Connect with us

Hi, what are you looking for?

သတင်း

ကလေးတောင်ပိုင်းရှိ ကမ်းပါးနီစစ်စခန်းကို တော်လှန်ရေးအဖွဲ့များသိမ်းပိုက်

ကလေးမြို့နယ်တောင်ပိုင်း၊ ကလေး-ဂန့်ဂေါလမ်းရှိ ကမ်းပါးနီ စစ်ကောင်စီတပ်စခန်းကို​တော်လှန်ရေးအဖွဲ့များက ဖေဖော်ဝါရီ ၁၃ရက်​နေ့က သိမ်းပိုက်လိုက်သည်။

ကမ်းပါးနီစခန်းသိမ်းပြီး​နောက်သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-CJ

တာရာ/People’s Spring

ကလေးမြို့နယ်တောင်ပိုင်း၊ ကလေး-ဂန့်ဂေါလမ်းရှိ ကမ်းပါးနီ စစ်ကောင်စီတပ်စခန်းကို​တော်လှန်ရေးအဖွဲ့များက ဖေဖော်ဝါရီ ၁၃ရက်​နေ့က သိမ်းပိုက်လိုက်သည်။

ကလေးမြို့နှင့်မိုင် ၃၀ကျော်ဝေးသည့် ထိုစခန်းကို တော်လှန်ရေးပူး​ပေါင်းတပ်ဖွဲ့များက ဖေဖော်ဝါရီ ၁၁ရက် စတင်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၃ရက်ည​နေပိုင်းက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ ကျော်ကိုလည်းစစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသည်ဟု စစ်ရေး သတင်းရင်းမြစ်အချို့က​ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများထံက လက်နက်အများအပြားလည်း သိမ်းဆည်းရရှိသည်ဟုလည်း အဆိုပါစစ်ရေးသတင်းအရင်းအမြစ်ကပြောသည်။ စခန်းသိမ်းပြီး​နောက် လက်နက်မျိုးစုံ ၄၀ မှ ၅၀ ​လက်အတွင်းသိမ်းဆည်းရရှိသည်ကိုလည်း သတင်းဓါတ်ပုံမှတ်တမ်းတွင်​တွေ့ရသည်။

Public Service Announcement

Public Service Announcement

သို့​သော်တိုက်ပွဲတွင် နှစ်ဖက် ထိခိုက်ကျဆုံးမှုအ​ခြေအ​နေကိုမူ မသိရ​သေး​ပေ။

“ကျန်တဲ့စကစတပ်တွေက ထွက်ပြေးသွားတယ်။ အများစုက မှန်တောရွာဘက်ကို ထွက်ပြေးသွားတယ်”ဟု ၎င်းကဆက်ပြောသည်။

ကမ်းပါးနီစခန်းသည် ကလေး-ဂန့်ဂေါ-ချင်းပြည်နယ်တို့ချိတ်ထားသည့် လမ်းပိုင်းတွင်တည်ရှိပြီး ကလေး-ဂန့်ဂေါမြို့ကြားတွင် အဓိကကျသည့်စစ်ကောင်စီစခန်း၂ ခုအနက်မှ တစ်ခုဖြစ်သည်။

စခန်းမကျစေရေးအတွက် စစ်ကောင်စီက လေကြောင်းမှ ပစ်ကူအများအပြားအသုံးပြုတိုက်ခိုက်ခဲ့​သော်လည်း လက်လွတ်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

ကမ်းပါးနီစခန်းကျသွားပြီး​နောက် ထိုစခန်းအနီးဝန်းကျင်ရှိစစ်စခန်းများကို စစ်တပ်ကအင်အားဖြည့်တင်းနေသည်ဟု ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကလေး-ကဘော်-ဂန့်ဂေါဒေသရှိ ပြည်သူများနဲ့ တစ်နိုင်ငံလုံးရှိ ပြည်သူ​တွေအနေနဲ့ ကျဆုံးလေပြီးသော အာဇာနည်အပေါင်းကို အောက်မေ့အမှတ်ရပြီး တော်လှန်ရေးပန်းတိုင်ကို ရှေးရှုကာ ဆင်နွှဲနေတဲ့ ပြည်သူ့ တော်လှန်ရေးကြီးမှာ မဆုတ်မနစ်ဇွဲလုံ့လစိုက်၍ ဆထက်ထမ်းပိုး ပံ့ပိုးပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ကြောင်းချင်းဒေသကာကွယ်ရေးတပ်-ကလေး-ကဘော်-ဂန့်ဂေါ(CDF-KKG)က ကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ မော်တော်ယာဉ် တန်းနဲ့ လာတဲ့ စစ်ကောင်စီတပ် တွေဟာ ကလေး-တီးတိန်လမ်းပိုင်း သိုင်းငင်းကတဆင့် ဖလမ်းမြို့နယ်ကို ဝင်ရောက်လာကြောင်း ချင်းညီနောင် အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ဒီကနေ့ ဇန်နဝါရီ ၂၂ရက်ညမှာ အတည်ပြုပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကလေးမြို့ နဲ့ တမူးမြို့တွေကို လားရှိူးမြို့မှာအ​ခြေစိုက်တဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)လက်အောက်ခံတပ်ရင်းတွေကို စစ်ကောင်စီကပို့ပြီး အင်အားဖြည့်တင်းနေပါတယ်။

သတင်း

ကလေးမြို့နယ်အတွင်း စက်တင်ဘာလဆန်းက ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ(၄)ဦးသေဆုံးပြီး အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် စစ်သုံ့ပန်း(၇)ဦး ဖမ်းမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသကထုတ်ပြန်သည်။