Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တွင်းသွားလာမှု ငါးရက်ပိတ်မည်

တိုက်ပွဲပြင်းထန်နေသည့် မိုးဗြဲမြို့တွင်းသွားလာမှုကို ငါးရက် ပိတ် မည်ဟု မိုးဗြဲ PDF နှင့် ကရင်နီအမျိုး သားများကာကွယ်ရေးတပ် KNDF က ပူးတွဲထုတ်ပြန်သည်။

မိုးဗြဲ PDF မှတပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-မိုးဗြဲ PDF

ရဲခေါင်/People’s Spring

တိုက်ပွဲပြင်းထန်နေသည့် မိုးဗြဲမြို့တွင်းသွားလာမှုကို ငါးရက် ပိတ် မည်ဟု မိုးဗြဲ PDF နှင့် ကရင်နီအမျိုး သားများကာကွယ်ရေးတပ် KNDF က ပူးတွဲထုတ်ပြန်သည်။

မိုးဗြဲမြို့ကို နယ်မြေပြန်စိုးမိုးရန် စစ်ကောင်စီတပ်က ၂၀၂၅ခုနှစ် နှစ်ဆန်းပိုင်းကစ၍ အင်အားသုံးထိုးစစ်ဆင်မှုကို စုပေါင်း၍ ခုခံကာကွယ်နေပြီး စစ်ကောင်စီတပ်မှ သေဆုံးမှု များနေသည်ဟုသိရသည်။

ထို့အတူ နှစ်လကျော်လာသည့်စစ်ကောင်စီ၏ထိုးစစ် လေယာဥ်၊လက်နက်ကြီး နှင့် ဒရုန်း များနေ့စဥ် ပစ်ခတ်နေသည့်အပြင် အများပြည်သူနေထိုင်ရာ ဒေသများအထိ ပစ်မှတ်ထားလာကြောင်း​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့်အများပြည်သူလုံခြုံရေးကိုရည်ရွယ်ပြီး မိုးဗြဲ မြို့တွင်း ပြည်သူများဖြတ်သန်းသွားလာမှုကို ဖေဖော်ဝါရီ ၂၄ ရက်ကစ၍ ၂၈ ရက်အထိ ခေတ္တပိတ်ထားမည်ဟု သိရသည်။

လမ်းပိုင်းယာယီပိတ်ထားမှုအပေါ် ဒေသခံပြည်သူလူထုလုံခြုံ ရေးအတွက်သာဖြစ်ပြီး သီးခြားမှတ်ချက်မရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် မိုးဗြဲဇုန် တပ်ရင်းမှူးက People’s Spring သို့ ပြောသည်။

ထို့အတူ အရေးကြီးကိစ္စရပ်များရှိပါက သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များ၊လုံခြုံရေးဂိတ်များနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း ကရင်နီပူးပေါင်းတပ်က တိုက် တွန်းသည်။

“လေကြောင်းကနေ နေတိုင်းတကြိမ်ထက်မနည်း ဗုံးကြဲတယ်။စကစ အနေ နဲ့ မိုးဗြဲ-လွိုင်ကော် လမ်းပိုင်း ကိုစိုးမိုးချင်နေတယ်။အဲဒီလမ်းပိုင်းကအိမ်တွေဘာမှမကျန်တော့ဘူး။လက်နက်ကြီးနဲ့ပစ်လိုက် လေယာဥ်နဲ့ ဗုံးချလိုက်နဲ့။နောက်ပြီး ဒီလမကုန်ခင် မိုးဗြဲ ကို ပြန်ရဖို့ အပြင်းအထန် လုံးလာလိမ့်မယ်လို့လည်း ကြားရတယ်”ကရင်နီစစ်ဘက်သတင်းရင်းမြစ်ကပြောသည်။

စစ်ကောင်စီသည် မိုးဗြဲ မြို့ထိုးစစ်၌ အဓမ္မစစ်မှုထမ်းခိုင်း သည့်လူငယ်အများအပြားကို အသုံးပြုနေပြီး ​ဖေ​ဖော်ဝါရီလ ၅ ရက်နေ့က ကရင်နီပူးပေါင်းတပ်၏ မိုးဗြဲ မြို့စေတ မန် ဘုရားကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီ တပ်ကိုတိုက်ခိုက်ရာတွင်အပါတ်စဥ် ၆ မှ တပ်သားသစ်များဖြစ်သည်။

ထို့အပြင် ဖေဖော်ဝါရီ ၁၇ ရက်ကလည်း မိုးဗြဲ မြို့ရှေ့တန်းစစ်မျက်နှာမှ စစ်ကောင်စီ၏ အဓမ္မတပ်သားသစ်စုဆောင်းခံရသူ ငါးဦးသည် လက်နက်များနှင့်အတူ ဘက်ပြောင်းခိုလှုံလာကြောင်း ကရင်နီအမျိုး သားများ ကာကွယ်ရေးတပ်က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၃ခုကို ပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ် (၂)တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

ရှမ်း - ကရင်နီပြည်နယ်စပ် မိုးဗြဲမြို့မှာ အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ်တို့ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ မကြာခဏဖြစ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-MBPDF က ဒီကနေ့ မေလ ၂၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းတောင်နဲ့ ကရင်နီပြည်နယ်စပ်က မိုးဗြဲမြို့အနီးကို စစ်တပ်စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။