Connect with us

Hi, what are you looking for?

သတင်း

အမေရိကန်တွင်ပြုလုပ်မည့် လင်းလင်းနဲ့ ချစ်သုဝေရဲ့ ရောင်နီShow

ဆဏ်း/People’s Spring

ရောင်နီအမည်ဖြင့် ‌ဖျော်ဖြေပွဲများကို အမေရိကန်နိုင်ငံရှိမြို့များ၌ ပြုလုပ်မည်ဖြစ်ပြီး ပထမဆုံးပွဲကို Maryland မြို့၌ ပြုလုပ်မည်ဟု အဆိုတော် လင်းလင်းက အသိပေးထားသည်။

“ပထမဆုံးပွဲကတော့ လာမယ့် ဧပြီ ၁၂မှာ Maryland မြို့တွင် ကျင်းပပါမယ်”ဟု အဆိုတော်လင်းလင်းက ၎င်း၏ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။

ရောင်နီ ဖျော်ဖြေပွဲများတွင် အဆိုတော်လင်းလင်းနှင့် ချစ်သုဝေတို့ ဖျော်ဖြေမည်ဖြစ်ပြီး ယင်းပွဲများအတွက် အနုပညာကြေးတောင်းခံခြင်းမရှိဟု လင်းလင်းက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

“April 12 Maryland မှာဆုံကြမယ်၊Surprise လေးတွေတော့ ပွဲဦးထွက်မှာ များမယ်၊စမှတ် ၊

The Way ၊Authentic show ၊Rhythmအခု “ရောင်နီ ” “ဟု ချစ်သုဝေက ဖေ့စ်ဘွတ်ခ်မှတဆင့်အသိပေးထားသည်။

အဆိုပါပွဲများမှရလာသည့် အကျိုးအမြတ်များကို ကျဆုံးရဲဘော်များ၊ CDM ၊Activists ၊ နိုင်ကျဉ်း စသည့် တော်လှန်မိသားစုများ၏ ပြန်လည်ထူထောင်ရေး ၊မြေပြင်ခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် ပညာရေးစရိတ်ပို့ဆောင်ခြင်းနှင့် တောင်ပေါ်၊တောင်အောက် ဒေသအနှံ့မှ တန်းတူ လူ့အခွင့်အရေးလှုပ်ရှားမှုများ စသည့်နေရာသုံးခုကို အချိန်မ‌ဆိုင်းပဲ ပို့ဆောင်ပေးမည်ဟု လင်းလင်းက အသိပေးထားသည်။

အဆိုတော်လင်းလင်းနှင့် ချစ်သုဝေတို့က အခကြေးငွေယူ၍ ဖျော်ဖြေမည့် ပွဲများကိုလည်း အသိပေးသွားမည်ဟု ဆိုသည်။

ဖျော်ဖြေပွဲလက်မှတ်များကို Maryland Music Concert မှ ဖေဖော်ဝါရီ ၂၄တွင်စတင် ရောင်းချပေး‌နေပြီး လက်မှတ်ခနှုန်းထားများကို အမေရိကန်ဒေါ်လာ ၁၀၀ နှင့် ၁၅၀သတ်မှတ်ထားကြောင်း ‌ကြေညာထားသည်။

၂၄နာရီမပြည့်မီ ဒေါ်လာ ၁၀၀တန်လက်မှတ် ၅၀ရာခိုင်နှုန်းရောင်းချထားရကြောင်း Maryland Music Concert က အသိပေးထားသည်။

Maryland Music Concertအနေဖြင့် အမေရိကန်ရောက် အနုပညာရှင်များ၏ ဖျော်ဖြေပွဲနှင့် အေးချမ်းမေ၏ တစ်ကိုယ်တော်ပွဲများပြုလုပ်ခဲ့ပြီး တော်လှန်ရေးအတွက် ထောက်ပံ့ကူညီမှုများလုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်ရဲ့ တနေရာက ဆေးရုံအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်တဲ့ The Revolution ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင် လင်းလင်းက ဖိတ်ခေါ်လိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကပြမယ့် တော်လှန်သဘင်ပညာရှင်တွေရဲ့ ဖျော်ဖြေပွဲကို တော်လှန်ရေးရန်ပုံငွေရရှိဖို့ အွန်လိုင်းကနေလက်မှတ်ရောင်းပြီး ပြသသွားမယ်လို့ မြန်မာဇာတ်ပွဲကြည့်ရအောင် ပေ့ခ်ျကနေ အသိပေးထားပါတယ်။

သတင်း

ပြည်ပနိုင်ငံတွေမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေပြုလုပ်နေတဲ့ တော်လှန်အနုပညာရှင်ဒေါင်းက ကိုရီးယားနိုင်ငံကို ရောက်ရှိပြီဖြစ်ကြောင်း အသိပေးထားပါတယ်။

သတင်း

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ ရောင်နီပွဲက အမေရိကန်ဒေါ်လာ တစ်သိန်းခွဲကျော်ရရှိခဲ့တာ‌ကြောင့် ရောင်နီ ၇ ပွဲကနေ အမေရိကန်ဒေါ်လာ ၅၆၉,၀၀၀ ကျော်ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။