Connect with us

Hi, what are you looking for?

သတင်း

ထရမ့် ကျမ်းသစ္စာကျိန်ဆိုပြီး နာရီပိုင်းအကြာမှာ ရှီနဲ့ ပူတင် အွန်လိုင်းကနေ ချိတ်ဆက်ဆွေးနွေး

အမေရိကန် သမ္မတအဖြစ် ဒေါ်နယ်လ်ထရမ့် ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့နောက် အမေရိကန်ရဲ့ ပြိုင်ဘက် စူပါပါဝါ နှစ်နိုင်ငံ ခေါင်းဆောင်တွေ ဗီဒီယိုဖုန်း ခေါ်ဆိုပြီး အွန်လိုင်းကနေ ချိတ်ဆက် အစည်းအဝေး လုပ်ခဲ့ကြပါတယ်။

အမေရိကန် သမ္မတအဖြစ် ဒေါ်နယ်လ်ထရမ့် ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့နောက် အမေရိကန်ရဲ့ ပြိုင်ဘက် စူပါပါဝါ နှစ်နိုင်ငံ ခေါင်းဆောင်တွေ ဗီဒီယိုဖုန်း ခေါ်ဆိုပြီး အွန်လိုင်းကနေ ချိတ်ဆက် အစည်းအဝေး လုပ်ခဲ့ကြပါတယ်။

တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ ဇန်နဝါရီ ၂၀ ရက်နေ့တုန်းက ဝါရှင်တန် ဒီစီမြို့တော်မှာ ထရမ့်က အမေရိကန်ရဲ့ ၄၇ ဆက်မြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးတဲ့နောက် နာရီပိုင်း အကြာမှာ အွန်လိုင်းကနေ ချိတ်ဆက် အစည်းအဝေး လုပ်ခဲ့တာ ဖြစ်ပါတယ်။

နှစ်နိုင်ငံစလုံးရဲ့ အစိုးရ မီဒီယာတွေက အဲဒီ ဆွေးနွေးမှုအတွင်း တရုတ်-ရုရှား ပူးပေါင်း ဆောင်ရွက်မှုတွေမှာ ပိုမို ကောင်းမွန် မြင့်မားတဲ့ အခြေအနေဆီ မြှင့်တင်ဖို့ အသီးသီး ကတိပြုခဲ့ကြတယ်လို့ ဖော်ပြသွားပါတယ်။

ရှီက ပူတင်ကို ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေကောင်း တစ်ဦးလို့ ညွှန်းဆိုခဲ့ပြီး တရုတ်-ရုရှား ဆက်ဆံရေးဟာ ခင်မင်မှု၊ အပြန်အလှန် ယုံကြည်မှုနဲ့ ထောက်ခံ အားပေးမှုတွေအပေါ် အခြေတည် တည်ဆောက်ထားတာလို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ဟာ ကျမ်းသစ္စာ ကျိန်ဆိုတဲ့နေ့မှာပဲ တရုတ်အပေါ် ကုန်သွယ်ရေးဆိုင်ရာ အခွန်အသစ်တွေ စည်းကြပ်ဖို့ စဉ်းစားနေကြောင်း ပြောကြားခဲ့သလို ယူကရိန်းစစ်ပွဲ အမြန်ဆုံး ရပ်ဆိုင်းရေး မညှိနှိုင်းရင် ရုရှားဟာ ပြဿနာ အကြီးကြီး တက်လိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

အမေရိကန်ဟာ ယူကရိန်း စစ်ပွဲမှာ ရုရှားအတွက် လိုအပ်တဲ့ စစ်လက်နက်တွေ ထုတ်လုပ်နိုင်ဖို့ အပိုပစ္စည်း အစိတ်အပိုင်းတွေ ထောက်ပံ့ပေးနေကြောင်း အမေရိကန်ရဲ့ စွပ်စွဲမှုကိုလည်း ခံထားရပါတယ်။

ရှီနဲ့ ပူတင်တို့ရဲ့ ဆွေးနွေးမှုဟာ အချိန် တစ်နာရီခွဲလောက် ကြာခဲ့ပြီး တောင်ကိုရီးယား နိုင်ငံရေး အရှုပ်အထွေး၊ ထိုင်ဝမ်အရေး၊ အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကိုပါ ထည့်သွင်း အမြင်ဖလှယ်ခဲ့ကြတယ်လို့ ရုရှားဖက်က ထုတ်ပြန်ခဲ့ပါတယ်။

တရုတ် အစိုးရ မီဒီယာကတော့ မရေရာတဲ့ ပြည်ပ သက်ရောက်မှုတွေ ကြုံလာရင် ပူတင်နဲ့ လက်တွဲ တုံ့ပြန်ဖို့ သမ္မတ ရှီက လိုလိုလားလား လမ်းဖွင့်ပေးခဲ့ကြောင်း ဖော်ပြပေမယ့် အသေးစိတ် အကြောင်းအရာတွေကိုတော့ မှတ်ချက်မပေးခဲ့ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အောင်မြင်ဖို့ အကောင်းမြင် မျှော်လင့်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။