Connect with us

Hi, what are you looking for?

သတင်း

မဲပလီဗျူဟာမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သား ၁၉ ဦး KNU ပူးပေါင်းတပ် ဖမ်းမိ

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေရှိ ဘီးလင်းမြို့နယ် မဲပလီကျေးရွာအခြေစိုက် စစ်ကောင်စီဗျူဟာစခန်းမှ ထွက်ပြေးသွားသည့် တပ်ဖွဲ့ဝင် ၁၉ဦးကို ဖမ်းဆီးရရှိထားကြောင်း မဲပလီစခန်းသိမ်းတိုက်ပွဲ၌ ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ် တစ်ဦးကအတည်ပြုသည်။

မဲပလီစခန်းမှ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများနှင့် သိမ်းရသော လက်နက်များ။ ဓာတ်ပုံ - KNLA

▪️မဲပလီစခန်း စစ်ဆင်ရေးမှ စစ်သုံ့ပန်း ၅၀နီးပါးဖမ်းမိထား

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေရှိ ဘီးလင်းမြို့နယ် မဲပလီကျေးရွာအခြေစိုက် စစ်ကောင်စီဗျူဟာစခန်းမှ ထွက်ပြေးသွားသည့် တပ်ဖွဲ့ဝင် ၁၉ဦးကို ဖမ်းဆီးရရှိထားကြောင်း မဲပလီစခန်းသိမ်းတိုက်ပွဲ၌ ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ် တစ်ဦးကအတည်ပြုသည်။

မဲပလီဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်က ဖေဖော်ဝါရီ ၁ရက်နံနက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နာရီ အနည်းငယ်အကြာတွင် စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံပမ်းနှင့် လက်နက်ခဲယမ်းများလည်း ရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

မဲပလီစခန်းမှ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများနှင့် သိမ်းရသော လက်နက်များ။ ဓာတ်ပုံ – KNLA

အဆိုပါ ဗျူဟာစခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများလည်းရှိရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ဦးကို ဖမ်းမိထားကြောင်း သထုံ(ဒူးသထူ)ခရိုင် ဥက္ကဋ္ဌ ပဒိုစိုးမြင့် ပြောကြားချက်ကို ကိုးကားပြီး ကေအိုင်စီ သတင်းဌာနက ဖော်ပြသည်။

ယင်းနှင့်ပတ်သက်၍ တော်လှန်ရေးတပ်ဖွဲ့ မှ သတင်းရင်းမြစ်တစ်ဦးက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံဖမ်းဆီးနိုင်မှု မှန်ကန်ကြောင်း အတည်ပြုပေးသည်။

“ဒါပေမဲ့ တိုက်ပွဲဖြစ်ချိန် အတိအကျ လက်နက်ရရှိမှု မသိရသေးလို့ပါ”ဟု သတင်းရင်းမြစ်က ပြောသည်။

အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် နည်းဗျူဟာ (၂)ဗိုလ်မှူးကြီး သက်လွင်ဦးနှင့် အမှတ် (၄၀၅) ခြေမြန်တပ်ရင်းတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုင်းသူရဌေး ဦးစီးအခြေစိုက်ထားသည့် မဲပလီစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က ဗိုလ်မှူး ၁ဦး၊ ဗိုလ်ကြီး ၁ဦး အပါအဝင် ၂၉ ဦးသေဆုံးကာ ဗိုလ်ကြီး ၁ဦး အပါအဝင် ၂၉ဦး အရှင်ဖမ်းမိထားကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ယခု စစ်သုံပန်း၁၉ဦး ထပ်မံဖမ်းဆီးရရှိခဲ့၍ မဲပလီစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးကို အရှင်ဖမ်းမိနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အဆိုပါစခန်းမှ ဟောင်ဝစ်ဇာအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် စုစုပေါင်း (၄၂) လက်နှင့် ကျည်၊ ခဲယမ်းများ သိမ်းရထားကြောင်း KNUက အသိပေးသည်။

ယနေ့ ကေအိုင်စီက ဖော်ပြသည့် သတင်းတွင်လည်း စစ်ကောင်စီတပ်ထံမှ လက်နက်ငယ်များ သိမ်းပိုက်ရရှိထားသည့် မှတ်တမ်းကို တွေ့ရသည်။ ဓာတ်ပုံပါအရ လက်နက်ငယ် ၁၂လက်ထက်မနည်းသိမ်းရခဲ့ခြင်းဖြစ်၍ မဲပလီ စခန်းမှ လက်နက်မျိုးစုံ ၅၄လက်ထက်မနည်း သိမ်းရခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲတွင် ဗျူဟာမှူးနှင့် တပ်ရင်းမှူးများလည်း ပါဝင်ကြောင်း သတင်းရင်းမြစ်အချို့က ပြောကြားထားရာ ယခု ဖမ်းမိစစ်သုံ့ပမ်းများ၌ အဆိုပါ အရာရှိများ ပါမပါ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

မဲပလီစခန်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ထပ်မံ ဖမ်းမိခဲ့ခြင်းနှင့်ပတ်သက်၍ သထုံခရိုင် တပ်မဟာ(၁) တာဝန်ရှိသူ ၁ဦးကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် နဲ့ MNDAAတို့ လားရှိုးမြို့မှာ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို စစ်သုံ့ပန်း ၁၀၀ ခန့်ကိုလည်း MNDAAက ပြန်လွှဲပေးလိုက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။

သတင်း

စစ်ဆိုင်ထားတဲ့နေရာတွေကနေ စစ်ကောင်စီတပ်သား ၄ဦး အလင်း၀င်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်အစပ် မိုးဗြဲမြို့အနီးမှာ ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း လက်နက်ခဲယမ်းတချို့နဲ့ စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ပြပြောက်ကျားတပ် Urban Task Force Aung Ban - UTF က ဒီကနေ့ဇွန်လ ၂၉ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။