Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်များက စစ်မှုထမ်းရန် လူငယ်များလိုက်လံဖမ်းဆီးနေ

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်များသည် စစ်မှုထမ်းရန်အတွက် လူငယ်များလိုက်လံဖမ်းဆီးပြီး စစ်ကောင်စီအတွက် ပို့ဆောင်နေကြောင်း အဆိုပါမြို့ခံများက ပြောသည်။

မြဝတီမြို့ (၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး စည်လှိုင်ဆိုသူအား တွေ့ရစဉ်

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်များသည် စစ်မှုထမ်းရန်အတွက် လူငယ်များလိုက်လံဖမ်းဆီးပြီး စစ်ကောင်စီအတွက် ပို့ဆောင်နေကြောင်း အဆိုပါမြို့ခံများက ပြောသည်။

မြဝတီမြို့ (၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး စည်လှိုင်ဆိုသူနှင့် ပြည်သူ့စစ်များသည် ညပိုင်းအချိန်တွင် ကားများဖြင့် လူငယ်များ လိုက်လံဖမ်းဆီးကာ စစ်မှုထမ်းရန် ခေါ်ဆောင်နေခြင်းဟု မြဝတီမြို့ခံများက ပြောသည်။

“သူက မြဝတီကလူငယ်တွေကို ညဘက်မှာ သူ့ပြည်သူ့စစ်တွေနဲ့ ကား၄စီးထွက်ပြီး လူငယ်တွေကိုပေါ်တာဆွဲတယ်။ စစ်မှုထမ်းထဲ တစ်ခါတည်းထည့်တယ်”ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့် လူငယ်များ၏ မိသားစုဝင်များ လိုက်လံဖြေရှင်းပါက (၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး စည်လှိုင်ဆိုသူက ရိုင်းပြစွာဆဲဆိုလေ့ရှိသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“လောလောဆယ် ဆယ်ဂဏန်းလောက်ရှိမယ်”ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

၂၀၂၄ ဒီဇင်ဘာ၂၈ရက်ကလည်း စစ်မှုထမ်းရန်ဖမ်းဆီးခြင်းနှင့် ပြည်သူများအပေါ်ခြိမ်းခြောက်ဖမ်းဆီးငွေတောင်းခံနေသော မြဝတီမြို့မရဲစခန်းအား ဗုံးချတိုက်ခိုက်ခံရမှုဖြစ်ခဲ့သေးသည်။ မြဝတီမြို့မရဲစခန်း ဗုံးနှစ်လုံးချတိုက်ခိုက်ခံရမှုတွင် ရဲလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တော်လှန်ရေးတပ်များက ပြီးခဲ့သည့် ၂၀၂၄ ဧပြီလအတွင်း မြဝတီမြို့စောင့်တပ်အားတိုက်ခိုက်ပြီးနောက် မြဝတီမြို့မရဲစခန်းအား ပထမဆုံးအကြိမ်တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

ထိုင်း – မြန်မာနယ်စပ်ကုန်သွယ်ရေးဇုန်အတွက်အရေးပါသည့် မြဝတီမြို့နှင့် သင်္ဃန်းညီနောင်မြို့ စစ်ဆင်ရေးကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)ဦးဆောင်းသည့် PDF ပူးပေါင်းများက ၂၀၁၄ မတ်လတွင် စတင်ခဲ့သည်။

နယ်စပ်ကုန်သွယ်ရေးမြို့တော်ဖြစ်သော မြဝတီမြို့အတွက်စစ်ရေးအရအရေးပါသည့် သင်္ဃန်းညီနောင်မြို့ရှိ ဗျူဟာစခန်းအပါအဝင် ခြေလျင်တပ်ရင်းများအား ၂၀၂၄ မတ်လ ၇ရက်ကထိုးစစ်စတင်ရာ တစ်လအကြာ ဧပြီ ၅ရက်တွင် သင်္ဃန်းညီနောင်မြို့ဗျူဟာတစ်ခုလုံး သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နောက် မြဝတီမြို့စောင့်တပ်ဖြစ်သော ခလရ(၂၇၅)တပ်ရင်းအား ဆက်လက်ထိုးစစ်ဆင်ရာ ၂၀၂၄ ဧပြီ ၁၀ရက်တွင် သိမ်းပိုက်ခဲ့သည်။ အဆိုပါ ခလရ(၂၇၅)မှ ထွက်ပြေးကြသည့် တပ်မ(၄၄)တပ်မမှူး ဗိုလ်မှူးချုပ် စိုးမင်းထက် ဦးဆောင်သော စစ်ကောင်စီတပ်သားများမှာ ထိုင်း – မြန်မာချစ်ကြည်ရေးအမှတ်(၂)တံတားအောက်၌ သွားရောက်ခိုလှုံခဲ့ကြသည်။

မြဝတီမြို့ အမှတ်(၂) ထိုင်း – မြန်မာချစ်ကြည်ရေးတံတားရှိ စစ်ကောင်စီတပ်ဖွဲ့အား တော်လှန်ရေးပူးပေါင်းတပ်က ၃၆နာရီကြာတိုက်ခိုက်ပြီးနောက် ၂၀၂၄ ဧပြီ ၂၁ရက် နံနက်တွင် ပစ်ခတ်မှုရပ်ပြီး ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

ထို့နောက်ပိုင်းတွင် စစ်ကောင်စီက မြဝတီမြို့ကို အင်အားထပ်ဖြည့်ပြီးနောက် မြို့အားထိန်းချုပ်ရန်ကြိုးပမ်းလာခြင်းဖြစ်သည်။

လက်ရှိတွင် မြဝတီမြို့ရှိ ရဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များက မြို့ခံများအပေါ် ခြိမ်းခြောက်ဖမ်းဆီးငွေတောင်းခံနေမှု ဆိုးရွားစွာပြုလုပ်နေသည်ဟု အဆိုပါမြို့ခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

သူဝယ်မိတဲ့ဘောလုံးသမားဟာချင်းလန်းအက်ဖ်စီက Pa Lung ဖြစ်တယ်လို့သတင်းရင်းမြစ်အချို့​ပြော

သတင်း

​မြေးနှစ်ဦးကို နိုင်ငံခြားပို့ထားတဲ့ ရုပ်ရှင်ဒါရိုက်တာပန်းချီစိုးမိုးက အာဏာသိမ်းစစ်တပ်က လူငယ်တွေကို အဓမ္မစစ်မှုထမ်းခိုင်းနေချိန် စစ်မှုထမ်းတာဟာ ဂုဏ်ယူစရာကောင်းကြောင်းပြောပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်မှုထမ်းခေါ်ယူမှုကို ခရိုင်အဆင့်က စတင်ကိုင်တွယ်နေပြီး စစ်မှုထမ်း ရှောင်တဲ့သူတွေကို ရှောင်တဲ့နေရာလိုက်ဖမ်းဖို့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်က ​မြှောက်​ပေးပါတယ်။

Facebook