Connect with us

Hi, what are you looking for?

သတင်း

မှော်ဘီရဲတပ်ဖွဲ့မှုးရုံးကို အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်

ရန်ကုန်မြို့ မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှုးရုံးကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame(OF) အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကပြောသည်။

သတိုး / /People’s Spring

ရန်ကုန်မြို့ မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှုးရုံးကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame(OF) အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကပြောသည်။

“အဝင်အထွက်ဂိတ်ပေါက်အနီးဆုံးနားချထားနိုင်ပြီးကားရော ဆိုင်ကယ်ရော အဝင်ထွက်လုပ်နေတဲ့အချိန်မှာ ချိန်ကိုက်ဖောက်ခွဲခဲ့တာပါ” ဟု ၎င်းကပြောသည်။

ဖေဖော်ဝါရီ ၂၃ ရက် ည ၇ နာရီခန့်တွင် အဆိုပါစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဝေးထိန်းမိုင်း နှစ်လုံးဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

မိုင်းနှစ်လုံးအနက် တစ်လုံးသည် ယမ်းအားပျော့သွားသော်လည်း ဂိတ်ပေါက်၌ အဝင်အထွက်ပြုလုပ်ချိန်ဖောက်ခွဲနိုင်သောကြောင့် ရဲတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိနိုင်သည်ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

အဆိုပါစစ်ဆင်ရေးလုပ်ဆောင်သည့် OF အဖွဲ့သားအားလုံး ဘေးကင်းကြောင်း နှင့် ဆက်လက်၍ ရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနှင့်အတူလက်တွဲ ကာ စစ်ကောင်စီကို အရှိန်မြင့်တိုက်ခိုက်သွားမည်ဟု ယင်းအဖွဲ့ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်က သောင်ကြီးနယ်မြေရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

သတင်း

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက်ပူးပေါင်းပြီး ပြည်သူတွေကို မတရားဖမ်းဆီးနေတဲ့ ရန်ကုန်မြို့က ဗဟန်းမြို့မရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Operation Flame သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီ၏ လေကြောင်းအတတ်သင် သင်တန်းကျောင်းကို အဝေးထိန်းမိုင်းအား လက်ပစ်ဗုံးကပ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Armyအဖွဲ့တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့၊မှော်ဘီမြို့နယ်၊မြို့မရဲစခန်းကိုအဝေးထိန်းမိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း Yangon Army မှ တာဝန်ရှိသူကပြောသည်။