Connect with us

Hi, what are you looking for?

သတင်း

ထိုင်း-မြန်မာ နယ်စပ်က ကျားဖြန့်ဝန်ထမ်း တရုတ်နိုင်ငံသားတွေကို နေရပ်ပြန်ပို့မှု အစီအစဉ် စတင်

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေမှာ ခိုင်းစေခံခဲ့ရတဲ့ တရုတ်နိုင်ငံသား ဝန်ထမ်းတွေကို လေကြောင်းကနေ တရုတ်နိုင်ငံဆီ ပြန်လည်ပို့ဆောင်မှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေမှာ ခိုင်းစေခံခဲ့ရတဲ့ တရုတ်နိုင်ငံသား ဝန်ထမ်းတွေကို လေကြောင်းကနေ တရုတ်နိုင်ငံဆီ ပြန်လည်ပို့ဆောင်မှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့တုန်းက ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ်ထဲက မဲဆောက်မြို့မှာရှိတဲ့ မဲဆောက်လေဆိပ်မှာ နေရပ်ပြန်ပို့မယ့် တရုတ်နိုင်ငံသားတွေကို လေယာဉ်ပေါ် တင်ပေးနေတာ တွေ့ခဲ့ရပါတယ်။ သတင်းတွေအရ ၃ ရက်အတွင်း ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံသား ၆၀၀ လောက်ကို နေရပ်ပြန်လည် ပို့ဆောင်ဖို့ အာဏာပိုင်တွေက စီစဉ်ထားကြောင်း သိရပါတယ်။

ထိုင်းနဲ့နယ်စပ် မြန်မာဖက်ခြမ်းမှာ အခြေစိုက်တဲ့ ကျားဖြန့်ဂိုဏ်းတွေကို တရုတ်-မြန်မာ-ထိုင်း သုံးပွင့်ဆိုင် ပူးပေါင်း ဖြိုခွင်းမှုတွေကြောင့် အဲဒီဒုစရိုက် ဂိုဏ်းတွေရဲ့ လူကုန်ကူးပြီး အဓမ္မ ခိုင်းစေခံထားရသူ နိုင်ငံခြားသား ထောင်နဲ့ချီ လာမယ့်ရက်ပိုင်းတွေမှာ လွတ်မြောက်လာဖွယ် ရှိနေပါတယ်။

တရုတ်ဟာ လူကုန်ကူးခံ နိုင်ငံသားတွေကို ကယ်တင်ရေး၊ ကျားဖြန့်ဂိုဏ်းတွေကို ဖြိုခွင်းရေး ထိထိရောက်ရောက် ဆောင်ရွက်ရေးအတွက် ထိုင်း-မြန်မာ နယ်စပ်ဆီ ဒုတိယ ဝန်ကြီးအဆင့် အစိုးရ ထိပ်တန်း အရာရှိ တစ်ဦးကိုပါ စေလွှတ်ထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၂၀ ရက်နေ့ မနက်ပိုင်းမှာတော့ မြန်မာနဲ့ နယ်စပ်ကနေ တရုတ်နိုင်ငံသားတွေကို တင်ဆောင်လာတဲ့ နှစ်ထပ် ဘတ်စ်ကားကြီး နှစ်စီးဟာ မဲဆောက် လေဆိပ်ကို ရောက်ရှိလာခဲ့တာ တွေ့ရပါတယ်။ နောက်တော့ အားလုံးလိုလို အမျိုးသားတွေချည်းပဲလို့ ယူဆရတဲ့ လူတော်တော်များများဟာ စစ်ဆေးမှုတွေ ခံယူပြီးတဲ့နောက် တောင်တရုတ် လေကြောင်းလိုင်းက အထူး စီစဉ်ပေးထားတဲ့ လေယာဉ်ပေါ်ကို တက်သွားခဲ့ကြပါတယ်။

တရုတ်နိုင်ငံ၊ နန်ကျင်းမြို့ကနေ ရောက်ရှိလာတဲ့ လေယာဉ်ဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ပိုင်နက်ထဲက နယ်စပ်မြို့ဖြစ်တဲ့ ရှီးရွှမ်းပါနားဆီ ပျံသန်း ထွက်ခွာသွားခဲ့ပါတယ်။ ထိုင်းနယ်စပ်လုံခြုံရေး အရာရှိ တစ်ဦးကတော့ မြန်မာဖက်ကနေ ခေါ်ဆောင်လာတဲ့ တရုတ်နိုင်ငံသားတွေကို အယောက် ၅၀ စီ တစ်သုတ်ချင်း လေဆိပ်ကို ပို့ဆောင်ပေးနေတာ ဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ပထမဆုံး တစ်သုတ်အပြီး နောက်ထပ် တရုတ်နိုင်ငံသား ၂၀၀ လောက်ထိ နေရပ်ပြန်ခွင့်ရမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

တရုတ်ရဲ့ အဆိုအရ မဲဆောက်ကနေ နိုင်ငံသား ၆၀၀ လောက်ကို ခေါ်ထုတ်ဖို့အတွက် ၃ ရက်အတွင်း လေယာဉ် ခရီးစဉ် ၁၆ ခုကို စီစဉ်ထားတယ်လို့ သိရပါတယ်။ အဲဒီ တရုတ်နိုင်ငံသားတွေ နေရပ်ပြန်ရောက်ရင် ဘယ်လို အခြေအနေနဲ့ ကြုံရမယ် ဆိုတာကို တိတိကျကျ မသိရသေးပေမယ့် တရုတ် လုံခြုံရေး အရာရှိတွေက ကြိုတင် စောင့်ဆိုင်းနေမယ်လို့ ယုံကြည်ရပါတယ်။

ကျားဖြန့်ဂိုဏ်းတွေမှာ လူမှောင်ခိုကူးပြီး အဓမ္မ ခိုင်းစေခံရသူတွေ ရှိနိုင်သလို ကိုယ်တိုင် သဘောတူလို့ ဝင်ရောက် အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေလည်း ရောနှော ပါဝင်နေဖွယ် ရှိပါတယ်။

ကရင် နယ်ခြားစောင့်တပ် (BGF)ကတော့ ထိုင်းနဲ့ နယ်စပ်နားမှာရှိတဲ့ ထိန်းချုပ် နယ်မြေတွေထဲက ကျားဖြန့် ဂိုဏ်းတွေနဲ့ ဆက်နွှယ်သူ ၁၀၀၀၀ လောက်ကို ထွက်ခွာစေဖို့ စီစဉ်ထားကြောင်း ပြောကြားထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ

လူသိများတဲ့ ခွေးလေးတစ်ကောင် အခိုးခံရပြီး ချက်စားခံလိုက်ရတဲ့ ဖြစ်စဉ်အပြီး တရုတ်နိုင်ငံက ခွေးသား ရောင်းဝယ် ဖောက်ကားမှုနဲ့ ပတ်သက်တဲ့ အငြင်းအခုံတွေ တကျော့ပြန် ဆူညံလာခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။