Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ပြည်ထောင်စုသစ်တည်ဆောက်ရေးတွင် ရှမ်းတိုင်းရင်းသားအားလုံးနှင့် လက်တွဲဆောင်ရွက်လိုကြောင်း NUG ထပ်မံဖိတ်ခေါ်

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ပြည်ထောင်စုသစ်တည်ဆောက်ရေးတွင် ရှမ်းတိုင်းရင်း သားအားလုံးနှင့် လက်တွဲဆောင်ရွက်လိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ထပ်မံ ဖိတ်ခေါ်လိုက်သည်။

(၇၈)နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ဖွင့်ပွဲအခမ်းအနားအား ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ် ၊ နားဆာလဲကျေးရွာ၌ ပြုလုပ်နေစဉ်။ ဓာတ်ပုံ- Tai Freedom

ဟန်နွေ/People’s Spring

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ပြည်ထောင်စုသစ်တည်ဆောက်ရေးတွင် ရှမ်းတိုင်းရင်း သားအားလုံးနှင့် လက်တွဲဆောင်ရွက်လိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ထပ်မံ ဖိတ်ခေါ်လိုက်သည်။

စစ်အာရှင်စနစ်ချုပ်ငြိမ်းပြီး ပင်လုံစာချုပ်ပါ အခြေခံမူများအပေါ်တွင် အခြေခံသော၊ လွတ် လပ်သော၊ တရားမျှတသော၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော၊ မတူကွဲပြားမှုများကို တန်းတူရည်တူ အပြန်အလှန် လေးစားမှုရှိသော၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးတို့တွင် ရှမ်းပြည်အတွင်းရှိ ရှမ်းတိုင်းရင်းသား လူမျိုးစုများအားလုံး အနေဖြင့် လက်တွဲဆောင်ရွက်လိုကြောင်း NUG က ဖိတ်ခေါ်သည်။

ယနေ့ (ဖေဖော်ဝါရီ ၇ရက်) ကျရောက်သော (၇၈) နှစ်မြောက် ရှမ်းအမျိုးသားနေ့သို့ NUGက ဂုဏ်ပြု သဝဏ်လွှာပေးပို့စဉ် အထက်ပါအတိုင်း ဖော်ပြဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ NUG အနေဖြင့် ယခင်ကလည်း ယခုကဲ့သို့ သဝဏ်လွှာများ ပေးပို့စဉ် စစ်အာဏာရှင်တိုက်ဖျက်ရေး၌ ရှမ်းတိုင်းရင်းသားများ တက်ကြွစွာ ပါဝင်ရေး ဖိတ်ခေါ်ခဲ့ဖူးသည်။

Public Service Announcement

Public Service Announcement

ခေတ်အဆက်ဆက် အာဏာသိမ်းစစ်ခေါင်းဆောင်များသည် ပင်လုံစာချုပ်ပါ သဘောတူညီ ချက်များဖြစ်သည့် အပိုဒ် (၅) နှင့် (၇)တွင် ဖော်ပြထားသော ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ (ထိုစဉ်အခေါ်အဝေါ်အရ တောင်တန်းဒေသများ)၏ နယ်အတွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိရမည်။ တောင်တန်းဒေသများ ကျင့်သုံးပိုင်ခွင့်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ခြင်းကိုမည် သည့်အခါမျှ ဆုံးရှုံးခြင်းမရှိစေရဆိုသည့်အချက်နှင့် အသစ်ထူထောင်မည့် ပြည်ထောင်စုတွင် အဖွဲ့ဝင် ပြည်နယ်များ အားလုံး (ဝါ) တောင်တန်းဒေသများတွင် ဒီမိုကရေစီစနစ် ကျင့်သုံးရမည်ဟူသော အချက်တို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖျက်ခဲ့ဟု NUGက အသိပေးသည်။

စစ်ခေါင်းဆောင်များသည် ပြည်ထောင်စုရှမ်းပြည်အတွင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့် တစ်မျိုးကြားတွင် ပဋိ ပက္ခများ ဖန်တီးပြီး သပ်လျှိုသွေးခွဲသည့်ဗျူဟာကို ကျင့်သုံး၍ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို လျစ်လျူရှုကာ အကြွင်းမဲ့စစ်အာဏာရှင်ဝါဒကို ယခုလက်ရှိအချိန် ထိ အကြမ်းဖက် သွတ်သွင်းခဲ့သည်ကိုလည်း အားလုံးသိရှိပြီးဖြစ်ကြောင်း သဝဏ်လွှာ၌ ဖော်ပြသည်။

ရှမ်းအမျိုးသားတော်လှန်ရေးလှုပ်ရှားမှုများသည် လွပ်လပ်ရေးရပြီးချိန်မှစ၍ ပြည်သူ့နွေဦး တော်လှန်ရေးအထိတိုင်အောင် ပါဝင်နေကြသည့် ပြည်သူလူထု နှင့် တော်လှန်ရေးမဟာမိတ်များကြား တွင် စိတ်ခွန်အားများ တိုးပွားစေခဲ့ကြောင်း၊ ဒီမိုကရေစီအရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့အတွက် တိုက်ပွဲဝင်ခဲ့ကြသော ခေတ်အဆက်ဆက် ရှမ်းတိုင်းရင်းသားခေါင်းဆာင်များနှင့် ယခုလက်ရှိနွေဦး တော်လှန်ရေးအတွင်း အသက်၊ သွေး၊ ချွေး စတေး၍ ပေးဆပ်ခဲ့သော ရှမ်းအမျိုးသားသူရဲကောင်း အပေါင်းအားလည်း အမျိုးသားညီညွတ်ရေးအစိုးရက လေးမြတ်စွာ ဂုဏ်ပြုဦးညွတ် မှတ်တမ်း တင်ထားမည်ဖြစ်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

(၇၈)နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားသို့ RCSS ဉက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ကလည်း သဝဏ်လွှာပေးပို့ခဲ့ရာ RCSS အနေဖြင့် ပြဿနာများကို ဆွေးနွေးခြင်းနည်း လမ်းဖြင့် ဖြေရှင်းနိုင်ရေး ပေါ်လစီချမှတ်ထား၍ အဖွဲ့တိုင်းနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေးကို အမြဲတမ်း တံခါးဖွင့်ထားဟု ပြောကြားခဲ့သည်။

“အနာဂတ်ကာလမှာ သျှမ်းပြည်ဟာ သျှမ်းပြည်တိုင်းသားရင်းများ စုပေါင်းတည်ထောင်တဲ့ ပြည်ထောင်စုသျှမ်းပြည်အဖြစ် တည်ဆောက်ရမှာဖြစ်ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံဟာလည်း လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။သျှမ်းပြည် တိုင်းရင်းသားများ၊ သျှမ်းပြည်အဖွဲ့အစည်းများ အနေဖြင့် မိမိတို့ အချင်းချင်း၏ ကောင်းကျိုးကိုကြည့်ပြီး တွေ့ဆုံ ဆွေးနွေးခြင်းနည်းလမ်းနဲ့ ပြဿနာများကို ဖြေရှင်းနိုင်ပါစေကြောင်း မိမိအနေဖြင့် တိုက်တွန်းလိုပါတယ်”ဟု RCSS ဥက္ကဌက ပြောကြားသည်။

တဖက်တွင် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တို့အနေဖြင့် အာဏာသိမ်း စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သည့် အဖွဲ့များ ဖြစ်သကဲ့သို့ လက်ရှိ စစ်တပ်အာဏာသိမ်းမှု ၄နှစ်တာအတွင်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်သည့် တိုက်ပွဲများ သိသိသာသာ မတွေ့ရဘဲ SSPPနှင့် RCSS အချင်းချင်းအကြား ပြဿနာများ ပဋပက္ခများနှင့် တိုက်ပွဲအချို့ ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ခိုလမ်ဒေသ ခိုအွတ်ကျေးရွာအုပ်စု ဝမ့်နန်းကျေးရွာကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့အဖွဲ့ ရောက်ရှိပြီး ဒေသခံတွေနဲ့ တွေ့ဆုံစဉ် စစ်တပ်က တိုက်လေယာဉ်နဲ့ အနီးကပ်ပျံသန်းခြိမ်းခြောက်ခဲ့ကြောင်း RCSSက ဒီကနေ့ မေလ ၂၈ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်း(သျှမ်း)လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ရှမ်းလူထုတွေရဲ့တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ လူမှုဘဝလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးတဲ့ အဖွဲ့အစည်းဖြစ်ပေမယ့် ယနေ့အချိန် အခါမှာ ရှမ်းလူထုတွေ မတရားဖိနှိပ်အနိုင်ကျင့်ခံနေရတာကို သိမြင်နေလျက် မည်သည့် ရှမ်းလက်နက်ကိုင်အဖွဲ့ကမှ ထိရောက်တဲ့ ကာကွယ်စောင့်ရျောက်မှု ပေးနိုင်ခြင်းမရှိဟု ရှမ်းလူငယ်နေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သတင်း

ရှမ်းပြည်အတွင်းရှိ တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူတရပ်လုံးအနေနဲ့ စည်းလုံးညီညွတ်မှုကို ရှေ့တန်းတင်ကာ ဘုံရန်သူကို အတူတကွ တိုက်ထုတ် သွားကြပါစို့ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်တပ်က အာဏာသိမ်းခဲ့လို့ တိုင်းပြည်အတွင်း နိုင်ငံရေး ရှုပ်ထွေးမှုတွေ အကျပ်အတည်းတွေ ထပ်မံ ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။