Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် ဇန်နဝါရီလ၌ တအာင်းဒေသခံ ၁၃ဦးသေဆုံး

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကိုအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလအတွင်း ပြည်သူ၁၃ ဦးသေဆုံးခဲ့ပြီး ၂၆ဦးဒဏ်ရာရရှိခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။

စစ်​ကောင်စီဗုံးကြဲမှု​ကြောင့် ထိခိုက်​သေဆုံးသူများနှင့်အပျက်အစီးများ။ ဓါတ်ပုံ-TNLA

ဟန်နွေ/People’s Spring

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကိုအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလအတွင်း ပြည်သူ၁၃ ဦးသေဆုံးခဲ့ပြီး ၂၆ဦးဒဏ်ရာရရှိခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၈ ရက်တွင် မိုးကုတ်မြို့အရှေ့ပိုင်း၊ ဇန်နဝါရီ ၂၁ရက်နှင့် ၂၂ရက်တွင် နောင်ချိုမြို့နယ်၊ ဇန်နဝါရီ ၂၅ရက်တွင် ကျောက်မဲမြို့နယ်တို့ကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မိုးကုတ်မြိုအရှေ့ပိုင်းအားစစ်ကောင်စီလေကြောင်းတိုက်ခိုက်ရာ ဗုံးအလုံး ၂၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ လူထုနေအိမ်များ၊ ဘုန်းကြီးကျောင်းနှင့် မော်တော်ယာဉ် ၁စီး ပျက်စီးခဲ့သည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် နောင်ချိုမြို့နယ် လေကြောင်း တိုက်ခိုက်ခံရမှုတွင် အမျိုးသား ၅ဦး၊ အမျိုးသမီး ၄ဦး သေဆုံးကာ အမျိုးသမီး (၃)ဦး ဒဏ်ရာရခဲ့သည်ဟုအသိပေးသည်။ ထို့ပြင် နေအိမ်၉လုံးနှင့် ဘုန်းကြီးကျောင်းပျက်စီးမှုများလည်း ရှိခဲ့ကြောင်းအသိ​ပေးထားသည်။

ကျောက်မဲမြို့နယ်လည်း စစ်‌‌ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာအမျိုးသား (၂)ဦး၊ အမျိုးသမီး (၂)ဦးသေဆုံးပြီး အမျိုးသား (၅)ဦး၊ အမျိုးသမီး (၁၈)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၁၂)လုံး ထိမှန်ပျက်စီးသွားခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်သည်တအာင်းပြည်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူလူထုများကို ဦးတည်ကာ ရည်ရွယ်ချက်ရှိရှိ လေကြောင်းကို အသုံးပြုပြီး လာရောက်ဗုံးကြဲတိုက်ခိုက်လျက်ရှိ၍ ပြည်သူများအနေဖြင့် လေကြာင်းရန် သတိပြုနေထိုင်ကြရန် TNLAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်