Connect with us

Hi, what are you looking for?

သတင်း

မူးယစ်​ဆေးစွပ်စွဲချက်မှာ စစ်ရေးအရေးနိမ့်နေချိန်များတွင် စစ်အစိုးရအဆက်ဆက်လုပ်နေကျအကျင့်နှင့် လုပ်လေ့လုပ်ထရှိသော နိုင်ငံရေးယုတ်မာမှုဟု ULA/AA တုံ့ပြန်

ရန်ကုန်မြို့၌ မူးယစ်ဂိုဒေါင်ဖမ်းဆီးရမိမှုတွင် အာရက္ခတပ်တော်(AA)၏ စီးပွားရေးတာဝန်ခံက စီမံနေကြောင်း စစ်ကောင်စီထုတ်ပြန်ချက်မှာ စစ်ရေးအရ အရေးနိမ့်နေသောအချိန်များတွင် စစ်အစိုးရအဆက်ဆက်လုပ်နေကျအကျင့်နှင့် လုပ်လေ့လုပ်ထရှိသော နိုင်ငံရေးယုတ်မာမှုဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ယနေ့(မတ်လ ၂၀ရက်)တွင် ထုတ်ပြန်သည်။

ရန်ကုန်မြို့တွင် မူးယစ်ဂိုဒေါင်အား စစ်ကောင်စီအဖွဲ့ ဖမ်းမိထားသည်ဆိုသည့် ထုတ်ပြန်ချက်ပုံအား တွေ့ရစဉ်။ ဓာတ်ပုံ - CCDAC Myanmar

မတ်-၂၀၊၂၀၂၅။ ဒီဒီး/People’s Spring

ရန်ကုန်မြို့၌ မူးယစ်ဂိုဒေါင်ဖမ်းဆီးရမိမှုတွင် အာရက္ခတပ်တော်(AA)၏ စီးပွားရေးတာဝန်ခံက စီမံနေကြောင်း စစ်ကောင်စီထုတ်ပြန်ချက်မှာ စစ်ရေးအရ အရေးနိမ့်နေသောအချိန်များတွင် စစ်အစိုးရအဆက်ဆက်လုပ်နေကျအကျင့်နှင့် လုပ်လေ့လုပ်ထရှိသော နိုင်ငံရေးယုတ်မာမှုဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ယနေ့(မတ်လ ၂၀ရက်)တွင် ထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ကျပ်၉၆ဘီလီယံကျော်တန်ဖိုးရှိအိုက်စ်(မက်သ်အဖက်တမင်း) ၃ တန်ကျော်၊ ကက်တမင်း ၂၀၀ ကီလိုတို့နှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါး အလွဲသုံးမှုထိန်းချုပ်ရေး ဗဟိုကော်မတီ(CCDAC-Myanmar)ကမတ်လ ၁၈ရက်တွင် ထုတ်ပြန်ခဲ့ရာ မူးယစ်မှောင်ခိုဂိုဏ်းကို ၀ဒေသပန်ဆန်းမြို့၌ နေထိုင်သူနှင့် အာရက္ခတပ်တော်(AA)၏ စီးပွားရေး တာဝန်ခံတို့က စီမံနေခြင်းဖြစ်ကြောင်း စွပ်စွဲထုတ်ပြန်မှုအပေါ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)က အထက်ပါအတိုင်း ထုတ်ပြန်အသိပေးသည်။

ဖက်ဆစ်အကြမ်းဖက် စစ်ရာဇဝတ်တပ် စစ်ကောင်စီ၏ ဝါဒဖြန့်ချီရေးရုပ်သံများ၊ သတင်းစာများနှင့် သတင်းဂျာနယ်များတွင် ၂၀၂၅ မတ်လ ၁၈ရက်၊ ၁၉ရက်များ၌ ဖော်ပြနေသော မူးယစ်ဆေးဝါးဖမ်းဆီးရမိသည့် သတင်းနှင့်ပတ်သက်၍ အဆိုပါသတင်းမှာ မိမိတို့အဖွဲ့အစည်းနှင့် မည်သို့မျှ ပတ်သက်မှုမရှိပါကြောင်း ထုတ်ပြန်ကြေညာချက်ဟု ULA/AAက ဆိုသည်။

Public Service Announcement

Public Service Announcement

ဖက်ဆစ်အကြမ်းဖက် စစ်ရာဇဝတ်တပ် စစ်ကောင်စီ၏ စွပ်စွဲချက်ဖြစ်သော “မူးယစ်ဂိုဏ်းတစ်ခုမှ မူးယစ်ဆေးဝါး ဖမ်းမိသောကိစ္စရပ်ထဲတွင် မိမိတို့အဖွဲ့အစည်းအား မဆီမဆိုင် အတင်းယိုးစွပ်သည့် စွပ်စွဲချက်” သည် ယုတ္တိလုံးဝမရှိသည့်အပြင် နိုင်ငံရေးသိက္ခာချသော စွပ်စွဲချက်တစ်ခုသာဖြစ်သည်ဟု ဖော်ပြထားသည်။ ထို့အပြင် ဖက်ဆစ်အကြမ်းဖက် စစ်ရာဇဝတ်တပ် စစ်ကောင်စီသည် AAအား စစ်ရေးအရ ရှုံးနိမ့်နေသည့်ကာလဖြစ်သည့်အပြင် ပြည်တွင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအလယ်၌ အရှက်ရနေသောအချိန်လည်း ဖြစ်နေသောကြောင့် ရှက်ရမ်းရမ်းကာ ULA/AAအဖွဲ့အစည်းအား အငြိုးအတေးကြီးစွာဖြင့် နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်မှုတစ်ခုလည်း ဖြစ်သည်ဟု ရှုမြင်သုံးသပ်မိစည်ဟု ရေးသားထားသည်။

ဒုစရိုက်မှုများ၊ မူးယစ်ဆေးဝါးကိစ္စများအပြင် ခေတ်သစ် အွန်လိုင်း လိမ်လည်လောင်းကစား ကျားဖျန့်ကိစ္စများမှာ အကြမ်းဖက်အုပ်စု ဖက်ဆစ်စစ်ကောင်စီ၏ ထိန်းချုပ်ထားသော နေရာများ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ စစ်ကောင်စီမှ ခေတ်အဆက်ဆက် လက်သပ် မွေးထားသော ပြည်သူ့စစ်များ ကြီးစိုးထိန်းချုပ်ရာ နယ်မြေများနှင့် အကျင့်ပျက် အဂတိလိုက်စား လာဘ်ပေးလာဘ်ယူ စစ်ဗိုလ် ချုပ်ကြီးများ ပိုင်ဆိုင်သောနေရာများတွင်သာ အဓိကတွေ့ရလေ့ရှိသည်ဟု ဆိုသည်။ လောင်းကစား၊ မူးယစ်ဆေးဝါး ကိစ္စရပ်များအားလုံးတွင် ခြစား၊ လာဘ်စား စစ်ကောင်စီ ဗိုလ်ချုပ်ကြီးများ၏ ပါဝင်ပတ်သက်နေမှုများရှိနေပြီး ၎င်းတို့၏ လက်ချက်များသာ ဖြစ်သည်။ ဤသည်ကို ငြင်းမရသော သက်သေအထောက်အထားများမှ သက်သေခံ လျက်ရှိသည်မှာ ကမ္ဘာသိပင်ဖြစ်သည်ဟု ULA/AAက ဖော်ပြသည်။

စစ်အစိုးရ တစ်နည်းအားဖြင့် စစ်အာဏာရှင်အစိုးရအဆက်ဆက်တို့သည် ၎င်းတို့အား ခေတ်အဆက် ဆက်တွင် တော်လှန်ပုန်ကန်နေကြသူများကို ညှိနှိုင်းဆွေးနွေးရန်မလိုသော ရန်ဘက်များအဖြစ် သတ်မှတ်ပြီး စစ်ရေးအရ ကြီးမားသော တုံ့ပြန်မှုမျိုးနှင့်အတူ သတင်းအမှားအမျိုးမျိုးဖြင့် လုပ်ကြံဖန်တီးတိုက်ခိုက်ခဲ့ကြသည်။ နိုင်ငံရေးအရ ယိုးစွပ် တိုက်ခိုက်မှုမျိုးပေါင်းစုံကို ၎င်းတို့၏ သတင်းမီဒီယာ၊ ရုပ်သံများမှ ထုတ်လွှင့်ပြသ၍ တိုက်ခိုက်ခဲ့ကြသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးဖြစ်သည်။ ထို့အတူ ယခု သတင်းပါကိစ္စရပ်သည်လည်း စစ်ကောင်စီ၏ မိမိတို့အဖွဲ့အစည်းအပေါ် နိုင်ငံရေးအရ ထိုးနှက် တိုက်ခိုက်မှုမျိုးသာ ဖြစ်သည်ဟု ဆိုသည်။

ကရင် (KNU)၊ ကချင် (KIO)၊ ကိုးကန့် (MNDAA) အစရှိသော တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တိုက်ပွဲများပြင်းထန်နေသောကာလများ၌ဆိုလျှင် မည်သည့်ကိစ္စကိုမဆို ဤအဖွဲ့အစည်းများအပေါ် အပြစ်ပုံချကာ ယိုးစွပ်ထိုးနှက်တိုက်ခိုက်သော ဖြစ်ရပ်များ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တစ်ဖွဲ့နှင့် တိုက်ပွဲများဖြစ်ပွားနေပြီး ၎င်းတို့ စစ်ရေးအရ အရေးနိမ့်နေသောအချိန်များတွင် နိုင်ငံရေးအောက်လုံး၊ ထိုးနှက်ချက်၊ သိက္ခာချမှုများကို အချိန်ကိုက်ပြုလုပ်လေ့ရှိသည်မှာ ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီတစ်ဖြစ်လဲ စစ်အစိုးရအဆက်ဆက်၏ လုပ်နေကျအကျင့်နှင့် လုပ်လေ့လုပ်ထရှိသော နိုင်ငံရေး ယုတ်မာမှုပင်ဟု ULA/AAက ထုတ်ပြန်သည်။

လက်ရှိအချိန်၌လည်း ဖက်ဆစ်အကြမ်းဖက် စစ်ရာဇဝတ်တပ် စစ်ကောင်စီသည် မြန်မာတစ်နိုင်ငံလုံး အနှံ့အပြား၌ ၎င်းတို့၏ စစ်ရေးအရအရေးပါသော တိုင်းစစ်ဌာနချုပ်များ၊ ဗျူဟာစခန်းများ၊ တပ်မ၊ တပ်ရင်းဌာနချုပ်များ တစ်ခုပြီးတစ်ခု ဆုံးရှုံးနေသည့်အချိန်တွင် ဤကဲ့သို့သော မူးယစ်ဆေးဝါးကိစ္စရပ်များနှင့် အတင်းဆက်စပ်ပြီး သတင်းရေးသားထုတ်ဝေနေသည်မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ကို နိုင်ငံရေး အောက်လုံးများဖြင့် အချိန်ကိုက်ထိုးနှက်တိုက်ခိုက်သော လုပ်ရပ်၊ နိုင်ငံရေးသိက္ခာချသောလုပ်ရပ်ဖြစ်သည့်အပြင် ၎င်းတို့ အထင်အရှားကျူးလွန်နေသော ပြစ်မှုများကို မိမိတို့ အဖွဲ့အစည်းအပေါ် အပြစ်လွှဲချသောလုပ်ရပ်များသာ ဖြစ်ပြီး ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ မိမိတို့အဖွဲ့အစည်းအပေါ် မူးယစ်ဆေးဝါးဖမ်းမိသည့် ကိစ္စနှင့် အတင်းဆက်စပ်ပတ်သက်နေသည်ဟူသော စွပ်စွဲချက်မျိုးမှာ မိမိတို့နှင့် မည်သို့မျှ ဆက်စပ်မှုမရှိကြောင်းကို အခိုင်အမာ ပြောကြားလိုက်သည်ဟု ဖော်ပြထားသည်။

(ရန်ကုန်မြို့တွင် မူးယစ်ဂိုဒေါင်အား စစ်ကောင်စီအဖွဲ့ ဖမ်းမိထားသည်ဆိုသည့် ထုတ်ပြန်ချက်ပုံအား တွေ့ရစဉ်။ ဓာတ်ပုံ – CCDAC Myanmar)

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အနီးတွင် ယနေ့(ဧပြီ၂၀ရက်) ညပိုင်းက ပေါက်ကွဲသံ ငါးချက်ထက်မနည်းထွက်ပေါ်ခဲ့ပြီး ဒေသခံများ စိုးရိမ်နေသည်။

ဆောင်းပါး

မီးလောင်ပြင်တွင် ဝမ်းနည်းပူ​ဆွေးစွာ ငိုကြွေးသံများ ဘဝဂ်ညံနေသည်။ အမျိုးသမီးအချို့က မြေပြင်၌လူးလိမ့်၍ငိုကြွေးနေကြသည်။ အမျိုးသားများကလည်း အော်ဟစ်၍ မီး​လောင်ပြင်တွင်အသက်ရှင်​နေသူများရှိဦးမလား ပြာပန်းခတ် ရှာ​ဖွေနေကြသည်။

သတင်း

MNDAAဆုတ်ခွာပြီးစစ်ကောင်စီပြန်ဝင်လာသည့်လားရှိုးမြို့တွင် အုပ်ချုပ်ရေးယန္တရားပျက်ပြား​နေပြီးလူနေထိုင်ခြင်းမရှိသည့်အ‌ဆောက်အအုံအချို့ကို လူတချို့ကဝင်​ရောက်၍ပစ္စည်းများခိုး ယူနေကြသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက ယာယီအပစ်ရပ်စဲမည်ဟုကြေညာထားသော်လည်း တစ်ရက်မှ အပစ်မရပ်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။