Connect with us

Hi, what are you looking for?

သတင်း

ရမခယာယီဌာနချုပ်မိုင်းရယ်မြို့တွင် ကျားဖြန့်ရုံအများအပြားရှိနေ

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို ယာယီအနေဖြင့် စစ်ကောင်စီဖွဲ့စည်းထားသည့် မိုင်းရယ်မြို့၌ ထားရှိရာ အဆိုပါမြို့ရှိ ကျားဖြန့်ရုံအချို့ကို စစ်ကောင်စီတပ်ကဝင်ရောက်ဖမ်းစီစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တရုတ်နှင့် ဗီယက်နမ်နိုင်ငံသားများအပါအဝင် ၈‌၀ကျော်ဖမ်းမကြောင်း သတင်းရရှိသည်။

မိုင်းရယ်မြို့မဈေးအား တွေ့ရစဉ်။ ဓာတ်ပုံ - စကစ

■ရုံအချို့ကို စစ်ကောင်စီဝင်ဖမ်း၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံသားများ ဖမ်းမိ

ကဖေး/People’s Spring

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို ယာယီအနေဖြင့် စစ်ကောင်စီဖွဲ့စည်းထားသည့် မိုင်းရယ်မြို့၌ ထားရှိရာ အဆိုပါမြို့ရှိ ကျားဖြန့်ရုံအချို့ကို စစ်ကောင်စီတပ်ကဝင်ရောက်ဖမ်းစီစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တရုတ်နှင့် ဗီယက်နမ်နိုင်ငံသားများအပါအဝင် ၈‌၀ကျော်ဖမ်းမကြောင်း သတင်းရရှိသည်။

” အဲဒီ ကျားဖြန့်ရုံတွေက မဖြစ်မနေဖို့လို့ ဝင်ဖမ်းရတာ။ လုံခြုံရေးစောင့်တဲ့ ပြည်သူ့စစ်အဖွဲ့က ပြန်ပစ်လို့တိုက်ပွဲဖြစ်သေးတယ်။ ဆူညံနေတာပဲ” ဟု မိုင်းရယ်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မိုင်းရယ်မြို့နယ်၊ နောင်ဟန်ကျေးရွာအနီးရှိ ကျားဖြန့်ရုံအချိို့ကို ဖေဖော်ဝါရီ ၅ရက်၊ ၆ရက်နှင့် ၇ရက်တို့တွင် စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခြင်း ဖြစ်သည်။ အဆိုပါ ကျားဖြန့်ရုံများအပါအဝင် မိုင်းရယ်မြို့၌ ကျားဖြန့်ရုံအများအပြားရှိနေပြီး ယာယီရမခဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မြင့်ကျော်ထွန်းက ခွင့်ပြုထားခဲ့သည့် လုပ်ငန်းများဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။

” ရှမ်းမြောက်ပြီးတော့ အခုမြဝတီကို ကျားဖြန့်နှိမ်နှင်းမယ်ဆိုတော့ အဖမ်းပြနေတဲ့သဘောပဲ။ တိုင်းစစ်ဌာနချုပ်တောင် ပြောင်းဖွင့်ထားတဲ့နေရာတွေဗျာ။ အပ်ကျတာကအစ ဒီကောင်တွေသိတယ်။ အခုက တရုတ်ကြီးဆီကို ဖားပြီးဖမ်းပြနေတာ”ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။

သုံးရက်ဆက်ဖမ်းဆီးမှုများအတွင်း တရုတ်နိုင်ငံသား ၂၉ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၈ ဦးနှင့် မြန်မာနိုင်ငံသား ၄၀ကျော် ဖမ်းမိထားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးမှုများ၌ လက်နက်ခဲယမ်းများအပြင် ကျားဖြန့်လုပ်ငန်းသုံး ဖုန်း၊ လက်တော့နှင့် WiFi စက်များ သိမ်းဆည်းနိုင်ခဲ့ကြောင်း စစ်ကောင်စီကသတင်းထုတ်ပြန်ထားသည်။

တရုတ်နှင့် ဗီယက်နမ်နိုင်ငံသားများအား သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်ပို့မည်ဟု ဆိုထား သည်။

ပြီးခဲ့သည့် ၂၀၂၄ ဇူလိုင်က လားရှိုးမြို့ကို ကိုးကန့်တပ် MNDAAက စတင်တိုက်ခိုက်ပြီး ရမခကို သိမ်းယူခဲ့သည်။ ရမခတိုင်းမှူးဗိုလ်ချုပ်စိုးတင့်ကို MNDAAက ဖမ်းဆီးခဲ့သည်။

ရမခတိုင်းမှူးအဖြစ် မူဆယ်မြို့အ‌ခြေစိုက်တပ်မ(၉၉)တပ်မမှူး ဗိုလ်ချုပ် စိုးလှိုင်ကို စစ်ကောင်စီက အစားထိုးခဲ့သည်။ ဗိုလ်ချုပ်စိုးလှိုင်သည် မူဆယ်၌ပင် ဆက်လက်ရှိနေစဉ် ၎င်းအား ထပ်မံထုတ်ပယ်ပြီး ရမခအား မိုင်းရယ်မြို့တွင် ယာယီပြန်ဖွဲ့စည်းသည်။

စစ်ကောင်စီတပ်လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှ ဒုတိယလေ့ကျင့်ရေးအရာရှိချုပ်ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို ရမခတိုင်းမှူးအဖြစ် တာဝန်ပေးခဲ့သည်။

မိုင်းရယ်မြို့တွင် ရမခဌာနချုပ်ယာယီဖွင့်ပြီးနောက် ကျားဖြန့်လုပ်ငန်းများပိုမိုများပြားလာပြီး ယခုအခါ တရုတ်နိုင်ငံ၏ဖိအားကြောင့် လိုက်လံဖမ်းဆီးနေခြင်းဟု ဒေသခံများက ပြောသည်။

လက်ရှိအချိန်တွင် တရုတ်နိုင်ငံသားအများအပြားရှိနေသည့် မြန်မာနှင့်ထိုင်းနယ်စပ်မှ ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းနိုင်ရေးအတွက် တရုတ်က ထိုင်းအစိုးရနှင့် အရှိန်မြှင့်လုပ်ဆောင်နေသည်။

“ပိုက်ဆံယူပြီး ကျားဖြန့်တရုတ်တွေ အများကြီးကို လွှတ်ပေးလိုက်တယ်။ တစ်ရာကျော်တယ်။ အခု ဖမ်းမိတယ်ဆိုပြီးပြတဲ့စာရင်းက ဖော်ရှိုး”ဟု မိုင်းရယ်ဒေသခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိမ် ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်တွေကြောင့် ယူကရိန်း အစိုးရ ရှေ့နေချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေ​​သတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH...

နိုင်ငံတကာ

တစ်နှစ်အတွင်း ဆိုက်ဘာ ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းပေါင်း ၇၀၀ ကျော်ကို ဖြိုခွင်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။