Connect with us

Hi, what are you looking for?

သတင်း

မြန်မာ အပါအဝင် ၄၁ နိုင်ငံကို ဗီဇာ ပိတ်ပင်မှုတွေအတွက် အမေရိကန် စဉ်းစားနေ

အမေရိကန် အစိုးရဟာ နိုင်ငံပေါင်း ၄၁ ခုရဲ့ နိုင်ငံသားတွေကို ပြည်ဝင်ခွင့် ဗီဇာ ပိတ်ဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

FILE PHOTO: A sailboat passes by the Statue of Liberty in New York Harbor, in New York City, U.S., September 20, 2024. REUTERS/Brendan McDermid/File Photo

အမေရိကန် အစိုးရဟာ နိုင်ငံပေါင်း ၄၁ ခုရဲ့ နိုင်ငံသားတွေကို ပြည်ဝင်ခွင့် ဗီဇာ ပိတ်ဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

သမ္မတ ဒေါ်နယ်လ်ထရမ့်က စဉ်းစားနေတဲ့ ဗီဇာပိတ်ပင်ရေး အစီအမံသစ်အတွက် နိုင်ငံ ၄၁ ခုကို အုပ်စု ၃ ခုခွဲပြီး လျာထားတယ်လို့ Rueters သတင်း ဌာနက ရရှိခဲ့တဲ့ ဌာနဆိုင်ရာ အတွင်းပိုင်း ညွှန်ကြားချက် တစ်ခုမှာ ပါရှိခဲ့ပါတယ်။

ပြီးတော့ အဲဒီလို ပိတ်ပင်မှုမျိုး ရှိလာနိုင်တယ် ဆိုတာကို ဖြစ်စဉ်နဲ့ နီးစပ်တဲ့ အစိုးရ အရာရှိ တချို့ကလည်း အတည်ပြုထားပါတယ်။

နိုင်ငံတွေကို ခွဲခြား သတ်မှတ်ထားတဲ့ အုပ်စု ၃ ခုကတော့ ဗီဇာအမျိုးအစား မှန်သမျှကို ပိတ်ပင်ဖို့ ဆိုတာရယ်၊ အလည်အပတ်နဲ့ ပညာရေး အပါအဝင် ဗီဇာ အမျိုးအစား တချို့ကို ပိတ်ပင်ဖို့ ဆိုတာရယ်၊ တချို့ ကဏ္ဍတွေမှာ ပြင်ဆင်ပြောင်းလဲမှုတွေ ရှိမလာရင် ဗီဇာပိတ် အရေးယူသင့်တယ်လို့ ထောက်ခံ သတ်မှတ်ထားတဲ့ နိုင်ငံတွေရယ် ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာကတော့ ဗီဇာ အမျိုးအစားတချို့ ကန့်သတ် ပိတ်ပင်ခံရသင့်ကြောင်း စာရင်းတို့ထားတဲ့ ဒုတိယ အုပ်စုထဲမှာ အကျုံးဝင်နေပါတယ်။

အခုကိစ္စနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် သိရှိထားတဲ့ အမည်မဖော်လိုသူ အစိုးရ အရာရှိ တစ်ယောက်ကတော့ စာရင်းထဲက နိုင်ငံတွေမှာ အပြောင်းအလဲ ရှိလာနိုင်သလို နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုဆီက တရားဝင် အတည်ပြု အမိန့်လည်း မရှိသေးဘူးလို့ ပြောပါတယ်။

အဲဒီ နိုင်ငံတွေ စာရင်းမှာ အာဖဂန် နစ္စတန်၊ ကျူးဘား၊ အီရန်၊ လစ်ဗျား၊ မြောက်ကိုရီးယား ဆိုမာလီယာ၊ ဗင်နီဇွဲလား၊ ယီမင်၊ ဆီးရီးယားတို့ဟာ ဗီဇာ အလုံးစုံ ပိတ်ခံရဖို့ လျာထားခံရပါတယ်။

မြန်မာ၊ ဟေတီ၊ အီရီထရီးရား၊ လာအို၊ တောင်ဆူဒန် နိုင်ငံတွေကတော့ ဗီဇာ အမျိုးအစားတချို့ ကန့်သတ် ပိတ်ပင် ခံရမယ့် အခြေအနေ ရှိနေပြီး အန်ဂိုလာ၊ ဘီလားရုစ်၊ ပါကစ္စတန်၊ ဘူတန်၊ ကမ္ဘောဒီးယားစတဲ့ နိုင်ငံတွေ၊ အာဖရိက နိုင်ငံတချို့နဲ့ ကျွန်းနိုင်ငံငယ် တချို့ကတော့ ဗီဇာပိတ်ဆို့မှုအတွက် စဉ်းစားသင့်ကြောင်း ထောက်ခံဖော်ပြထားတဲ့ စာရင်းထဲ ပါဝင်နေတယ်လို့ သိရပါတယ်။

ကိုးကား – Reuters၊ ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

အတွေးအမြင်

လားရှိုးကိစ္စဟာ မြန်မာ့ ပြည်တွင်းစစ်မှာ တရုတ်ကခိုးကြောင်ခိုးဝှက်မဟုတ်ဘဲ ပေါ်ပေါ်ထင်ထင် ကြားဝင်စွက်ဖက်ခဲ့တဲ့၊ ပြီးတော့ သက်ရောက်မှု ကြီးမားတဲ့ အရွေတစ်ခုဖြစ်ပါတယ်။

သတင်း

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒီနေ့ ညနေပိုင်း တွေ့ဆုံခဲ့ပြီး မနက်ဖြန်(ဧပြီ ၁၈ရက်)မနက်ပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံသွားဖို့ ရှိတယ်လို့ အသိပေးပါတယ်။

သတင်း

လုံခြုံ​ရေးစိုးရိမ်​နေတဲ့အာဏာသိမ်း​ခေါင်း​ဆောင်ဟာ​တွေ့ဆုံပွဲပြီး အမြန်ပြန်ဖွယ်ရှိ

သတင်း

မြန်မာနိုင်ငံမှာ ငလျင်ကြောင့် ထပ်တိုးလူဦးရေ ၂ သန်းခန့်ဟာ အရေးပေါ် အကူအညီတွေနဲ့ ကာကွယ်စောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(OCHA)က ထုတ်ပြန်ထားပါတယ်။

Facebook