Connect with us

Hi, what are you looking for?

သတင်း

ကက်သလစ်ဘုန်း​တော်ကြီးအသတ်ခံရမှု ကျူးလွန်​ကြောင်းသံသယရှိ​သူများကို ​ရွှေဘိုခရိုင်တပ်ရင်း(၅)ဖမ်းဆီးစစ်​ဆေး

ရွှေဘိုမြို့နယ်၊ကံကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းမှ ကျောင်းထိုင်ဘုန်းကြီးဖြစ်သူ Father Donald Martin ရဲနိုင်ဝင်းအား သတ်ဖြတ်ခဲ့သည်ဟု သံသယရှိသော ဒေသကာကွယ်ရေး (Local PDF) တပ်ဖွဲ့ဝင်ဆယ်ဦးကို ရွှေဘိုခရိုင်တပ်ရင်း(၅)ကဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။

Father Donald Martin ရဲနိုင်ဝင်း။ ဓါတ်ပုံ-RVA Myanmar

အိမ်သွင်/People’s Spring

ရွှေဘိုမြို့နယ်၊ကံကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းမှ ကျောင်းထိုင်ဘုန်းကြီးဖြစ်သူ Father Donald Martin ရဲနိုင်ဝင်းအား သတ်ဖြတ်ခဲ့သည်ဟု သံသယရှိသော ဒေသကာကွယ်ရေး (Local PDF) တပ်ဖွဲ့ဝင်ဆယ်ဦးကို ရွှေဘိုခရိုင်တပ်ရင်း(၅)ကဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။

Father Donald Martin ရဲနိုင်ဝင်းသည် ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင် ဓားဒဏ်ရာများဖြင့်သေဆုံးနေခြင်းဖြစ်ပြီး ကျူးလွန်သူဟုသံသယရှိ​သော​​ဒေသကာကွယ်​ရေးအဖွဲ့ခေါင်းဆောင်ဖြစ်သူအပါအဝင်တပ်ဖွဲ့ဝင်ဆယ်ဦးကို ဖေဖော်ဝါရီလ၁၅ရက်နေ့တွင် ဖမ်းဆီးပြီးစစ်ဆေးနေ​ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“သတ်ဖြတ်မှုကျူးလွန်တဲ့အဖွဲ့က MOD အောက်ကအဖွဲ့မဟုတ်ဘူး။ ဒါကို ခရိုင်ရင်းက စစ်ဆေးနေပါတယ်။ တရားဥပဒေအတိုင်း စစ်ဆေးနေတာပါ။ ကျနော်တို့ကလည်း ဥပဒေအတိုင်း ထိထိရောက်ရောက်ဖြစ်ဖို့ မျှော်လင့်နေပါတယ်” ဟု ရွှေဘိုမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

Public Service Announcement

Public Service Announcement

ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းရာ ခရိုင်တပ်ရင်း(၅)က စစ်ဆေးနေသည်မှာမှန်ကန်ကြောင်း ပြောသည်။

Father Donald Martin ရဲနိုင်ဝင်းသည် အသက်၄၄ နှစ်အရွယ်ရှိပြီဖြစ်သည်။ မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာမှ ဘုန်းတော်ကြီးဖြစ်ပြီး ရွှေဘိုမြို့နယ်ကံကြီးတောကျေးရွာတွင် လာရောက်ကျောင်းထိုင်နေသူဖြစ်သည်။

လက်နက်ကိုင်လူတစ်စု၏ရက်စက်စွာ အသတ်ခံရကြောင်း ကြားသိခဲ့ရပြီး ထိုသတင်းကြောင့် အံ့ဩတုန်လှုပ် ခြင်းဖြင့် ကြေကွဲဝမ်းနည်းရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်(CBCM)က ထုတ်ပြန်သည်။

Father Donald Martin ရဲနိုင်ဝင်း အပေါ်ကျူးလွန်ခဲ့သော မတရားမှုသည် အလွယ်တကူ မေ့ပျောက်သင့်သောအရာတစ်ခုမဟုတ်ပါ။ ထို့ကြောင့် နောက် နောင် ဤကဲ့သို့အမှုမျိုး ထပ်မံမဖြစ် စေရေးအတွက် တာဝန်ယူမှုပြည့်ဝစွာဖြင့် ကျူးလွန်သူတို့အား ထိုက်သင့်သောအရေးယူခြင်းနှင့် တရားမျှတမှုကို ဖေါ်ဆောင်ပေးကြပါရန် တာဝန်ရှိသူတို့အား တိုက်တွန်းသည်ဟု CBCMက ထုတ်ပြန်ထားသည်။

Father Donald Martin ရဲနိုင်ဝင်း၏ ဈာပနကိုပြင်ဦးလွင်မြို့တွင် ​ဖေ​ဖော်ဝါရီ ၁၆ ရက်ညနေပိုင်း၌ ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပျူစောထီးရွာကို အလင်းဝင်ဖို့ လက်ကမ်းစာစောင်တွေ ဒရုန်းနဲ့ ကျဲချပြီးတဲ့နောက် ပျူအဖွဲ့ဝင်တဦး လက်နက်ခဲယမ်းနဲ့တကွ ထပ်မံ အလင်းဝင်လာခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၌ လုဒ်မယ်တော်သခင်မ ဘုရားကျောင်းဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ်ရဲနိုင်ဝင်း သတ်ဖြတ်ခံရမှုဖြစ်စဉ်အား စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ စစ်ဆေးနေပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီဘက်ကမူ မီးရှို့ခံထားရသည့်ရုပ်အလောင်းများအား PDF ရဲဘော် လေးဦးဟု ဝါဒဖြန့်ထားသော်လည်း ကာကွယ်ရေးအဖွဲ့ဝင်များမဟုတ်သလို နယ်မြေခံပြည်သူများလည်းမဟုတ်ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဆိုသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းပျူစောထီးကျေးရွာရှိ စစ်ကောင်စီအထိုင်စခန်းအား တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဘက်ထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။