Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းအပတ်စဉ်လေးခုအတွက် ကလေးမြို့မှ လူငယ် ၂၀၀ခန့် ဖမ်းဆီးခံရ

စစ်ကောင်စီတပ်က စစ်မှုထမ်းအပတ်စဉ်လေးခုအတွက် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ လူငယ် ၁၈၅ဦး ဖမ်းဆီးသွားကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက အသိပေးထုတ်ပြန် သည်။

လူငယ်အများအပြားဖမ်းဆီးခံရသည့် ကလေးမြို့လယ်တနေရာအား တွေ့ရစဉ်။(ဓာတ်ပုံ - CJ) 

ကဖေး/People’s Spring

စစ်ကောင်စီတပ်က စစ်မှုထမ်းအပတ်စဉ်လေးခုအတွက် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ လူငယ် ၁၈၅ဦး ဖမ်းဆီးသွားကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက အသိပေးထုတ်ပြန် သည်။

အဆိုပါမြို့ခံသူငယ်များကို စစ်မှုထမ်းအပတ်စဉ် (၆၊၇၊၈၊၉)အတွက် ဖမ်းဆီးသွားခြင်းဆိုသွားခြင်းဟုဆိုသည်။ ပြီးခဲ့သည့်ဇန်နဝါရီနှင့် ဖေဖော်ဝါရီအတွင်း စာရင်းကောက်ယူထားခြင်းဖြစ်ပြီး အဆိုပါအရေအတွက်ထက်များနိုင်ကြောင်း အသိပေးထားသည်။

“ဟိုတစ်ပတ်က လူငယ် ၃၀ကျော်လောက်ပါသွားတယ်။ နေ့ခင်းကို ဂိတ်တွေတားပြီး ဘဲအင်း၊ ပင်လုံ၊တာဟန်းရပ်ကွက်ရယ်က လူငယ်တွေ ဖမ်းသွားတာ။ စစ်တပ်က မြို့ကို တောက်လျှောက်ပိတ်ထားတာ။ အပြင်ကိုထွက်ဖို့က သိပ်မလွယ်တော့ဘူး”ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ဇန်နဝါရီ ၁ရက်တွင် ဆိုက်ဘာလုံခြုံရေးဥပဒေပြဌာန်းခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း စစ်ကောင်စီ ထိန်းချုပ်သည့် ဒေသများ၌ ဖုန်းများအားစစ်ဆေးကာ အကြောင်းပြချက်မခိုင်လုံသည့် စွပ်စွဲချက်များဖြင့် လူငယ်အများအပြား ဖမ်းဆီးနေကြောင်း၊ ကလေးဒေသအတွင်းရှိ မြို့ပြလူနေရပ်ကွက်များသာမက ဘာသာရေးအဆောက်အုံ ပရဝုဏ်များအထိပါ လူငယ်များအား အကြောင်းမဲ့ဖမ်းဆီးသည့်ဖြစ်စဉ်များ ပိုမိုတွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ကလေးမြို့ဒေသခံလူငယ်များအနေဖြင့် ညအချိန်မတော် နေအိမ်ပြင်ပသွားလာခြင်းများ၊ မလိုအပ်ဘဲပျော်ပွဲ၊ရွှင်ပွဲနှင့် ခရီးထွက်သွားခြင်းများကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြရန်၊ စစ်ကောင်စီအဖွဲ့ဝင်တို့၏ လှုပ်ရှားသွားမှုများ မျက်ခြေမပျက်အကဲခတ်ပြီး ကြိုတင်ရှောင်ရှားကြရန်၊ နေအိမ်ပြင်ပသွားလာမည်ဆိုပါက စစ်ကောင်စီအဖွဲ့ဝင်တို့၏နေရာများကို အတတ်နိုင်ဆုံးရှောင်ကွင်း၍ ဖုန်းအတွင်းမှ VPN App အပါအဝင် ဖျက်သင့်ဖျက်ထိုက်သည်များ ကြိုတင်ဖျက်ထားရန်ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးမှုများလုပ်ဆောင်နေ၍ တော်လှန်ရေးအင်အားသူများ ထိန်းချုပ်ထားသည့်နေရာများသို့ လာရောက်တိမ်းရှောင်ရန် ကလေးမြို့မှ ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

“ရွာဘက်တွေကိုလာခဲ့။ ဒီမှာလုပ်စားလည်းရတယ်။ မြို့ပေါ်မှာဆိုအရမ်းအန္တရာယ်များတယ်”ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံရသည့်လူငယ်အချို့သည် ကျပ်သိန်းရာချီပေး၍ ပြန်ရွေးယူရသည်ဖြစ်စဉ်များရှိခဲ့ကြောင်း မြိုခံများက ပြောသည်။

စစ်ကောင်စီသည် နိုင်ငံတဝန်းမြို့နယ်အများပြားတွင် စစ်မှုထမ်းဥပဒေအကြောင်းပြ၍ လူငယ်များအားဖမ်းဆီးမှုများ ပိုမိုပြုလုပ်လာသည်။ပြီးခဲ့သည့် ဇန်နဝါရီက မန္တလေးမြို့တွင် လူငယ် ၂၃၇ ဦး ထက်မနည်းမှာ စစ်‌‌ကောင်စီ၏ ‌ပေါ်တာဆွဲဖမ်းဆီးခြင်းခံခဲ့ရကြောင်း မန္တလေးလူထုသပိတ်အင်အားစုက ထုတ်ပြန်ထားသည်။

ယခုနှစ် ဇန်နဝါရီ ၂၃ရက်က ပြည်သူ့စစ်မှုထမ်း နည်းဥပဒေကို စစ်ကောင်စီက ထုတ်ပြန်ရာတွင်လည်း လူငယ်များကို ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်း၊အရွယ် ရောက်သူအားလုံး စစ်မှုထမ်းရမည့် စစ်စည်းရုံးအမိန့် အပါအဝင် Non CDM ဝန်ထမ်းများ ပါစစ်မှုထမ်းရမည်ဟု ဖော်ပြထားသည်။

လက်ရှိတွင် အသက် ၁၈နှစ်မှ ၃၅ နှစ်အတွင်း လူငယ်များကို အဓမ္မစစ်မှုထမ်းခိုင်သည့် သင်တန်းအ ပတ်စဥ်(၉) စစ်ကောင်စီက စတင်နေပြီး ရန်ကုန်အပါအဝင် မြို့ကြီးအချို့တွင် စစ်မှုထမ်းရမည့် အမျိုးသမီးစာရင်းကို ကောက်ခံမှုများလည်း ရှိလာသည်။

ကရင်ပြည်နယ် ​ဒေါန​တောင်တွင် ပိတ်မိ​နေ​သော ​အောင်​ဇေယျ စစ်​ကြောင်းတွင်လည်း စစ်​ကောင်စီက သင်တန်းဆင်းစစ်သားအများအပြားပို့ခဲ့ပြီး သင်တန်းအမှတ်စဥ်(၆)မှစစ်သားသစ် ၆၀၀ကို ​စေလွှတ်ခဲ့​ကြောင်း ​ကော်ဘရာစစ်​​ကြောင်း စစ်ဆင်​ရေးမှူး ဗိုလ်မှူးဒါ​ဘောက​ လူထုနွေဦးသို့ ပြောသည်။

သင်တန်းဆင်းစစ်သားများအပါအဝင် စစ်သားများမှာ ​​တော်လှန်တပ်များထံ ဆက်တိုက် အလံဖြူ​ထောင်အလင်းဝင်​နေ​ကြောင်းလည်း ဗိုလ်မှူး ဒါ​ဘောက​ပြောသည်။​ကော်ဘရာစစ်​ကြောင်းမှာပင် ၈ လ​ကျော်အတွင်းစစ်သား ၆၀ ခန့် အလင်းဝင်ခဲ့​ကြောင်း၎င်းက​ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။