Connect with us

Hi, what are you looking for?

သတင်း

တောင်ပိုင်းစစ်ဒေသ၌ ဒီဇင်ဘာတိုက်ပွဲများအတွင်း စခန်း ၄ခုသိမ်းရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ ကျော်သေဟုဆို

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာအတွင်း စစ်ကောင်စီနှင့် တော်လှန်ရေး ပူးပေါင်းတပ်အကြား တိုက်ပွဲ ၆၂ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် ၁၅၀ ကျော်သေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

တောင်ပိုင်းစစ်ဒေသ၌ ဒီဇင်ဘာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသ

ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာအတွင်း စစ်ကောင်စီနှင့် တော်လှန်ရေး ပူးပေါင်းတပ်အကြား တိုက်ပွဲ ၆၂ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် ၁၅၀ ကျော်သေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

တိုက်ပွဲများကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ LDF များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်-BPLA၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး -ABSDF၊ မွန်ပြည်တော်လှန်ရေးတပ်-MSRF၊ မွန်ပြည်သစ်ပါတီ အာဏာရှင်တိုက်ဖျက်ရေး-NMSP AD၊ ထားဝယ်ပြည်သူ လွတ်မြောက်ရေးတပ် TPLF၊ အခြား ပူးပေါင်းတပ်ဖွဲ့များနှင့် ဒရုန်းပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်း၍ စစ်ဆင်ရေးများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာအတွင်း စစ်ကောင်စီ အထိုင်ချစခန်း ၄ခုအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ရေးမြို့မြောက်ပိုင်း အမှတ်(၈)ပြည်ထောင်စုလမ်းမပေါ်ရှိ လမိုင်းမှ ကမော့ကနင်လမ်းပိုင်း ကွမ်ကျိုက်ကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်စခန်း၊ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ ရေကန်တောင် မိုက်ကရိုဝေး တာဝါတိုင်တပ်စခန်း၊ ဖာပွန်မြို့နယ် ဆင်စွယ်စခန်းနှင့် တောင်သုံးလုံးစခန်းတို့အား သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ဒီဇင်ဘာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၅၁ဦး သေဆုံးပြီး ၈၉ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီထံမှ ၁၂၀မမ ၊ ၈၁မမ ၊ ၆၀ မမ စိန်ပြောင်းများအပါအဝင် အခြားလက်နက်ငယ်အချို့ နှင့်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။

ထို့ပြင် ပူးပေါင်းတပ်ဖွဲ့ထံသို့ အလင်းဝင်ရောက်လာသူ ငါးဦးရှိသဖြင့် ကောင်းမွန်စွာကြိုဆို၍ စောင့်ရှောက်ထားကြောင်း ဖော်ပြသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်မှ ထိခိုက်ကျဆုံးရှိမရှိ အခြေအနေကို ဖော်ပြမထားပေ။

စစ်ကောင်စီတပ်သားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တစ်လအတွင်း ပြည်သူ ၂၄ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၄၈ဦးရှိသည်ဟု ထုတ်ပြန်သည်။

ထို့ပြင် စစ်ကောင်စီတပ်က မတရားဖမ်းဆီးခဲ့သည့် ပြည်သူ ၃၄၉ ဦးရှိကြောင်း ဖော်ပြသည်။ စစ်ကောင်စီအနေဖြင့် တောင်ပိုင်းစစ်ဒေသ နယ်မြေများဖြစ်သည့် ကရင်၊ ပဲခူး၊ မွန်၊ တနင်္သာရီ ဒေသများအပါအဝင် နိုင်ငံတဝန်းရှိ ပြည်သူများကို စစ်သားသစ်စုဆောင်းရန် ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။

တောင်ပိုင်းစစ်ဒေသနယ်မြေတွင် စစ်ကောင်စီတပ်နှင့်လက်ဝေခံတို့၏ အကြမ်းဖက်လုပ်ဆောင်မှုများမှာ လျော့နည်းသွားခြင်းမရှိဘဲ ယခင်လများထက်ပင် များပြားလျက်ရှိကြောင်းလည်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ထိမ်းသိမ်းထားတဲ့ အကျဉ်းသား/အကျဉ်းသူတွေအနက် (၁၁၀)ဦးကို ဒီနေ့ ဇန်နဝါရီလ ၁ရက်နေ့မနက်မှာအမျိုးသားညီညွတ်ရေးအစိုးရက လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်ပါတယ်။

သတင်း

ထိရောက်​သောပြစ်ဒဏ်များချမှတ်သွားမည်ဟု NUGကာကွယ်​ရေးဝန်ကြီးဌာန​ပြော​ရေးဆိုခွင့်ရှိသူပြော

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် မဟာမိတ်များနှင့် ညီညွတ်မှုထိခိုက်စေနိုင်သည့် အပြုအမူ အပြောအဆိုများ မပြုလုပ်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူး ရဲဘော်စောရှားက တိုက်တွန်းလိုက်သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တပ်ရင်း၊ တပ်ဖွဲ့များ စတင်ဖွဲ့စည်းချိန်က စတင်၍ ယနေ့အထိ ထောက်ပံ့စရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၂၄ဒသမ ၉သန်းခန့် သုံးစွဲခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့(မေ ၇ရက်) သတင်းထုတ်ပြန်သည်။