Connect with us

Hi, what are you looking for?

သတင်း

မြန်မာကလေးငယ်များနှင့် အနာဂတ်ကို ကယ်တင်ရန် စစ်ကောင်စီအား လေယာဥ်ဆီဖြတ်တောက်ရန် ကုလမြန်မာသံအမတ်ကြီး တောင်းဆို

ကုလသမဂ္ဂ၌ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားနေစဥ်။ ဓာတ်ပုံ - မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး

အီယိုရီ/People’s Spring

မြန်မာကလေးငယ်များနှင့် ၎င်းတို့၏ အနာဂတ်အား ကယ်တင်ပေးကြရန် နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂအေဂျင်စီများက စစ်ကောင်စီအား လေယာဥ်ဆီဖြတ်တောက်ရန် သံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုသည်။

ကုလသမဂ္ဂကလေးငယ်များရန်ပုံငွေအဖွဲ့ (UNICEF)၏ အမှုဆောင်ဘုတ်အဖွဲ့ ၂၀၂၅ ပထမအကြိမ် ပုံမှန်အစည်းအဝေးကို ကျင်းပလျက်ရှိရာ အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် မြန်မာနိုင်ငံရှိ ကလေးငယ်များအပေါ် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုအပေါ် ကျရောက်သည့်အခြေအနေနှင့် အန္တရာယ်တို့မှာ မှန်းဆ၍ပင် မရနိုင်တော့ဘဲ ၎င်းတို့၏ အနာဂတ်အတွက်မှာ အလွန်အမင်း ခြိမ်းခြောက်မှုပြုနေပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားသည်။

ကုလသမဂ္ဂ၌ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားနေစဥ်။ ဓာတ်ပုံ – မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး

ယခုအခြေအနေတွင် ကလေးငယ်များ အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူများ၏ အသက်အား ကယ်တင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် စစ်တပ်ထံသို့ လေယာဉ်ဆီ စီးဆင်းမှု ဖြတ်တောက်ရေးတို့ပင် ဖြစ်ကြောင်း မြန်မာသံအမတ်ကြီးက အထက်ပါအစည်းအဝေး၌ ပြောသည်။

Public Service Announcement

Public Service Announcement

ကလေးငယ်များအား အကာအကွယ်ပေးရေးက အဓိကသော့ချက်ဖြစ်ပြီး ယင်းမှာ သက်ဆိုင်ရာနိုင်ငံ၏ အဓိက တာဝန်ဖြစ်သည်ကိုနားလည်ကြောင်း သံအမတ်ကြီးက ဆိုသည်။

သို့သော် မြန်မာပြည်သူများသည် နိုင်ငံတကာ၏ အကူအညီ လိုအပ်နေပြီး မြန်မာပြည်သူများ၊ ကလေးငယ်များ၏ အသက်ကို ကယ်တင်နိုင်ရေးအတွက် စစ်တပ်ထံသို့ ဂျက်လေယာဉ်ဆီများ စီးဆင်းမှုဖြတ်တောက်ရန်၊ ပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို ကူညီပေးကြရန် နိုင်ငံတကာ အသိုက်အဝန်းနှင့် UNICEF အပါအဝင် ကုလသမဂ္ဂ အေဂျင်စီများအား သံအမတ်ကြီးက တိုက်တွန်း မေတ္တာရပ်ခံသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်တပ်က မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့ချိန်မှစ၍ မြန်မာနိုင်ငံရှိ ကလေးငယ်များအနေဖြင့် စစ်တပ်မှ ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုဒဏ်များကို အလွန်အမင်း ခါးစည်းခံနေရကာ ကလေးငယ်များနှင့်ဆက်စပ်သည့် အကျပ်အတည်း မြောက်များစွာ ရင်ဆိုင်နေရကြောင်း သံအမတ်ကြီးက အစီရင်ခံသည်။

မြန်မာကလေးငယ် ၆သန်းမှာ အဆိုးရွားဆုံး လူသားစာနာအကျပ်အတည်း ဒုက္ခနှင့် ရင်ဆိုင်နေရပြီး ပြည်တွင်းနေရပ်စွန့်ခွာသူ ၃.၅သန်းကျော်အနက် ၃၃ ရာခိုင်နှုန်းမှာ ကလေးငယ်များ ဖြစ်ကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

ထို့အပြင် နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ဖေဖော်ဝါရီ ၅ရက် သတင်းထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းမှု ၄နှစ်ကျော်အတွင်း အရပ်သားပြည်သူ ၆၂၆၀ သေဆုံးခဲ့ရာ ယင်းအနက် ကလေးငယ်သေဆုံးသူဦးရေ ၇၁၈ဦးပါဝင်ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

Suu 80th Birthday Campaign အတွက် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်းသည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံရုံးသို့ ယနေ့ သွားရောက်ခဲ့သည်။

သတင်း

လီလီယန်/People’s Spring မျက်မှောက်အခြေအနေများအရ မြန်မာနိုင်ငံတွင် ပြည်သူများအတွက် လူမှုလုံခြုံရေးလုံးဝ မရှိဘဲ နိုင်ငံတကာအသိုက်အဝန်းက မြန်မာ့အရေးကိစ္စအား ပိုမိုအလေးထား အာရုံစိုက်ဖြေရှင်းသင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားသည်။ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပလျက်ရှိသော (၆၃) ကြိမ်မြောက်လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်အစည်းအဝေးတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားခဲ့ပြီး...

သတင်း

စစ်တပ်အာဏာသိမ်း ၂ နှစ်တာကျော်လာချိန်မှာ မြန်မာကလေးသူငယ်တွေနဲ့ လူငယ်တွေရဲ့ အခြေအနေဟာ ဆိုးရွားနေဆဲဖြစ်တယ်လို့ UNICEF မြန်မာက ဆိုထားပါတယ်။

သတင်း

စစ်တပ်သည် ၎င်းတို့စတင်ခဲ့သည့် ပြဿနာရပ်များအား အဆုံးသတ်ရန် ဆောင်ရွက်နိုင်ခြင်း မရှိကြောင်းသံအမတ်ကြီးက ဆက်ပြောသည်။