Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနှင့် မကွေးဒေသများတွင် မဟာမိတ်များနှင့် ပူးပေါင်းစစ်ရေးလှုပ်ရှားရန်ရှိဟု ချင်းညီနောင်အဖွဲ့ဝင် CNDF ပြော

စစ်ကိုင်း၊ မကွေးတိုင်းဒေသတွင် မဟာမိတ်များနှင့် စစ်ရေးအရ ပူးပေါင်းလုပ်ဆောင်ရန်ရှိကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။

ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CNDF

ဟန်နွေ/People’s Spring

စစ်ကိုင်း၊ မကွေးတိုင်းဒေသတွင် မဟာမိတ်များနှင့် စစ်ရေးအရ ပူးပေါင်းလုပ်ဆောင်ရန်ရှိကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။

CNDFနှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)တို့ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးမှုများရှိနေကြောင်း သတင်းများနှင့်ပတ်သက်၍ မေးမြန်းစဉ် ယခုကဲ့သို့ အသိပေးလာခြင်းဖြစ်သည်။

ချင်းညီနောင်အနေဖြင့်ဖြစ်စေ၊ CNO/CNDF ဖြစ်စေ BPLAနှင့် ဆက်ဆံရေးကောင်းမွန်စွာရှိပြီး နိုင်ငံရေး၊ စစ်ရေးမဟာမိတ်လုပ်ဆောင်ရန် ဆွေးနွေးထားကြောင်း ဆလိုင်းတီမီက ပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့ဘက်ကလည်းမကွေး၊ စစ်ကိုင်း အဲဒီမှာ လှုပ်ရှားဖို့ရန် အတွက် သူတို့ ပြင်ဆင်နေတဲ့ဟာ ရှိတဲ့အတွက်ချင်းဘက်မှာ ချင်းညီနောင်နဲ့ ကျနော်တို့ CNO/CNDF အနေနဲ့သော်လည်းကောင်း စစ်ရေးသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း အတူတကွ လုပ်ဆောင်ဖို့ရန်အတွက် အများကြီးရည်ရွယ်ထားတဲ့ဟာရှိပါတယ်”ဟု CNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ချင်းညီနောင်အနေဖြင့် ချင်းပြည်နယ်တစ်ခုတည်း၌ စစ်ရေးလှုပ်ရှားရန် မဟုတ်ဘဲ ပါဝင်နိုင်သည့် ကဏ္ဍမှ မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ပြောသည်။

“ဥပမာ စစ်ကိုင်း၊ မကွေး ယောနယ်အဲဒီလိုမျိုးဆိုလည်း ကျနော်တို့ တက်နိုင်တဲ့အခန်းကဏ္ဍကနေ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင် သွားဖို့ရန်အတွက် ရှိပါတယ်”ဟု ဆလိုင်းတီမီက ပြောသည်။

ချင်းညီနောင်အနေဖြင့်လည်း မတူပီ၊ ကျင်ဒွေး၊ မင်းတပ်မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့ရာ ယောဒေသနှင့် စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့များမှာ ချင်းညီနောင်နှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့ကြသည်။

ချင်းညီနောင်တာဝန်ရှိသူအချို့ကလည်း ချင်းပြည်လွတ်မြောက်ရေးသာမက စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေးအတွက် မဟာမိတ်များနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၄ ဒီဇင်ဘာက ပြုလုပ်ခဲ့သည့် ချင်းညီနောင် တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား၌ ပြောကြားသည်။

ချင်းညီနောင်သည် အာရက္ခတပ်တော်(AA)နှင့် မဟာမိတ်ပြုလုပ်ထားသည့် ချင်းဒေသကာကွယ်ရေးတပ်များဖြစ်ပြီး ချင်းပြည်နယ် မြို့သိမ်းစစ်ဆင်ရေးများအတွင်း AA၏ အကူအညီဖြင့် စစ်ကောင်စီကို တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook