Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီနှင့်တွေ့ဆုံမှု တရုတ်၏ အတင်းအကြပ်ဖိအားကြောင့်ဟု TNLA ခေါင်းဆောင်ပြော

အာဏာသိမ်းစစ်ကောင်စီနှင့် တအာင်းတပ်မတော်(PSLF/TNLA) ကိုယ်စားလှယ်များ တွေ့ဆုံခဲ့မှုသည် တရုတ်အစိုးရ၏ အတင်းအကြပ်ဖိအားပေးမှုကြောင့်ဟု TNLA အထွေထွေအ တွင်းရေးမှူးချုပ် ဗိုလ်မှူးချုပ် တားဘုန်းကျော်က ပြောသည်။

TNLAခေါင်းဆောင် ဗိုလ်ချုပ်တားဘုန်းကျော်အား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

“ကိုယ့်နိုင်ငံရေးရပ်တည်ချက်ဖြစ်တဲ့ ပြည်နယ်ရရှိရေးဆိုတာကိုတောင် သူက အသိအမှတ်ပြုရဲရင်တောင်လက်ခံဖို့မရှိပါ။ ဆွေးနွေးဖို့ဆို ဝေးသေးပါတယ်” – ဗိုလ်ချုပ်တားဘုန်းကျော်

ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီနှင့် တအာင်းတပ်မတော်(PSLF/TNLA) ကိုယ်စားလှယ်များ တွေ့ဆုံခဲ့မှုသည် တရုတ်အစိုးရ၏ အတင်းအကြပ်ဖိအားပေးမှုကြောင့်ဟု TNLA အထွေထွေအ တွင်းရေးမှူးချုပ် ဗိုလ်မှူးချုပ် တားဘုန်းကျော်က ပြောသည်။

TNLA ခေါင်းဆောင် ဗိုလ်ချုပ်တားဘုန်းကျော်က ဖေဖော်ဝါရီ ၂၆ရက်က ၎င်း၏ လူမှုကွန်ရက် ဖေစ်ဘွတ်ခ်တွင် “ဗျူဟာအလွှဲနဲ့ တာဝန်ခံမှုကင်းမဲ့ခြင်း” ခေါင်းစဉ်ဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုအတွက် အာဂျင်တီးနား ဖက်ဒရယ်တရားရုံးက ဖမ်း၀ရမ်းထုတ်သည့် ကိစ္စအပေါ် ကိုင်တွယ် တုန့်ပြန်ပုံ၊ လျှောက်လှန်းနေသည့် တော်လှန်ရေးလမ်း တနည်းအားဖြင့် တော်လှန်ရေးဗျူဟာ လွှဲချေမှု ပိုကြီးလာသည်ဟု ယူဆကြောင်း ရေးသား ဝေဖန်ချက်ကို ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းရေးသားချက်တွင် အာဂျင်တီးနားက တရားစွဲဆိုသည့် ၂၀၁၇-၂၀၁၈ ကာလ ရိုဟင်ဂျာများကို ကျူးလွန်ခဲ့သည့် ပြစ်မှုများထက် အဆပေါင်းများစွာ ရက်စက်ကြမ်းကြုတ်ပြီး လူသားမဆန်သည့် စစ်ရာဇဝတ်မှုများ လက်ရှိ အာဏာသိမ်းထားသည့် ကာလအတွင်းစစ်အုပ်စု အများကြီးကျူးလွန်ထားကြောင်း၊ မကွေး၊ စစ်ကိုင်း အညာဒေသ၊ တအာင်းဒေသ ၊ ကချင်ဒေသအပါအဝင် မြန်မာပြည်အနှံ့၌ စစ်အုပ်စု လောလောလတ်လတ် ကျူးလွန်ထားပြီး သက်သေများလည်း အခိုင်အမာရှိသည့် စစ်ရာဇဝတ်မှုများစွာရှိကြောင်း ဗိုလ်ချုပ်တားဘုန်းကျော်က ပြောသည်။

ယင်းသို့ ကျူးလွန်မှုများကို အာဂျင်တီးနား၌ စွဲသည့် အမှုနှင့်ပေါင်းစပ်မှု မလုပ်သည့် အချက်နှင့် အာဂျင်တီးနား တရားရုံးကထုတ်သည့် ဝရမ်း၌ ပါသည့်အတိုင်းတရားရုံးကိုလိုက်ပါပြီး ဥပဒေကြောင်းအရ ဖြေရှင်းရန် မစဉ်းစားသည့် အချက်အပေါ် ဝေဖန်ခဲ့သည်။

” စစ်ရာဇဝတ်မှုအမျိုးမျိုးကို ပုံစံအမျိုးမျိုးကျူးလွန်ပြီး ကာလကြာရှည်စွာ ကင်းလွတ်ခွင့်ရနေတဲ့ စစ်အုပ်စု/အစိုးရ တွေကို ဘယ်နေရာမှာ ဘယ်လိုမျိုး အရေးယူကြမှာလဲ။ ပြီးတော့ဖမ်းဝရမ်းကနေ၊ တရားစွဲဆိုထားရာကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်ကို ဖယ်ရှားဖို့တောင်းဆိုတာကလည်း အသေချာစဉ်းစားသင့်တဲ့ကိစ္စဖြစ်ပါတယ်။ အာဂျင်တီးနားက တရားစွဲဆိုတဲ့ ၂၀၁၇-၂၀၁၈ ကာလဟာ NLD အစိုးရဖြစ်တာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအရနဲ့ မြန်မာစစ်တပ်က သူ့ဟာသူလုပ်ချင်တာလုပ်နေတယ်လို့ ဘယ်လိုပြောပြော အဲ့ကာလ အစိုးရတာဝန်ယူထားတဲ့ အစုအဖွဲ့က တာဝန်ခံမှု ရှိရပါမယ်”ဟု ဗိုလ်ချုပ်တားဘုန်းကျော်က ရေးသားခဲ့သည်။

TNLA ခေါင်းဆောင်၏ ရေးသားချက်အပေါ် ဗိုလ် နန်းဝေ အမည်ရှိ ဖေ့စ်ဘွတ်ခ် အသုံးပြုသူက ဝင်ရောက်မှတ်ချက်ပြုခဲ့ရာ “ခုရေးထားသလို သဘောထားခိုင်မာမယ်ဆိုရင် TNLA အနေနဲ့ စစ်ရာဇဝတ်ကောင်တွေနဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုမျိုးမလုပ်သင့်ဘူးထင်တယ်။အကယ်၍ TNLA ဟာ စစ်ရာဇဝတ်ကောင်တွေနဲ့သဘောတူညီမှုတခုခုလုပ်ခဲ့မယ်ဆိုရင် ဒီစကစက စစ်ရာဇဝတ်မှုတွေကျူးလွန်ရာမှာ TNLAလဲ တာဝန်ရှိတယ်လို့ ယူဆလို့ရနိုင်မလား။ ဒါစဉ်းစားစရာပါ”ဟု မှတ်ချက်ပြုရေးသားခဲ့သည်။

ယင်းမှတ်ချက်ပေးမှုအပေါ် TNLA ခေါင်းဆောင် ဗိုလ်ချုပ်တားဘုန်းကျော်က “စကစ နဲ့တွေ့တာ စိနက အတင်းအကြပ်တွေ့ဖို့ဖိအားကြောင့်ပါ။ နိုင်ငံရေးအရ အပေးအယူ လုပ်စရာ ဆွေးနွေးစရာ ဘာမှမရှိပါ။ ကိုယ့်နိုင်ငံရေးရပ်တည်ချက်ဖြစ်တဲ့ ပြည်နယ်ရရှိရေးဆိုတာကိုတောင် သူက အသိအမှတ်ပြုရဲရင်တောင် လက်ခံဖို့မရှိပါ။ ဆွေးနွေးဖို့ဆို ဝေးသေးပါတယ်”ဟု ပြန်လည် တုံ့ပြန်ရေးသားခဲ့သည်။

TNLA ခေါင်းဆောင်၏ တုံ့ပြန်မှုအပေါ် ဗိုလ် နန်းဝေကလည်း အခြေအနေ အချိန်အခါအရ လွန်ဆန်ရန် ခက်သည့် ဖိအားအကျပ်အတည်း ဆိုသည်မှာ မည်သူ့အတွက်မဆို ရှိနိုင်ခြင်းနှင့် စိတ်စေတနာကိုပါ ထည့်သွင်းစဉ်းစားရန်လည်း လိုကြောင်း ပြန်လည်ရေးသားသည်။

Wai Phyo Maung ဆိုသူကလည်း “ကူမင်းမှာအကိုတို့အဖွဲ့စစ်တပ်နဲ့သွားဆွေးနွေးတဲ့အခါ အခုလိုမျိုးတာဝန်ခံရမယ် ဘာညာကိစ္စတွေရောဆွေးနွေးဖြစ်လားဗျ။၂၀၁၅_၂၀၂၀NLDအစိုးရကာလအတွင်းမအလ-စစ်တပ်ကတိုင်းပြည်အနှံ့တိုင်းရင်းသားတွေအပေါ်ကျူးလွန်ခဲ့တာကို စစ်တပ်ကဘယ်လိုတာဝန်ခံ-တာဝန်ယူမှာလည်းလို့ရော ကူမင်းမှာစစ်တပ်နဲ့ ဆွေးနွေးတော့မေးခဲ့သေးလားဗျ။ မှန်ပါတယ်အစ်ကို NLDကိုလည်းမေးခွန်းထုက်သင့်သလို တကယ်ကိုယ်တိုင်လက်တွေ့ကျူးလွန်ခဲ့တဲ့စစ်တပ်နဲ့ကူမင်းမှာဆွေးနွေးတုန်းက ဒီလိုအရေးကြီးကိစ္စတွေမဆွေးနွေးဘဲနေခဲ့ရောသလား”ဟု TNLA ခေါင်းဆောင်၏ ရေးသားချက်အောက်တွင် ဝင်ရောက်မှတ်ချက်ပြုထားသည်။

Tun Win အမည်ဖြင့် ဖေ့စ်ဘွတ်ခ် အသုံးပြုသူကလည်း “အစိုးရတရပ်အနေနဲ့ သူအုပ်ချုပ်စဥ်ကာလမှာ ဖြစ်ပျက်ခဲ့တဲ့ အားနည်းချက်/ အားသာချက်တွေအတွက် တာ၀န်ခံမူရှိရတာကို လက်ခံပါတယ်။ အဲဒီကာလ အာနန်ကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း တတိုင်းပြည် အစိုးရနှစ်ရပ်ဆိုတဲ့ ကာလမို့ တချို့ဟာတွေက စစ်တပ်ရဲ့အထိန်းအချုပ်ကင်းမဲ့ပြီး ပြုမူခဲ့တာတွေအတွက်တော့ သက်ဆိုင်ရာ အစုအဖွဲ့ကို အဓိက အာရုံစိုက် စီစစ်ရမယ် ထင်ပါတယ် ဆရာ။ AA စစ်ဦးစီးချုပ်သုံးသပ်ပြောဖူးခဲ့သလို စစ်တပ်ဟာ AA ကို ထိုးနှက်ဖို့ရော / ဒေါ်အောင်ဆန်းစုကြည်ကို ခြောက်ချဖို့ရောအတွက် ARSA နဲ့ ရိုဟင်ဂျာကဒ်ကို သုံးခဲ့တယ်ဆိုတဲ့ သုံးသပ်ချက်တခုကလည်း အတွေးပွားဆင်ခြင်စရာပါ။ နိုင်ငံတကာ ဥပဒေတွေအရ ကိုင်တွယ်အရေးယူတဲ့အခါ တကယ့်တကယ်လွန်ကျူးမူရှိခဲ့တဲ့ အစုအဖွဲ့ကို သက်သေသာဓက အစုံအနဲ့ အရေးယူနိုင်ရင်ကောင်းသလို …၊ မလွန်ကျူးပါပဲနဲ့ သွယ်၀ိုက်သက်ရောက်ခံရသူတွေကိုလည်း ထိရောက်တဲ့ ပြစ်တင်စောကျောမူတော့ ရှိရမှာ လက်ခံပါတယ်။ လွန်ကျူးမှုအတိမ်အနက်ကိုတော့ သေချာဆန်းစစ်ဖို့တော့ လိုတာပေါ့ဆရာရေ ။နောက်ပြီး ပထဝီနိုင်ငံရေးအရနိုင်ငံကြီးတွေရဲ့ နိုင်ငံရေးကစားမူတွေကလည်း ဒီလိုဟာတွေမှာ အနည်းအများ ပါ၀င်ပတ်သက်နေကြတာလည်း ရှိနေတာကို ဆရာလည်း သိရှိနားလည်ပြီးသားဆိုတာယုံကြည်ပါတယ် ဆရာ”ဟု TNLA ခေါင်းဆောင်၏ ရေးသားချက်အောက်၌ မှတ်ချပြု ရေးသားထားသည်။

PSLF/TNLA ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့် အဖွဲ့နှင့် စစ်ကောင်စီ၏ ကစထ(၁)ကစထမှူး ဒုဗိုလ်ချုပ်ကြီးအဆင့်ရှိ ကိုကိုဦး ဦးဆောင်သည့် ကိုယ်စားလှယ်တို့သည် တရုတ်အစိုးရ၏ စီစဉ်မှုဖြင့် ဖေဖော်ဝါရီ ၁၆ရက်နှင့် ၁၇ရက်က ကူမင်း၌ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း မည်သည့် သဘောတူညီချက်မှ မရပေ။

ဆွေးနွေးပွဲတွင် TNLA ဘက်က အချက် ၃ချက် ကိုညှိနှိုင်းဆွေးနွေးခဲ့ရာ နှစ်ဖက်တပ်များ ရောက်သည့်နေရာ၌ ရပ်ထားပြီး အပစ်ရပ်စဲရန်၊ နှစ်ဖက်ထိုးစစ်များ ပြုလုပ်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်ကြီး ၊ လေယာဉ်ဖြင့် တိုက်ခိုက်ခြင်း အစရှိသည့် စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ရန်၊ နှစ်ဖက်ထိန်းချုပ်နယ်မြေများ၌ ဒေသခံ ပြည်သူများ စားဝတ်နေရေး နှင့် ဆေးဝါး သယ်ဆောင်နိုင်ရန် အတွက် ဖြတ်သန်းသွားလာခွင့်ပြုရန် အချက်တို့ ဖြစ်သည်ဟု TNLAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။