Connect with us

Hi, what are you looking for?

သတင်း

အသက်သွေးချွေးပေးဆပ်မှုများနှင့်ထိုက်တန်သည့် အောင်ပွဲရယူနိုင်ရေး ညီညွတ်စွာတိုက်ပွဲဝင်ကြရန် NUG ယာယီသမ္မတ တိုက်တွန်း

ပေးဆပ်လိုက်ရသည့် အသက်သွေးချွေး တခုစီတိုင်းအတွက် ထိုက်တန်သည့်အောင်ပွဲကို ရယူနိုင်ရေး နှင့် မြန်မာနိုင်ငံ၌ မည်သည့်အာဏာရှင်မျှ တကျော့ပြန်ခေါင်းထောင်မလာနိုင်ရေးအတွက် တော်လှန်ရေး အင်အားစုများအားလုံး၊ တိုင်းရင်းသားလူမျိုးစုများအားလုံးနှင့် ကျောင်းသားပြည်သူတရပ်လုံး အနေဖြင့် စုစည်းညီညွတ်စွာ အတူတကွတိုက်ပွဲဝင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းသည်။

ဟန်နွေ/People’s Spring

ပေးဆပ်လိုက်ရသည့် အသက်သွေးချွေး တခုစီတိုင်းအတွက် ထိုက်တန်သည့်အောင်ပွဲကို ရယူနိုင်ရေး နှင့် မြန်မာနိုင်ငံ၌ မည်သည့်အာဏာရှင်မျှ တကျော့ပြန်ခေါင်းထောင်မလာနိုင်ရေးအတွက် တော်လှန်ရေး အင်အားစုများအားလုံး၊ တိုင်းရင်းသားလူမျိုးစုများအားလုံးနှင့် ကျောင်းသားပြည်သူတရပ်လုံး အနေဖြင့် စုစည်းညီညွတ်စွာ အတူတကွတိုက်ပွဲဝင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းသည်။

ယနေ့ (မတ်လ ၁၃ရက်) ကျရောက်သည့် ကိုဖုန်းမော်၊ ကိုစိုးနိုင်ကျဆုံးခြင်း (၃၇) နှစ်ပြည့် နှစ်ပတ် လည်အထိမ်းအမှတ်သို့ ယာယီသမ္မတက သဝဏ်လွှာပေးပို့ရာ ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ ကိုဖုန်းမော် နှင့်ကိုစိုးနိုင်တို့ အပါအဝင် သမိုင်းတလျှောက် မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲအသီးသီး၌ အသက်၊ သွေး၊ ချွေး စွန့်လွှတ်ပေးဆပ်ခဲ့ကြသည့် သူရဲကောင်း အာဇာနည်များအားလုံးကို လေးမြတ်စွာ ဦးညွတ်ဂုဏ်ပြုကြောင်းလည်း ယာယီသမ္မတက ပြောကြားခဲ့သည်။

လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီရေးအတွက် ရဟန်းရှင်လူ၊ ကျောင်းသား ပြည်သူအပေါင်း အသက်သွေး များစွာ ပေးဆပ်ခဲ့ကြသည့် (၈) လေးလုံးအရေးတော်ပုံသည် (၂၆)နှစ်ကြာ တစ်ပါတီအာဏာရှင် စနစ်ကို အဆုံးသတ်စေခဲ့ပြီး သမိုင်းမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ကြောင်း၊ ထိုသို့ သမိုင်းမှတ်တိုင် စိုက်ထူရာ၌ ဦးဆောင် ပါဝင်ခဲ့ကြသူများထဲတွင် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့သည် ပထမဆုံး အသက်ပေးစွန့်ခဲ့ကြသည့် ကျောင်းသားခေါင်းဆောင် များဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

ရှစ်လေးလုံး အရေးတော်ပုံကြီးမှသည် နွေဦးတော်လှန်ရေးအထိ ကျောင်းသားပြည်သူအပေါင်း အသက် သွေးချွေးများစွာ ပေးဆပ်ခဲ့ရပြီးဖြစ်ရာ သမိုင်းအတွင်းက ဖြစ်ရပ်ဆိုးများကို မမေ့လျော့ ခြင်း၊ စွန့်လွှတ်ပေးဆပ်မှုများကို အမှတ်တရ ဂုဏ်ပြုခြင်းအားဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေး၊ လူ့အခွင့်အရေး အပြည့်အဝ ခံစားနိုင်ရေး၊ လွတ်လပ်ခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီရေး တို့အတွက် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားရန် အားသစ်လောင်းနိုင်မည်ဖြစ်ကြောင်းလည်း ယာယီသမ္မတက ပြောသည်။

ခေတ်သမိုင်းအဆက်ဆက်၊ မျိုးဆက်အလိုက် ပုခုံးထမ်းသယ်ဆောင်လာခဲ့သည့် တော်လှန်ရေးသည် ယနေ့အချိန်၌ စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းပြီး ကျောင်းသားပြည်သူအားလုံး လိုလား တောင့်တသည့် အမျိုးသားတန်းတူညီမျှမှုရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မည့် ပန်းတိုင်ကို နီးကပ်စွာ မြင်တွေ့နေရပြီဟုလည်း ပြောပြသည်။

“ယခု ကျနော်တို့အားလုံး စုပေါင်းတော်လှန်နေတဲ့ နွေဦးတော်လှန်ရေးမှာ ဒီမိုကရေစီအခွင့်အရေးနဲ့ ဖက်ဒရယ်အခွင့်အရေးတွေကို ခိုင်မာစွာ တည်ဆောက်နိုင်ဖို့ ဝိုင်းဝန်းကြိုးစားနေကြတာတွေ့ရမှာ ဖြစ်ပါတယ်”ဟု ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။

လက်ရှိ နွေဦးတော်လှန်ရေးတွင် တော်လှန်ရေးအင်အားစုအသစ်များနှင့် ယခင် လူမျိုးစုတော်လှန်ရေး အဖွဲ့များ ပေါင်းစည်းပြီး စစ်အာဏာရှင်ကို တွန်းလှန်ဖြိုဖျက်နေခြင်းဖြစ်ကြောင်းလည်း ယာယီသမ္မတက ပြောသည်။

ကိုဖုန်းမော်နှင့် ကိုစိုးနိုင် ကျဆုံးခြင်း (၃၇)နှစ်ပြည့် ကြေညာချက်ကို ရန်ကုန်နည်းပညာတက္ကသိုလ်က ယနေ့ ထုတ်ပြန်ချက်ရာ ကျောင်းသားခေါင်းဆောင်နှစ်ဦး ကျဆုံးခြင်း နှစ်ပတ်လည် နေ့များကို ၎င်းတို့ အသက်ပေးခဲ့ရသည့် မိခင် တက္ကသိုလ်မြေ၌ လွတ်လပ်ပြီး အနှစ်သာရ ပြည့်၀စွာ အမြန်ဆုံး ပြန်လည်ကျင်းပခွင့် ရရှိရေးသည် တခုတည်းသော စိတ်ဆန္ဒဖြစ်ကြောင်း ဖော်ပြသည်။

ယင်းအခြေအနေမှာ ကိုဖုန်းမော်၊ ကိုစိုးနိုင် အပါအဝင် ပေးဆပ်ခဲ့ကြသော ပြည်သူများအတွက် တရားမျှတမှုကို ရယူပေးပြီး ပြည်သူ တရပ်လုံး လိုလားသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်မှသာ ဖြစ်ပေါ်နိုင်မည်ဖြစ်၍ အကြမ်းဖက်စစ်အာဏာရှင် ယန္တရားတခုလုံး အမြစ်ပြတ် နိဂုံးချုပ်ရေး တော်လှန်အဖွဲ့အစည်းအားလုံး တစိတ်ဝမ်းတည်း ဟန်ချက်ညီ ဆောင်ရွက်ကြရန်လည်း ရန်ကုန် နည်းပညာတက္ကသိုလ်က ထုတ်ပြန်ခဲ့သည်။

(ကျောင်းသား ခေါင်းဆောင် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခြင်း (၃၄) နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် ပြောက်ကျားသပိတ် လှုပ်ရှားမှုကို ၂၀၂၂ မတ်လ ၈ ရက် ရန်ကုန်နည်းပညာ တက္ကသိုလ်၌ ပြုလုပ်ခဲ့စဉ်။ ဓာတ်ပုံ − ရန်ကုန်တကသ)

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံကြီးများ၏ ပထဝီဝင်နိုင်ငံရေးအားပြိုင်မှု ကြားထဲ၌ ပြည်တွင်း နိုင်ငံရေးကို ရုန်းထနေရသည့် အခြေအနေတွင်ရှိနေပြီး ဒေသတွင်း နိုင်ငံကြီးများ၏ ပါဝင်ပတ်သက်မှုသည် ပြည်တွင်းရေး အခြေအနေများကို ပဋိပက္ခသက်ဆိုးရှည်အောင် အပံ့အပိုးဖြစ်နေသည်ကို တွေ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

သတင်း

"စေ့စပ်ဆွေးနွေးရေးဆိုတာတော့ ဒါကအဓိက မထားချင်ဘူး။ ဘုံရန်သူကိုတော့ ရှိတဲ့ခွန်အားနဲ့ အကုန်လုံးကတော့ တိုက်မှပဲ။ မတိုက်ရင်တော့ စနစ်သစ်တခုကို ထူထောင်လို့မရတော့ဘူးလို့ ကျနော်ဒီအတိုင်းပဲထင်တယ်" - KNU ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်း

သတင်း

နွေဦးတော်လှန်ရေးတွင် ခုခံတော်လှန်မှု စစ်ရေးကဏ္ဍကို ပထမဦးစားပေး လုပ်ဆောင်နေရခြင်းဖြစ်၍ နိုင်ငံ့ဝန်ထမ်း CDM များအပေါ်အပြည့်အ၀ ထောက်ပံ့ကူညီပံ့ပိုးမှု မပြုလုပ်နိုင်ခဲ့သည့်အပေါ် နားလည်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က မေတ္တာရပ်ခံခဲ့သည်။

သတင်း

“ကျနော်တို့ဟာ စစ်တပ်အာဏာရှင်စနစ် အဆုံးတိုင် ပြိုလဲချိန်အထိ ဆက်လက်တိုက်ပွဲဝင်ကြရအုံးမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်”