Connect with us

Hi, what are you looking for?

သတင်း

ထိုင်း-မြန်မာ နယ်စပ် ကျားဖြန့်ဂိုဏ်းတွေ နေရာစရွှေ့နေပြီလို့ ထိုင်းမီဒီယာ ဖော်ပြ

ဘက်ပေါင်းစုံ ဖိအားတွေကြောင့် ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေဟာ စတင် နေရာရွှေ့ပြောင်းနေပြီလို့ ထိုင်းသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

ကိုးကား-The Nation /ဓါတ်ပုံ-The Nation

People’s Spring

ဘက်ပေါင်းစုံ ဖိအားတွေကြောင့် ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေဟာ စတင် နေရာရွှေ့ပြောင်းနေပြီလို့ ထိုင်းသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

ထိုင်းအစိုးရဟာ မြန်မာဖက်ခြမ်း နယ်စပ်မှာရှိတဲ့ တရုတ်နိုင်ငံသားတွေ ဦးစီးတဲ့ ကျားဖြန့်ဂိုဏ်းတွေနဲ့ ဒုစရိုက် လုပ်ငန်းတွေကို ဖိအားပေးဖို့အတွက် လျှပ်စစ်ဓာတ်အားနဲ့ အင်တာနက် အထောက်အပံ့တွေ ဖြတ်တောက်ခြင်း အပါအဝင် တင်းကျပ်တဲ့ ကိုင်တွယ်မှုတွေ အစပြုလာတာကအခုဆိုရင် ထင်ရှားသိသာတဲ့ ရလဒ်တွေကို စတင် မြင်သာလာစေတယ်လို့ The Nation သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံရဲ့ နယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမှာ မြေငှားပြီး လည်ပတ်နေတဲ့ ကျားဖြန့်ဂိုဏ်းတွေဟာ တဖြည်းဖြည်းချင်းစီရွှေ့ပြောင်း ထွက်ခွာနေပြီလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းဟာ ကျားဖြန့်ဂိုဏ်းတွေ လည်ပတ်ဖို့အဓိက လိုအပ်တဲ့ လျှပ်စစ်ဓာတ်အား၊ အင်တာနက် ကွန်ရက် အထောက်အပံ့တွေကို ဖေဖော်ဝါရီ ၅ ရက်နေ့မှာ စတင် ဖြတ်တောက်ခဲ့သလို မီးစက်တွေ လည်ပတ်နိုင်အောင် လောင်စာဆီ တင်သွင်းမှုတွေကိုပါ ပိတ်ပင်ခဲ့ပါတယ်။

နယ်စပ်ဒေသမှာ ရှိနေတဲ့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ အရင်က ကျားဖြန့်လုပ်ငန်းတွေ စည်စည်ကားကား လည်ပတ်နေတဲ့ အဆောက်အအုံတွေ ပိတ်ကုန်ပြီဖြစ်ပြီး အဲဒီဂိုဏ်းတွေက မြေငှားစာချုပ်တွေ ဖျက်သိမ်းကုန်တယ်လို့ အတည်ပြုခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၉ ရက်နေ့မှာတော့ ဒီမိုကရက်တစ် ကရင့် အကျိုးပြု တပ်မတော် (DKBA)ရဲ့ အရာရှိ တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး စောအေဝမ်းက ဘုရားသုံးဆူ အခြေစိုက် တရုတ်ပိုင် တရားမဝင် စီးပွားရေးလုပ်ငန်းတွေကိုဖေဖော်ဝါရီ ၂၈ ရက်နေ့နောက်ဆုံးထား ထွက်ခွာဖို့ ညွှန်ကြားထားကြောင်း ပြောကြားခဲ့ပါတယ်။

ဒေသခံ သတင်းရင်းမြစ် တစ်ဦးကတော့ တရုတ် စီးပွားရေး လုပ်ငန်းရှင်တွေဟာ တရားမဝင် စီးပွားရေး လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့အတွက် ဘုရားသုံးဆူမှာ အဆောက်အအုံ ၄ ခုကို ငှားရမ်းထားပြီး အဲဒီအတွက် ငှားရမ်းခကို ဘတ် နှစ်သိန်းကနေ ရှစ်သိန်းကြား ပေးချေနေတယ်လို့ ဆိုပါတယ်။ အခုတော့ အဲဒီ အဆောက်အအုံတွေမှာ ငှားရမ်းထားသူတွေ ကင်းမဲ့နေသလို ဆက်သွယ်ရေး ကိရိယာတွေ၊ အီလက်ထရောနစ် ကိရိယာတွေ၊ အဲကွန်းတွေ ဖြုတ်ယူ သိမ်းဆည်းထားပြီး ဘုရားသုံးဆူ အပြင်ဖက် တစ်နေရာရာဆီ ပြောင်းရွှေ့နေတယ်လို့ အဲဒီ သတင်းရင်းမြစ်က The Nationဆီ ပြောကြားခဲ့ပါတယ်။

ထိုင်းဖက်က ဖိဖိစီးစီး အရေးယူမှုတွေ ရှိလာတဲ့နောက် ဘုရားသုံးဆူ စျေးဧရိယာမှာလည်း လူစည်ကားမှုက သိသိသာသာ လျော့ပါးသွားပါတယ်။ ပြီးတော့ အရင်က တရုတ်နိုင်ငံသားတွေနဲ့ စည်ကားနေတတ်တဲ့ စျေးဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ဆံပင်ညှပ်ဆိုင်တွေ၊ လောင်းကစား ကဖေးတွေ အားလုံးဟာလည်း ပိတ်သိမ်းကုန်ကြပြီလို့ သိရပါတယ်။

ထိုင်းအာဏာပိုင်တွေကတော့ နယ်စပ်အခြေစိုက် ဒုစရိုက်ဂိုဏ်းတွေ နောက်ထပ် အခြေစိုက်နိုင်တဲ့ နယ်သစ်ပယ်သစ်တွေရဲ့ အလားအလာကို အာရုံစိုက် စောင့်ကြည့်နေကြောင်း ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အွန်လိုင်းငွေကြေးလိိမ်လည်မှု (ကျားဖြန့်)တွေမှာဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ပါဝင်ပတ်သက်မှုမရှိစေချင်ဘူးလို့ အာဏာ သိမ်းစစ်တပ်ကသတိပေးပြောဆိုခဲ့ပြီးနှစ်ပတ်အကြာမှာပဲ DKBA က မြ၀တီမြို့တောင်ဘက်၊ထိုင်း-မြန်မာနယ်စပ်၊ ကျောက်ခက်ရွာမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို နေရာရွှေ့ပြောင်းလိုက်တယ်လို့ DKBA ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးနဲ့ ကရင်သတင်းရင်းမြစ်က အတည်ပြုပါတယ်။