Connect with us

Hi, what are you looking for?

သတင်း

ကလေးတောင်ပိုင်းရှိ ကမ်းပါးနီစစ်စခန်းကို တော်လှန်ရေးအဖွဲ့များသိမ်းပိုက်

ကလေးမြို့နယ်တောင်ပိုင်း၊ ကလေး-ဂန့်ဂေါလမ်းရှိ ကမ်းပါးနီ စစ်ကောင်စီတပ်စခန်းကို​တော်လှန်ရေးအဖွဲ့များက ဖေဖော်ဝါရီ ၁၃ရက်​နေ့က သိမ်းပိုက်လိုက်သည်။

ကမ်းပါးနီစခန်းသိမ်းပြီး​နောက်သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-CJ

တာရာ/People’s Spring

ကလေးမြို့နယ်တောင်ပိုင်း၊ ကလေး-ဂန့်ဂေါလမ်းရှိ ကမ်းပါးနီ စစ်ကောင်စီတပ်စခန်းကို​တော်လှန်ရေးအဖွဲ့များက ဖေဖော်ဝါရီ ၁၃ရက်​နေ့က သိမ်းပိုက်လိုက်သည်။

ကလေးမြို့နှင့်မိုင် ၃၀ကျော်ဝေးသည့် ထိုစခန်းကို တော်လှန်ရေးပူး​ပေါင်းတပ်ဖွဲ့များက ဖေဖော်ဝါရီ ၁၁ရက် စတင်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၃ရက်ည​နေပိုင်းက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ ကျော်ကိုလည်းစစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသည်ဟု စစ်ရေး သတင်းရင်းမြစ်အချို့က​ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများထံက လက်နက်အများအပြားလည်း သိမ်းဆည်းရရှိသည်ဟုလည်း အဆိုပါစစ်ရေးသတင်းအရင်းအမြစ်ကပြောသည်။ စခန်းသိမ်းပြီး​နောက် လက်နက်မျိုးစုံ ၄၀ မှ ၅၀ ​လက်အတွင်းသိမ်းဆည်းရရှိသည်ကိုလည်း သတင်းဓါတ်ပုံမှတ်တမ်းတွင်​တွေ့ရသည်။

Public Service Announcement

Public Service Announcement

သို့​သော်တိုက်ပွဲတွင် နှစ်ဖက် ထိခိုက်ကျဆုံးမှုအ​ခြေအ​နေကိုမူ မသိရ​သေး​ပေ။

“ကျန်တဲ့စကစတပ်တွေက ထွက်ပြေးသွားတယ်။ အများစုက မှန်တောရွာဘက်ကို ထွက်ပြေးသွားတယ်”ဟု ၎င်းကဆက်ပြောသည်။

ကမ်းပါးနီစခန်းသည် ကလေး-ဂန့်ဂေါ-ချင်းပြည်နယ်တို့ချိတ်ထားသည့် လမ်းပိုင်းတွင်တည်ရှိပြီး ကလေး-ဂန့်ဂေါမြို့ကြားတွင် အဓိကကျသည့်စစ်ကောင်စီစခန်း၂ ခုအနက်မှ တစ်ခုဖြစ်သည်။

စခန်းမကျစေရေးအတွက် စစ်ကောင်စီက လေကြောင်းမှ ပစ်ကူအများအပြားအသုံးပြုတိုက်ခိုက်ခဲ့​သော်လည်း လက်လွတ်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

ကမ်းပါးနီစခန်းကျသွားပြီး​နောက် ထိုစခန်းအနီးဝန်းကျင်ရှိစစ်စခန်းများကို စစ်တပ်ကအင်အားဖြည့်တင်းနေသည်ဟု ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ကလေးမြို့ ကလေးအကျဉ်းထောင်အတွင်း အာဟာရပြတ်လပ်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရှိတာ၊ အာဏာပိုင်တွေက ဖိနှိပ်တာ၊ ရိက္ခာ ခေါင်းပုံဖြတ်တာတွေကြောင့် အိန္ဒိယနိုင်ငံသား အပါအဝင် အကျဉ်းသား ၇ဦး ဒီနှစ်အတွင်း သေဆုံးခဲ့ရကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကျေးရွာတစ်ရွာမှာ ​သပိတ်အင်အားစုတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲ ဒီကနေ့ (အောက်တိုဘာ ၁၀) ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကွန်ပြူတာဆိုင်ဖွင့်ထားတဲ့ နေအိမ် မီးလောင်ပြီး ဝန်ထမ်းမိန်းကလေး ၃ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။