Connect with us

Hi, what are you looking for?

သတင်း

မိုးညှင်းနှင့် ဗန်းမော်ထောင်ရှိ အကျဥ်းသားများကို စစ်တ​ပ်က လက်နက်ကိုင်ခိုင်းပြီး တိုက်ပွဲများတွင် အသုံးပြုနေ

ကချင်ပြည်နယ်၊ မိုးညှင်းနှင့် ဗန်းမော်အကျဥ်းထောင်များရှိ အကျဉ်းသားများ၊ ပြစ်ဒဏ်ကျ စစ်သားနှင့်ရဲများအား စစ်ကောင်စီက လက်နက်ကိုင်ခိုင်းပြီး တိုက်ပွဲများတွင် အသုံးပြုနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့ မတ်လ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။

CJ

■စစ်ကောင်စီထိန်းချုပ်ဒေသရှိ အကျဥ်းထောင်များတွင်လည်း အကျဥ်းသားများအား လက်နက်ကိုင်ခိုင်းပြီး ခုခံစစ်အတွက်ပြင်ဆင်နေဟု PPNMထုတ်ပြန်

မင်းညို/People’s Spring

ကချင်ပြည်နယ်၊ မိုးညှင်းနှင့် ဗန်းမော်အကျဥ်းထောင်များရှိ အကျဉ်းသားများ၊ ပြစ်ဒဏ်ကျ စစ်သားနှင့်ရဲများအား စစ်ကောင်စီက လက်နက်ကိုင်ခိုင်းပြီး တိုက်ပွဲများတွင် အသုံးပြုနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့ မတ်လ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီသည် အကျဥ်းထောင်တွင်းရှိ အကျဉ်းသားများကို တော်လှန်ရေးတပ်များအား ခုခံတိုက်ခိုက်ရန် လက်နက်ကိုင်ခိုင်းပြီး ခုခံစစ်အတွက် ပြင်ဆင်နေသည်ကို အချိန်ယူ စုံစမ်းခဲ့ပြီးနောက် အတည်ပြု စိစစ်တွေ့ရှိခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အထူးသဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာများအတွင်းရှိနေသည့်အကျဉ်းထောင်များတွင် ရာဇဝတ်အကျဉ်းသားများကို ထောင်တွင်းခံစစ်အတွက် လက်နက်တပ်ဆင်၍ ကင်းစောင့်ခိုင်းခြင်းအပါအဝင် တော်လှန်ရေးတပ်ဖွဲ့များလာရောက်တိုက်ခိုက်ပါက စစ်သားများနှင့်အတူ ခုခံကာကွယ်ရန် အတင်းအဓမ္မ အမိန့်ပေးစေခိုင်းလျက်ရှိနေသည်ဟု PPNMက အသိပေးသည်။

ကချင်ပြည်နယ်အတွင်း KIA တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေသည့် ဗန်းမော်နှင့် မိုးညှင်းမြို့နယ်ရှိ အကျဥ်းထောင်များတွင် ရာဇဝတ်မှုများဖြင့် နှစ်ကြီးကျနေသည့် အကျဉ်းသားအချို့ကိုလည်း လက်နက်များတပ်ဆင်၍ ထောင်ခံစစ်ကင်းများတွင် လုံခြုံရေးစောင့်ခိုင်းခြင်းနှင့် စစ်ကောင်စီနှင့်အတူ ပူးတွဲခုခံမှုများလုပ်ဆောင်‌ရန် စေခိုင်းနေကြောင်း PPNMက ထပ်မံအသိပေးသည်။

ထို့အပြင် စစ်စည်းကမ်း၊ရဲစည်းကမ်းဖောက်ဖျက်မှုကြောင့် အကျဉ်းထောင်တွင်း ဖမ်းဆီးထားသည့် စစ်သားနှင့်ရဲတပ်ဖွဲ့ဝင်များကို လက်နက်တပ်ဆင်ခြင်းများလည်းရှိနေကြောင်း၊ ၁၁၁၁(တစ်လေးလုံး) စစ်ဆင်ရေးဖြင့်လွိုင်ကော်ထောင်ကို တော်လှန်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ချိန်တွင် လည်းဗိုလ်အဆင့်ဖြင့် အကျဉ်းထောင်တွင်းဖမ်းဆီးခံထားရသူများကို တိုက်ပွဲတွင်ပါဝင်တိုက်ခိုက်ပါက ကျခံနေရသည့် ပြစ်ဒဏ်များကို ဖျက်သိမ်း၍ မှုလရာထူးကို(ယာယီ) ပေး၍ တိုက်ပွဲအတွင်း ပြန်လည်အသုံးပြုခဲ့သည်ဟု PPNM၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“စစ်စည်း၊ရဲစည်းတွေကို မူလတာဝန်တွေပေးပြီး တိုက်ခိုင်းတဲ့အချိန်မှာ တိုက်ပွဲမှာ ပါဝင်တဲ့သူတွေကိုလည်း မူလရာထူးတွေပြန်ပေးပြီး ပြစ်ဒဏ်တွေ လျှော့ပေါ့လိုက်တာမျိုးတွေရှိတယ်။ ဒီ ၂၀၂၅ မှာတော့အကျဥ်းသားတွေကိုပါတိုက်ပွဲတွင်းမှာ ရုတ်တရက်လျော့သွားတဲ့အင်အားကို ဖြည့်တင်းဖို့အတွက် အကျဥ်းသားတွေကို အသုံးပြုလာတာမျိုးတွေ တွေ့ရတယ်။ ရှေ့ဆုံးခံတပ်တွေမှာ အကျဥ်းသားတွေကို အသုံးပြုတာမျိုးတွေ ရှိခဲ့တယ်။ လက်တလောတိုက်ပွဲတွင်းမှာ မကျရောက်သေးသော်ငြားလည်း တိုက်ပွဲအချိန်မရွေး ဖြစ်ပွားနိုင်တဲ့ ဒေသတွေမှာ အကျဥ်းသားတွေကို ယခုလိုပုံစံမျိုး အသုံးပြုလာတာကို တွေ့ရတဲ့အတွက် ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။”ဟု PPNM၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းက ပြောသည်။

ယခုကဲ့သို့ အကျဉ်းသားများအား အတင်းအဓမ္မစစ်မှုထမ်းခိုင်းခြင်း၊ ဖမ်းဆီးအကျဉ်းချခံထားရသည့် စစ်တပ်နှင့်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များကို ပြစ်ဒဏ်လွတ်ငြိမ်းမှုရရန် စစ်တပ်တွင် တာဝန်ထမ်းဆောင်စေခြင်းများသည် တရားမဝင်လုပ်ရပ်များကို ပေါ်ပေါ်တင်တင် ကျူးလွန်၍ အင်အားဖြည့်တင်းလာမှုအား အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က အသိပေးထုတ်ပြန်ထားသည်။

KIA ဦး​ဆောင်​သော ပူး​ပေါင်းတပ်များက ဗန်း​မော်မြို့ရှိစစ်တပ်စခန်းများ ၊တပ်ရင်းများ၊ဌာနချုပ်များကို ၂၀၂၄ ဒီဇင်ဘာ ၄ ရင်မှစတင်ထိုးစစ်ဆင်​နေရာ မြို့ရှိစစ်တပ်စခန်းများ၊တပ်ရင်းများစွာကိုသိမ်းပိုက်ထားသည်။ ဗန်း​မော်မြို့တွင်စစ်​ကောင်စီ၏ အ​ရေးပါဆုံးဖြစ်​သော စကခ ၂၁ ကို KIA နှင့် မဟာမိတ်များက အပြီးသတ် သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာဒီနေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလက်နက်ကြီးတွေပစ်ခတ်နေသလို ဒေသခံတွေဟာ ဘေးပတ်ဝန်းကျင်မြို့တွေကိုရှောင်တိမ်းလာကြတယ်လို့သိရပါတယ်။

သတင်း

မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်အသက်သွင်းခြင်းဟာ အချိန်အခါမဟုတ်ဘဲ၊ ပါဝင်ပတ်သက်သူများ ကြား ကွဲပြားမှုကို ပိုမိုဖြစ်စေပြီး လက်နက်ကိုင်ပဋိပက္ခကို ပိုမိုပြင်းထန်လာစေနိုင်ကြောင်း ကချင်အဖွဲ့တွေ အပါအဝင်အဖွဲ့အစည်း ၁၂၉ဖွဲ့ရဲ့ ကချင်ဒေသတကျော့ပြန်စစ်ပွဲ (၁၅) နှစ်ပြည့်အထိမ်းအမှတ် ပူးတွဲသဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။