Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတိုင်းစစ်ကောင်စီ အစိုးရ အဖွဲ့ရုံးအနီး လုယက်မှုဖြစ်ပွား

မန္တလေးမြို့ ၊အောင်မြေသာစံမြို့နယ်ထဲက မန္တလေးတိုင်းအစိုးရအဖွဲ့ ရုံးအနီးမှာ မနေ့ ဖေ ဖော်ဝါရီလ ၂၀ ရက် ညနေ ၃ နာရီခွဲခန့်က လုယက်မှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေ ထံကသိရပါတယ်။

၂၀၁၈ ခုနှစ်အတွင်းက မန္တလေးတိုင်းအစိုးရအဖွဲ့ ရုံးကိုတွေ့ရပုံ ဓာတ်ပုံ - Google Earth

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊အောင်မြေသာစံမြို့နယ်ထဲက မန္တလေးတိုင်းအစိုးရအဖွဲ့ ရုံးအနီးမှာ မနေ့ ဖေ ဖော်ဝါရီလ ၂၀ ရက် ညနေ ၃ နာရီခွဲခန့်က လုယက်မှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေ ထံကသိရပါတယ်။

လုယက်မှုဖြစ်ပွားတဲ့နေရာက ၆၃ လမ်း ၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြား ၊ မဟာဇေယျာဘုံရပ်ကွက် ရှိ နိုင်ငံခြားဘာသာတက္ကသိုလ် (UFL) ကျောင်းနောက်ကျောလမ်းမှာ ဖြစ်ပွားခဲ့တာပါ။

ကျောင်းကနေ ပြန်လာတဲ့ မိန်းကလေး တစ်ယောက် ကို အုပ်စုဖွဲ့ လုယက်တာဖြစ်ပြီး ပိုက်ဆံအိတ်နဲ့ ဖုန်း လုယက်ခံလိုက်ရတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

လုယက်ခံရတဲ့နေရာဟာ လူပြတ်လပ်မှုမရှိဘဲ အနီးတဝိုက်မှာလူနေအိမ်ခြေတွေလည်းရှိတယ်လို့ မြို့ခံတွေ က ပြောပါတယ်။

အခုလို လုယက်မှု ဖြစ်ပွားတဲ့နေရာတဝိုက်မှာ ဆိုင်ကယ်လုယက်မှု ၊ ပိုက်ဆံအိတ် လုယက်မှုတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေကျောက်ဝိုင်းက ကုန်သည်တစ်ဦးဆီကနေ လုယက်မှုကျူးလွန်သူတွေဟာ သင်္ကန်းဝတ်ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ရဲ့တပည့်ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ဖြစ်နေကြောင်းမြို့ခံတွေကပြောပါတယ်။

သတင်း

အငြိမ်းစားကျောင်းဆရာမတစ်ဦး လုယက်သတ်ဖြတ်ခံရ

သတင်း

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၁၀ ခုမှာ ရေလွှမ်းမိုးမှုဖြစ်နေပြီး လူဦးရေ ၂သိန်းကျော် ရေဘေးသင့်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။