Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့သိမ်းတိုက်ပွဲ ထောက်ပို့တောင်သူများပိုင် နွားနောက်များအတွက် ဒေါင့်သန်းရောဂါကာကွယ်ဆေးထောက်ပံ့

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ထောက်ပို့ရေးလုပ်ပေးခဲ့သော မွေးမြူရေးတောင်သူများပိုင် နွားနောက်များ ဒေါင့်သန်းရောဂါဖြစ်ပွာနေမှုအပေါ် ကာကွယ်ဆေးထောက်ပံ့မည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပကဖ)က ကြေညာသည်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ဒေသခံများက CDF-Kanpetlet တပ်၏ ဘဏ္ဍာရေးအခက်အခဲများဖြေရှင်းရန် ၂၀၂၃ခုနစ်က နွားနောက် ၆၀ကျော် လှူဒါန်းစဉ်။ ဓာတ်ပုံ - CDF-Kanpetlet

မတ်-၁၉၊ ၂၀၂၅။အိမ်သွင်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ထောက်ပို့ရေးလုပ်ပေးခဲ့သော မွေးမြူရေးတောင်သူများပိုင် နွားနောက်များ ဒေါင့်သန်းရောဂါဖြစ်ပွာနေမှုအပေါ် ကာကွယ်ဆေးထောက်ပံ့မည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပကဖ)က ကြေညာသည်။

ချင်းတော်လှန်ရေးတပ်များက မြို့သိမ်းတိုက်ပွဲတိုက်ခိုက်နေစဉ် ဒေသခံတောင်သူများက နွားနောက်၊နွား၊ကျွဲ၊ဆိတ်၊ဝက်၊ကြက်တို့ကို လှူဒါန်းခဲ့ကြသည်ဟု ဆိုသည်။ လက်ရှိတွင် မြို့နယ်အတွင်း၌ နွားနောက်များ ဒေါင့်သန်းရောဂါဖြစ်ပွားနေပြီး ကုသရန် အခက်အခဲရှိနေချိန် အခမဲ့ကုသပေးရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စီစဉ်ခြင်းခြင်းဖြစ်သည်။

” မြို့သိမ်းတိုက်ပွဲကာလတုန်းက ပြည်သူက ရတဲ့နည်းနဲ့ ထောက်ပို့လုပ်ကြတာ။ ဒါက သိပ်အရေးပါတယ်”ဟု ချင်းတော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မင်းတပ်မြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီကလည်း မြို့နယ်တွင်းမှ ပိုင်ရှင်မဲ့ခွေးနှင့် ကြောင်များနှင့် မြို့အနီးရှိ ကျေးရွာများမှ မွေးမြူထားသော အိမ်မွေးခွေးနှင့် ကြောင်များအား ခွေးရူးပြန်ကာကွယ်ဆေးထိုးပေးခဲ့သည်။

လက်ရှိတွင် နွားနောက်များ ဒေါင့်သန်းရောဂါဖြစ်ပွားမှုသည် မင်းတပ်အပြင် ချင်းပြည်နယ်မှ အခြားမြို့နယ်အချို့၌လည်း ဖြစ်နေ၍ ဒေသခံများ အကူအညီလိုအပ်နေသည်။

မင်းတပ်မြို့ကို ချင်းညီနောင်စစ်ဆင်ရေး(Operation CB)ဖြင့် တော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၄ ဒီဇင်ဘာတွင် တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

ချင်းပြည်နယ်ရဲ့ တနေရာက ဆေးရုံအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်တဲ့ The Revolution ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင် လင်းလင်းက ဖိတ်ခေါ်လိုက်ပါတယ်။