Connect with us

Hi, what are you looking for?

သတင်း

နွေဦးတော်လှန်ရေးကို ကမ္ဘာ့နိုင်ငံများက မျက်နှာသာပေးမှုမရှိတဲ့အပေါ် အားမငယ်ဖို့ NUG ဝန်ကြီးချုပ်တိုက်တွန်း

ပြည်သူ့နွေဦးတော်လှန်ရေးအပေါ် ကမ္ဘာအခြေအနေအရပ်ရပ်က မျက်နှာသာပေးမှု အများကြီး မရှိတဲ့အပေါ်စိတ်ပျက်အားငယ်နေစရာမလိုဘဲ ကိုယ့်ခွန်ကိုယ့်အားနဲ့ တော်လှန်ရေးကိုအဆုံးသတ် အောင်ပွဲဆင်နွှဲနိုင်ကြောင်းပြသရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ-၂၆၊ ၂၀၂၅။ ထားမြတ်/People’s Spring

ပြည်သူ့နွေဦးတော်လှန်ရေးအပေါ် ကမ္ဘာအခြေအနေအရပ်ရပ်က မျက်နှာသာပေးမှု အများကြီး မရှိတဲ့အပေါ်စိတ်ပျက်အားငယ်နေစရာမလိုဘဲ ကိုယ့်ခွန်ကိုယ့်အားနဲ့ တော်လှန်ရေးကိုအဆုံးသတ် အောင်ပွဲဆင်နွှဲနိုင်ကြောင်းပြသရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၂၅ရက်က ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ အစည်းအဝေး မှာ ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်ကို NUG သတင်းပြန်ကြားရေးဌာနက ယနေ့ ဖော်ပြခဲ့တာပါ။

NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း လက်ရှိ ခုခံတော်လှန်စစ်ဟာ အခက်အခဲ အတားအဆီးတွေ ကြုံနေရပေမယ့် မလျော့သောဇွဲနဲ့ တော်လှန်ရေးပန်းတိုင်ကို ဆက်လက်ဆုပ်ကိုင်ပြီး အတူဝိုင်းဝန်းချီတက်ကြဖို့ စက်တင်ဘာ ၇ရက်က ကျရောက်ခဲ့တဲ့ ပြည်သူ့ ခုခံတော်လှန်စစ် ကြေညာခြင်း ၄နှစ်ပြည့်နေ့မှာ ပြောကြားထားပါတယ်။

Public Service Announcement

Public Service Announcement

” ဒေသတွင်း နိုင်ငံတွေအနေနဲ့လည်း စစ်အာဏာရှင်တွေရဲ့ မျက်နှာကို မကြည့်ဘဲ မြန်မာပြည်သူတစ်ရပ်လုံးရဲ့ မျက်နှာကိုငဲ့ဖို လေးနက်စွာ တောင်းဆိုချင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို နိုင်ငံရဲ့ အနာဂတ်လမ်းပြမြေပုံဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖြစ်ထွန်းပေါ်ပေါက်ဖို ဝိုင်းဝန်းကူညီပေးပါလို တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးဟာ ပြည်သူလူထုတစ်ရပ်လုံး အပါအဝင် ဒေသတွင်းနိုင်ငံတွေရဲ့ ကူညီအားပေးမှုကို ရရှိမှသာ ပိုမိုမြန်ဆန်စွာအောင်မြင်နိုင်မှာ ဖြစ်ပါတယ်”လို့ ယာယီသမ္မတက ပြောကြားထားတာပါ။

မနေ့က ကျင်းပခဲ့တဲ့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသ ကွပ်ကဲမှုနဲ့ ဖောင်ဆောင်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကသာခရိုင် ဗန်းမောက်မြို့သိမ်း အောင်ပွဲအတွက်လည်း ဝမ်းမြောက် ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။

မြို့တမြို့ သိမ်းပြီးပြီဆိုရင် နောက်ဆက်တွဲစီမံလုပ်ဆောင်ရမှာတွေကလည်း အင်မတန်များပြားတယ်ဆိုတာ ရှေ့မှာအတွေ့အကြုံတွေလည်း ရှိခဲ့ပြီးသား ဖြစ်တဲ့အတွက် အတွေ့အကြုံတွေကို အရင်းခံပြီး ဝန်ကြီးဌာနများ သေချာစွာ ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်ကြဖို့ များစွာအရေးကြီးတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အဖွဲ့ ဟာ ပဲခူးတိုင်းစစ်ဌာနသို့သွားရောက်ပြီး နယ်မြေအခြေအနေ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း NUG က မေလ ၄ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ NUG ဝန်ကြီးအချို့၊ PDF တပ်မှူးအချို့နဲ့ ဦးမင်းကိုနိုင်တို့ဟာ တော်လှန်ရေးတပ်​တွေက စိုးမိုးထိန်းချုပ်ထားတဲ့​ဒေသမှာအတူ လမ်းလျှောက်ထွက်တဲ့ ရုပ်သံမှတ်တမ်းကို တော်လှန်ရေးသတင်းရင်းမြစ်အချို့က​ပေးပို့ပါတယ် ။

သတင်း

နိုင်ငံရေးမှာ အမြဲတမ်းသဘောထားတိုက်ဆိုင်နေတာတွေ မရှိဘူးဆိုတာ ပုံမှန်သဘောတရားပဲ ဖြစ်ပေမယ့် တော်လှန်ရေးမှာတော့ သဘောထားတွေက ဖြစ်နိုင်သမျှ တိုက်ဆိုင်နိုင်အောင်၊ သဘောမျှနိုင်အောင် ကြိုးစားကြရမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ယာယီသမ္မတဒူဝါလရှီးလနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းတိ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ယာယီသမ္မတနဲ့ KNUဗဟိုက ဒီကနေ့ စက်တင်ဘာ ၂၅ရက်ညပိုင်းမှာ သတင်းထုတ်ပြန် အသိပေးခဲ့ပါတယ်။