Connect with us

Hi, what are you looking for?

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရက အကျဉ်းသား၊ အကျဥ်းသူ ၁၀၀ ကျော်ကို လွတ်ငြိမ်းပေး

တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ထိမ်းသိမ်းထားတဲ့ အကျဉ်းသား/အကျဉ်းသူတွေအနက် (၁၁၀)ဦးကို ဒီနေ့ ဇန်နဝါရီလ ၁ရက်နေ့မနက်မှာအမျိုးသားညီညွတ်ရေးအစိုးရက လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်ပါတယ်။

ဇန်နဝါရီ-၁၊၂၀၂၆။အိမ်သွင်/People’s Spring

တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ထိမ်းသိမ်းထားတဲ့ အကျဉ်းသား/အကျဉ်းသူတွေအနက် (၁၁၀)ဦးကို ဒီနေ့ ဇန်နဝါရီလ ၁ရက်နေ့မနက်မှာအမျိုးသားညီညွတ်ရေးအစိုးရက လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်ပါတယ်။

ယနေ့ကျရောက်တဲ့နှစ်သစ်နေ့မှာနွေဦးတော်လှန်ရေးရဲ့ အကျိုးစီးပွားကို ရှေ့ရှုသောအားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရေးနဲ့ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲလွတ်ငြိမ်း သက်သာခွင့်ပြုလိုက်တာလို့အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတဒူဝါလရှီးလက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကျန်အကျဉ်းသား/အကျဉ်းသူတွေကိုလည်း ၎င်းတို့ကျခံနေရတဲ့ ထောင်ဒဏ်ရဲ့ သုံးပုံတပုံ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တယ်လို့ ထုတ်ပြတ်ထားပါတယ်။

Public Service Announcement

Public Service Announcement

“လွတ်ကာနီး ရာဇဝတ်မှုတွေနဲ့ တရားမမှုတွေကို မြို့နယ်အဆင့်ကနေ အဆင့်ဆင့် စာရင်းပြုစုပြီး လွတ်ငြိမ်းပေးတာပါ”လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်​ရေးဝန်ကြီးဌာနကခရိုင်အဆင့် တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကဆုန်လပြည့်နေ့က စစ်ကောင်စီရဲ့လွတ်ငြိမ်းမှာ နိုင်ငံရေးအကျဥ်းသား ၈ဦးသာ လွတ်မြောက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နှစ်ဆန်းတစ်ရက်နေ့မှာ အကျဥ်းသားပေါင်း လေးထောင်ကျော် လွှတ်မယ်လို့ ကြေညာထားပေမဲ့ လက်တွေ့မှာ ၁၆၀၀ ကျော်သာ လွတ်မြောက်လာပြီး နိုင်ငံရေးအကျဥ်းသား ၂၈၀ကျော်သာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အာဏာရှင်တွေက မတရားဖမ်းဆီးထားတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့ မိသားစုနဲ့ ပြန်ဆုံဆည်းရတာကိုဝမ်းမြောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ပြီး တော်လှန်ရေးပန်းတိုင်နဲ့ အောင်မြင်မှုတွေ ရရှိတဲ့အထိ တိုက်ပွဲဝင်မယ်လို့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့မတရားဖမ်းဆီးခံရပြီးထောင်ဒဏ် တစ်သက် တစ်ကျွန်း ချခံထားရတဲ့ မှတ်တမ်းရုပ်ရှင်ဖန်တီးသူ မရှင်ဒေဝီဟာ ဒီက​နေ့ပြန်လည်လွတ်​မြောက်လာခဲ့ပြီး သူ့အ​နေနဲ့ မှတ်တမ်းရုပ်ရှင်​တွေ ဆက်လက်ဖန်တီးသွားမယ်လို့ သတင်း​ထောက်​တွေကို​ပြောပါတယ်။