှောင်ခိုကူး ခံရပြီး မြန်မာ-ထိုင်း နယ်စပ်အခြေစိုက် ကျားဖြန့် ဒုစရိုက်ဂိုဏ်းတွေ ဖမ်းဆီး ထိန်းသိမ်းတာ ခံထားရတဲ့ နိုင်ငံသားတွေကို ကူညီကယ်ဆယ်နိုင်ရေးထိုင်းအာဏာပိုင်တွေနဲ့ပူးပေါင်းဆောင်ရွက်မယ့် အထူးအဖွဲ့ တစ်ခုကို ဟောင်ကောင်က စေလွှတ်ခဲ့ကြောင်း သိရပါတယ်။

လူမှောင်ခိုကူး ခံရပြီး မြန်မာ-ထိုင်း နယ်စပ်အခြေစိုက် ကျားဖြန့် ဒုစရိုက်ဂိုဏ်းတွေ ဖမ်းဆီး ထိန်းသိမ်းတာ ခံထားရတဲ့ နိုင်ငံသားတွေကို ကူညီကယ်ဆယ်နိုင်ရေးထိုင်းအာဏာပိုင်တွေနဲ့ပူးပေါင်းဆောင်ရွက်မယ့် အထူးအဖွဲ့ တစ်ခုကို ဟောင်ကောင်က စေလွှတ်ခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံဖက်ခြမ်း နယ်စပ်တဝိုက်မှာ အခြေစိုက်တဲ့ ကျားဖြန့် ဒုစရိုက် ဂိုဏ်းတွေဟာ ထိုင်းနိုင်ငံ ပိုင်နက်ကို ဖြတ်သန်းပြီး လူကုန်ကူးမှု ပစ်မှတ် သားကောင်တွေကို ဆွဲဆောင် ခေါ်ယူနေတာ ကာလအတော် ကြာခဲ့ပြီး ဖြစ်ပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်မှာ တရုတ်နိုင်ငံသား သရုပ်ဆောင် ဝမ်ကျင်ရဲ့ လူမှောင်ခိုကူး ခံရတဲ့ ဖြစ်စဉ် ပေါ်ထွက်လာမှသာ အဲဒီ အခြေအနေကို နိုင်ငံတကာက အာရုံစိုက်မိလာခဲ့ပါတယ်။

ဝမ်ဟာ ရိုက်ကူးရေး ကိစ္စအတွက်လို့ လှည့်စားခေါ်ယူ ခံရပြီး မဲဆောက်ကနေတဆင့် မြန်မာဖက်ခြမ်း၊ ကရင် နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ရာ ရွှေကုက္ကိုမြို့ထဲကို လူကုန်ကူး ခံခဲ့ရတာ ဖြစ်ပါတယ်။ ဝမ်ရဲ့ ကိစ္စက အရမ်း လူသိရှင်ကြား ဖြစ်ခဲ့တဲ့နောက် ထိုင်းအာဏာပိုင်တွေက BGFနဲ့ ညှိနှိုင်းပြီး ဝမ်ကို ပြန်ကယ်ထုတ်နိုင်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဒုတိယ သုံးလပတ် ကာလကစလို့ ဟောင်ကောင်က ပြည်သူ တချို့လည်း အရှေ့တောင်အာရှ ဒေသထဲကို လူမှောင်ခို လိမ်လည် ခေါ်ဆောင် ခံရတယ်ဆိုတာ ယုံကြည်ရတဲ့ အထောက်အထားတွေ ရှိခဲ့ပြီး အဲဒီကိစ္စတွေအတွက် ထိုင်းနဲ့ ပူးပေါင်း အဖြေရှာဖို့ အထူးအဖွဲ့ တစ်ခုကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ စေလွှတ်ခဲ့တယ်လို့ ဟောင်ကောင် လုံခြုံရေး ဗျူရိုက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဟောင်ကောင်မှာ လူမှောင်ခိုမှုအဖြစ် ယူဆရတဲ့ တိုင်ကြားမှု ၂၈ ခု ရှိခဲ့ပြီး အဲဒီထဲက ၁၆ ယောက်ကတော့ ပြန်လည် လွတ်မြောက်လာကြောင်း၊ ကျန်တဲ့ ၁၂ ယောက်ကလည်း ချုပ်နှောင်ထားသူတွေဆီက ကန့်သတ်ချက်တွေ ရှိနေပေမယ့် ဘေးကင်းတယ်လို့ ယုံကြည်ရပြီး မိသားစုဆီ ရံဖန်ရံခါ အဆက်အသွယ် လုပ်လို့ရနေကြောင်း ဗျူရို တာဝန်ရှိသူတွေက ပြောပါတယ်။

၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေအတွင်း ဟောင်ကောင် အာဏာပိုင်တွေဟာ မြန်မာနဲ့ ကမ္ဘောဒီးယားတို့ကို လူမှောင်ခိုကူးပြီး လိမ်ညာ ခေါ်ယူခြင်း ခံရကြောင်း တိုင်ကြားမှု ၄၆ ခုကို လက်ခံ ရရှိခဲ့ပါတယ်။ အဲဒီထဲက ၄၃ ဦးကို ဟောင်ကောင်က အောင်အောင်မြင်မြင် ပြန်လည် ခေါ်ထုတ်နိုင်ခဲ့ပါတယ်။

ဇန်နဝါရီလ ၁၂ ရက် ညနေပိုင်းမှာ ဟောင်ကောင်က စေလွှတ်တဲ့ အထူးအဖွဲ့ဟာ ထိုင်းနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးမှာ ထိုင်းအာဏာပိုင်နဲ့ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းတွေကို တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ပြီးတော့ ကျားဖြန့်ဂိုဏ်းတွေနဲ့ ပတ်သက်လို့ ရရှိထားတဲ့ သတင်း အချက်အလက်တွေကို မျှဝေပေးတာ၊ ထိုင်းအာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ အတတ်နိုင်ဆုံး အကူအညီပေးတာတွေကို ပံ့ပိုး လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

ဇန်နဝါရီ ၁၃ ရက်နေ့မှာတော့ အထူးအဖွဲ့ဟာ ထိုင်းရဲတပ်ဖွဲ့ အပါအဝင် အိမ်ရှင်နိုင်ငံရဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း တချို့နဲ့ ကနဦး တွေ့ဆုံခဲ့ပြီး ထိုင်းဖက်က စိတ်အားထက်သန်တဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ကြောင်း ပြောပါတယ်။

အဲဒီအဖွဲ့ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ အခြေစိုက်တဲ့ ဟောင်ကောင် စီးပွားရေးနဲ့ ကုန်သွယ်ရေးရုံး၊ တရုတ် သံရုံးတို့နဲ့လည်း အနီးကပ် ချိတ်အလုပ် အလုပ်လုပ်မှုတွေ ရှိနေမယ်လို့ ယူဆရပါတယ်။ ဟောင်ကောင်ဟာ တရုတ် အစိုးရ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ လက်အောက်ခံ နယ်မြေ တစ်ခုလည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးဟာ ကြေညာချက်တစ်စောင် ထုတ်ပြန်ထားရာမှာ တရုတ် နိုင်ငံသားတွေ အနေနဲ့ မသင်္ကာစရာ ကောင်းလောက်အောင် များပြားတဲ့ လုပ်ခလစာမျိုး၊ တခြား ငွေကြေး မက်လုံးမျိုးနဲ့ ကမ်းလှမ်းခံရပြီး လေယာဉ်လက်မှတ်ခ၊ စားသောက်စရိတ်နဲ့ နေထိုင်ရေးကိစ္စတွေ အားလုံး ချောမွေ့အောင် စီစဉ်ပေးနေတဲ့ အလုပ်ခေါ်ယူမှုမျိုးတွေကို ချင့်ချိန် ဆန်းစစ်ကြဖို့လည်း သတိပေး နှိုးဆော်ထားပါတယ်။

ကိုးကား- SCMP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ရုရှား မောင်နှမ နှစ်ဦးကို သတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံထားတဲ့ သံသယ တရားခံတွေဟာ နောက်ထပ် လူ ၃ ဦးကို သတ်ဖြတ်မှု အတွက်ပါ စုံစမ်းစစ်ဆေး ခံနေရပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံး အာရုံစိုက်ရတဲ့ သတင်းတစ်ပုဒ်ဖြစ်တဲ့ ရုရှားမောင်နှမ ပျောက်ဆုံးမှုဟာ လူသတ်မှုအဖြစ် အတည်ပြု ထွက်ပေါ်လာပါတယ်။

သတင်း

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။