Connect with us

Hi, what are you looking for?

သတင်း

အကယ်ဒမီရုပ်ကမ်ပိန်းအတွက် တစ်တော့ပ်အကောင့်ဖြင့်ငွေလိမ်ကောက်ခံနေ

စစ်ရှောင်တွေကို ကူညီဖို့အတွက်ပြုလုပ်နေတဲ့ တော်လှန်အနုပညာရှင် ပိုင်ဖြိုးသုရဲ့ အကယ်ဒ မီရုပ်ကမ်ပိန်းကို တစ်တော့ပ်အကောင့်အတုနဲ့ လိမ်လည်နေတယ်လို့ Artists’ Shelter ကအသိ ပေးထားပါတယ်။

ဆဏ်း / People’s Spring

စစ်ရှောင်တွေကို ကူညီဖို့အတွက်ပြုလုပ်နေတဲ့ တော်လှန်အနုပညာရှင် ပိုင်ဖြိုးသုရဲ့ အကယ်ဒ မီရုပ်ကမ်ပိန်းကို တစ်တော့ပ်အကောင့်အတုနဲ့ လိမ်လည်နေတယ်လို့ Artists’ Shelter ကအသိ ပေးထားပါတယ်။

“အကယ်ဒမီရုပ်”ကမ်ပိန်းအတွက် မည်သူတဦးတယောက်ကိုမှ Tiktok မှာ ငွေကောက်ခံဖို့ခွင့်ပြုထားခြင်းမရှိပါဘူး။ အောက်ဖော်ပြပါ Linkမှာရှိတဲ့ နိုင်ငံတကာက Fundraiser များထံမှသာလျှင် ယုကြည်စိတ်ချစွာဖြင့် ပါဝင်ထောက်ပံ့နိုင်မှာဖြစ်ပါတယ်။” လို့ Artists’ Shelter က ဖေဖော်ဝါရီ ၁၃ ရက်မှာ ကြေညာထားတာပါ။

တစ်တော့ပ်အကောင့်နာမည်ကို ပိုင်ဖြိုးသုနာမည်ကိုသုံးပြီး ပရိုဖိုင်ကို အကယ်ဒမီရုပ်ကမ်ပိန်းက ဓာတ်ပုံကိုယူသုံးထားတာဖြစ်ပါတယ်။ အကောင့်မှာ Follower ၈သောင်းခန့်ရှိပြီး Like ပြုလုပ်ထားသူ ၇သိန်းခွဲကျော်ရှိပါတယ်။(@paingphyoethu007)

Public Service Announcement

Public Service Announcement

အဲဒီ့တစ်တော့ပ်အကောင့်မှာ အကယ်ဒမီရုပ်ကမ်ပိန်းက ဓာတ်ပုံနဲ့ဗီဒီယိုတွေကို ယူသုံးထားပြီး ဖေဖော်ဝါ ရီ ၁၂ ရက်မှာ စတင်ခဲ့တာဖြစ်ပါတယ်။

အဲဒီ့တစ်တော့ပ်အကောင့်ကို အသုံးပြုသူက အလှူပါဝင်ချင်ရင် တစ်တော့ပ်အကောင့်ရဲ့ မက်ဆေ့ခ်ျကိုလာဖို့ မှတ်ချက်ပေးထားတာတွေ့ရပါတယ်။

ပိုင်ဖြိုးသုရဲ့ အကယ်ဒမီရုပ်ကမ်ပိန်းကို ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀ ရက်အထိပြုလုပ်နေတာဖြစ်ပြီး လက်မှတ်ဝယ်ယူနိုင်မယ့် နေရာတွေကို ဒီလင့်ခ်(https://www.facebook.com/share/p/18Wuqm5gZj/) မှာကြည့်ရှုနိုင်ပါတယ်။

လက်မှတ်တန်ဖိုးသတ်မှတ်ထားတာမရှိပဲ ကိုယ်တတ်နိုင်တဲ့ပမာဏနဲ့ ပါဝင်နိုင်ပြီး ဖေဖော်ဝါရီ ၂၁ ရက်မှာ ပိုင်ဖြိုးသုကိုယ်တိုင်မဲနှိုက်ရွေးချယ်ပေးမှာပါ။

ဆုတွေအနေနဲ့ ပထမဆုကို ‌ရွှေတစ်ကျပ်သားကြယ်ပါဝင်တဲ့ ပိုင်ဖြိုးသုရဲ့ အကယ်ဒမီရုပ်ထု၊ ဒုတိယဆုကို ပိုင်ဖြိုးသုရဲ့လက်မှတ်ပုံပါတဲ့ရွှေဆွဲကြိုးနဲ့ တတိယဆုကို တွယ်ချိတ်ပုံရွှေနားကပ် သုံးဆု ပေးအပ်သွားမှာဖြစ်ပါတယ်။

ဒီကမ်ပိန်းကရရှိလာတဲ့ငွေတွေကို စစ်ဘေးရှောင်တွေအတွက် ကူညီပေးသွားမှာဖြစ်ပြီး လက်ရှိမှာတော့စင်ကာပူနိုင်ငံက လက်မှတ်ဝယ်ယူမှုအများဆုံးဖြစ်တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

“What Happened to the Wolf?” ရုပ်ရှင်ကို နိုင်ငံ ၉ နိုင်ငံက ပရိသတ် နှစ်သောင်းကျော်ကို ပြသနိုင်ခဲ့ပြီး 24FM ကနေ မကြာခင်ပြသဖို့ စီစဉ်ထားတယ်လို့ ဒါရိုက်တာ ဏကြီးက ပြောပါတယ်။

သတင်း

စင်ကာပူနိုင်ငံမှာ ရုံတင်ပြသတဲ့“What happened to the wolf” ရုပ်ရှင်ကို ပရိသတ်တွေ ရုံအပြည့် လာရောက်အားပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း သရုပ်ဆောင် ပိုင်ဖြိုးသုက ပြောပါတယ်။

သတင်း

တော်လှန်အနုပညာရှင် ပိုင်ဖြိုးသုရဲ့ အကယ်ဒမီရုပ်ကမ်ပိန်းကရရှိတဲ့ငွေတွေကို မြေပြင် အဖွဲ့ ၁၀၀ ကျော် လှူဒါန်းနိုင်ခဲ့တယ်လို့ Artists' Shelter က အသိပေးထားပါတယ်။

သတင်း

စစ်ဘေးရှောင်တွေအတွက် တန်ဖိုးထားရတဲ့ အကယ်ဒမီရုပ်ကို ကမ်ပိန်းပြုလုပ်တဲ့ တော်လှန်အနုပညာရှင်ပိုင်ဖြိုးသုရဲ့ ကမ်ပိန်းက အမေရိကန်ဒေါ်လာ နှစ်သိန်းကိုးသောင်းကျော်ရရှိခဲ့ပါတယ်။