Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းကာလအတွင်း အရပ်သားနေအိမ်တစ်သိန်းကျော် စစ်​ကောင်စီတပ်မီးရှို့ဖျက်ဆီး

စစ်ကောင်စီအာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်ကာလအတွင်းအရပ်သားနေအိမ်တစ်သိန်းကျော် မီးရှို့ဖျက်ဆီးခံရကြောင်း Data for Myanmar အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ရှိမ်းမကားရွာသစ်ရှိ နေအိမ်များအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓါတ်ပုံ- Wetlet Informational Network

ရူပါ/People’s Spring

စစ်ကောင်စီအာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်ကာလအတွင်းအရပ်သားနေအိမ်တစ်သိန်းကျော် မီးရှို့ဖျက်ဆီးခံရကြောင်း Data for Myanmar အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် မေလ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်အထိ စစ်ကောင်စီအာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်ကာလအတွင်း မီးရှို့ဖျက်ဆီးမှုတွေကြောင့်အရပ်သားနေအိမ်ပေါင်း ၁၀၆၉၅၀ လုံး ပျက်စီးခဲ့ကြောင်း Data for Myanmar အဖွဲ့က အသိပေးပါတယ်။

စစ်ကောင်စီတပ်နဲ့လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုများကြောင့် အရပ်သားနေအိမ်ပေါင်း ၁၀၃၁၁၀ လုံး ပျက်စီးခဲ့တယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ မေလအတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ အရပ် သားနေအိမ်ပေါင်း ၃၈၄၀ အတွက် ကျူးလွန်တဲ့အဖွဲ့အစည်းကို အတည်မပြုနိုင်သေးဘူးလို့ Data for Myanmar အဖွဲ့က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်၊ ပဲခူးတိုင်းအနောက်ခြမ်း၊ မန္တလေးတိုင်း၊ တနင်္သါရီတိုင်းနဲ့ မွန်ပြည်နယ်က အရပ်သားနေအိမ်ပေါင်း ၅၄၁လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်းမှာပဲ ဘုတလင်မြို့နယ်၊ စီပါရွာက နေအိမ်ပေါင်း ၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး ထိုလအတွင်း မီးရှို့ခံရတဲ့ကျေးရွာများအနက် အများဆုံးဖြစ်တယ်လို့ Data for Myanmar က ထပ်မံအသိပေးပါတယ်။

အဲဒီအထဲမှာ စစ်ကိုင်းတိုင်းဟာ ၇၄၄၁၉ လုံး မီးရှို့ဖျက်ဆီးခံရပြီး တစ်နိုင်ငံလုံး မီးရှို့ဖျက်ဆီးခံရတဲ့အရေအတွက်ရဲ့ ၆၉ ရာခိုင်နှုန်းရှိတယ်လို့ Data for Myanmar က ဖော်ပြပါတယ်။

Data for Myanmar ရဲ့ထုတ်ပြန်ချက်မှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာ၊ ဒီဇင်ဘာနဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအခြေအနေတွေ မပါဝင်သေးပါဘူး။ အဲဒီလတွေမှာလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အရှေ့ခြမ်း ရှိမ္မကားရွာ၊ ရွာသစ်ရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောပါတယ်။

အလားတူ ဖေဖော်ဝါရီ ၁၀ ရက်က မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ မကျီးစင်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ပြီး နေအိမ် ၃၀ ခန့်ကို မီးရှို့ကာ ပြည်သူ အမျိုးသား ၁ ဦးကိုပါ မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောပါတယ်။

မကွေးတိုင်းမှာပဲ ဖေဖော်ဝါရီ ၉ ရက်က စလင်းမြို့နယ်၊ အုန်းတောကျေးရွာကို စစ်တပ်က မီးရှို့ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ​ဖေ​ဖော်ဝါရီလက​နေ ၂၀၂၅ ဇန်နဝါရီလ အထိ ​လေးနှစ်ခန့်အတွင်း မှာ ပြည်သူ​တွေရဲ့နေအိမ်ပေါင်း တစ်သိန်းတစ်​သောင်း​ (၁၁၃,၁၀၄ )ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က​ဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၌ အများဆုံးမှာ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ရေမျက်နီရွာဖြစ်စဥ်ဖြစ်ပြီး ဧပြီ ၃ ရက် နေ့လယ်ပိုင်းက မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ကာ အိမ်ခြေ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့သည်။

သတင်း

စစ်ကောင်စီတပ်သားများနှင့် အပေါင်းအပါများကျူးလွန်သော ကျေးရွာတည်နေရာ လက်တီကျု၊ လောင်ဂျီကျု အမှတ်အသား များကိုလည်း Data For Myanmar က အတိအကျဖော်ပြသည်။

သတင်း

စစ်ကောင်စီတပ်သည် ပြည်သူ့စစ်မဟာဗျူဟာဟု မကြာခဏပြောဆိုကာ လုပ်ဆောင်ခြင်းဖြစ်သော်လည်း ပြည်သူလူထုက ပူးပေါင်းဆောင်ရွက်ခြင်းမရှိသလို ထောက်ခံမှုလည်း မရှိကြောင်း ဒေသခံအချို့က ပြောသည်။