Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမှာ ပျူတွေအလင်းဝင်ဖို့ လက်ကမ်းစာစောင်တွေ ဒရုန်းနဲ့ကျဲချပြီးနောက် ပျူတဦးအလင်းဝင်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပျူစောထီးရွာကို အလင်းဝင်ဖို့ လက်ကမ်းစာစောင်တွေ ဒရုန်းနဲ့ ကျဲချပြီးတဲ့နောက် ပျူအဖွဲ့ဝင်တဦး လက်နက်ခဲယမ်းနဲ့တကွ ထပ်မံ အလင်းဝင်လာခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

အလင်းဝင်လာသော ပျူစောထီးက လက်နက်ခဲယမ်းအား အပ်နှံနေစဥ်။ ဓာတ်ပုံ-ရွှေဘိုပကဖ

မင်းညို/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပျူစောထီးရွာကို အလင်းဝင်ဖို့ လက်ကမ်းစာစောင်တွေ ဒရုန်းနဲ့ ကျဲချပြီးတဲ့နောက် ပျူအဖွဲ့ဝင်တဦး လက်နက်ခဲယမ်းနဲ့တကွ ထပ်မံ အလင်းဝင်လာခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

မနေ့(မတ် ၁၁)ကရွှေဘိုခရိုင်၊ရွှေဘိုမြို့နယ်၊တိုက်နယ်(၂)နယ်မြေ၊ဇီးဖြူကုန်းပျူကျေးရွာကို ရောက်ရှိနေတဲ့ တည်သီးတောကျေးရွာက ပျူလက်နက်ကိုင်တစ်ဦးဟာကာဘိုင်(၁)လက်၊ကျည်ဘောက်(၃)ခု၊ ကာဘိုင်ကျည် (၁၅၇)တောင့်တို့ကိုယူဆောင်ပြီး အလင်းဝင်ရောက်လာတယ်လို့ရွှေဘိုပကဖအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ပျူစောထီးအဖွဲ့ဝင်တွေအလင်းဝင်ဖို့တိုက်တွန်းပြီး ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေကိုပါရေးပေးထားတဲ့လက်ကမ်းစာစောင်တွေကို ပျူရွာတွေမှာ ဒရုန်းတွေနဲ့ ကျဲချခဲ့ပြီးနောက်ပိုင်းအလင်းဝင်ရောက်လာတာလို့ရွှေဘိုပကဖအဖွဲ့တာဝန်ရှိသူကပြောပါတယ်။

Public Service Announcement

Public Service Announcement

“ညောင်ကိုင်းကိုကျဲတယ်။ညောင်ပင်လှ ၊တည်သီးတောစတဲ့ ပျူရွာတွေက ရွာချင်းဆက် အချင်းချင်း သတင်းကူးတာ။ လက်ကမ်းစာစောင်တွေကြဲပြီးနောက်ပိုင်း အလင်းဝင်တာ ဒီတစ်ယောက်နဲ့ဆို လေးယောက်မြောက်ပါ။”လို့အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

အလင်းဝင်ရောက်လာသူတွေကိုထိုက်သင့်တဲ့ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့ပြီး လူ့အခွင့်အရေးနဲ့အညီကောင်းမွန်စွာ ထိန်းသိမ်းပေးခဲ့ကြောင်း၊ ဒါ့အပြင် အလင်းဝင်လာသူရဲ့မိသားစုတွေကိုလည်းလူ့အခွင့်အရေးနဲ့အညီ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

စစ်အာဏာရှင်အမြစ်ဖြတ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလို့ စကစတပ်ဖွဲ့ဝင်တွေ၊ ပျူစောထီးတွေအနေနဲ့ အမြန်ဆုံး အလင်းဝင်ရောက်ဖို့ လိုအပ်နေတယ်လို့ ရွှေဘိုပကဖက တိုက်တွန်းပါတယ်။

ပျူစောထီးတွေအပြင် စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ရဲတွေလည်း PDF တပ်ရင်းတွေနဲ့ ပကဖတွေဆီကို အလင်းဝင်နေပြီးပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း အရာရှိအဆင့် ဗိုလ်မှူး (၁) ဦးအပါအဝင် တပ်သားနဲ့ရဲ (၆၄) ဦး ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံ ရှမ်းနီပြည်သူ့စစ် SNA က တပ်သားသုံးဦး အလင်းဝင်ပူးပေါင်းလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရ်ိုင်အမှတ် (၃)တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အမှတ်(၂၅၂)ခြေလျင်တပ်ရင်း ခလရ-၂၅၂ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတပ်သားသစ် တစ်ဦး ပခုက္ကူအခြေစိုက် COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်လာခဲ့ပါတယ်။

သတင်း

■ထိုင်းမှာအဖမ်းခံရပြီးပြန်ပို့စဥ်စစ်သားသစ်စု​ဆောင်းခံရသူနဲ့ မုံရွာမှာ​ပေါ်တာဆွဲခံရသူ​တွေဖြစ်