Connect with us

Hi, what are you looking for?

သတင်း

အင်းတော်စစ်ကူသွား​​သောစစ်​ကြောင်း ပျက်​သွားပြီး​နောက် ခမရ(၃၀၉)ကို ရဟတ်ယာဉ်ဖြင့် အင်အားထပ်ဖြည့်

အင်း‌တော်တို့စစ်ကူသွား​သောစစ်တပ်စစ်​ကြောင်း အင်း​တော်နှင့်ကသာမြို့နယ်ကြားတွင် စစ်ကြောင်းပျက်သည်အထိ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက အမှတ် (၃၀၉)ခြေမြန်တပ်ရင်း(ခမရ-၃၀၉)ထဲသို့ ရဟတ်ယာဉ်ဖြင့် အင်အားဖြည့်နေသည်။

အင်း​တော်သို့စစ်ကူသွား​သောစစ်​ကြောင်း ​တော်လှန်​​ရေးတပ်များဝိုင်းတိုက်၍ ​သေဆုံး ၊ဒဏ်ရာရသူ ၊ စစ်သုံ့ပန်းများစွာဖြင့် တပ်ပျက်သွားပြီး​နောက် သိမ်းဆည်းရရှိ​သော​သေနတ်များ။ ဓါတ်ပုံ-ကချင်​တောင်တန်း

မတ်-၂၀၊၂၀၂၅။မိထက်/People’s Spring

အင်း‌တော်တို့စစ်ကူသွား​သောစစ်တပ်စစ်​ကြောင်း အင်း​တော်နှင့် ကသာမြို့နယ်ကြားတွင် စစ်ကြောင်းပျက်သည်အထိ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက အမှတ် (၃၀၉)ခြေမြန်တပ်ရင်း(ခမရ-၃၀၉)ထဲသို့ ရဟတ်ယာဉ်ဖြင့် အင်အားဖြည့်နေသည်။

မတ်လ ၁၆ရက်မှစ၍ ကသာမြို့မှ ခမရ(၃၀၉)အတွင်းသို့ ရဟတ်ယာဉ် ငါးကြိမ်ဆင်းသက်ခဲ့ပြီး လူနှင့်လက်နက်ခဲယမ်းများပို့နေသည်ဟု PDFတဦးကပြောသည်။

“ရေလမ်းရော၊ ကုန်းလမ်းရော သုံးမရတော့ လေကြောင်းကနေ အင်အားပြန်ဖြည့်နေတာ။ ဒီတခါလည်း စစ်သင်တန်းဆင်းတွေပိုများတယ်။ တပ်ရှေ့ကိုတော့ ဘယ်သူ့ကိုမှဖြတ်ခွင့်မပေးဘဲကြိတ်လုပ်နေကြတယ်”ဟု အထက်ပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ကပြောသည်။

Public Service Announcement

Public Service Announcement

မတ်လ ၁၅ရက်က ​တော်လှန်​ရေးတပ်များက ပိတ်ဆို့၍ မြိူ့သိမ်းတိုက်ပွဲဆင်နွှဲ​နေ​သော အင်း​တော်မြို့သို့ စစ်ကူသွားရန် ခမရ(၃၀၉)မှ ထွက်လာသည့်အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းအား အင်း‌တော်နှင့်ကသာမြို့နယ်ကြားတွင် KIA ၊ PDF နှင့်ပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။အရာရှိအချို့အပါအဝင် စစ်သုံ့ပန်း၂၉ဦးဖမ်းမိပြီး၄၀ဦးခန့် သေဆုံးခဲ့သည်။

စစ်သုံ့ပန်း ၂၉ဦး၌ စစ်မှုထမ်းဥပဒေဖြင့်စစ်သားစုဆောင်းခံရသူအချို့နှင့်အရာရှိအချို့ပါဝင်သည်။

“သုံ့ပန်းစစ်ဆေးနေဆဲပဲ။အဖမ်းခံရတော့လည်း သူတို့မှာလုံးဝအပြစ်မရှိသလို ပြောတယ်ဗျာ။ ကြောက်လည်းကြောက်တတ်ကြတယ်”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

မတ်လ ၁၅ရက်က တိုက်ပွဲအတွင်း ပြည်သူ့ကာကွာကွယ်ရေးတပ်ဘက်မှ ထိခိုက်သူအချို့ရှိခဲ့သည်။အင်းတော်မြို့သိမ်းတိုက်ပွဲကို ABSDF ၊ PDF နှင့် ပူး​ပေါင်းတပ်များက ၂၀၂၄ မှစ၍တိုက်ခိုက်​နေဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ထီးချိုင့် - ကသာလမ်းပိုင်းမှာ အမျိုးသမီးနဲ့ ကုန်ကားမောင်းသူတွေ အပါအဝင် ၆ ဦး ပျောက်ဆုံးနေပြီး ဒီကနေ့ ဇွန်လ ၁၅ရက်အထိ သတင်းမရသေးဘူးလို့ ကုန်ကားမောင်းသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်အနောက်ခြမ်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အပါအဝင် PDF ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က အကျဆုံးများကာ အရာရှိတွေလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတိုက်ပွဲဖြစ်ပွားနေတဲ့လမ်းပိုင်းနေရာတွေအသုံးမပြုဖို့ ကသာခရိုင် ထုတ်ပြန်

သတင်း

မန္တလေး-မြစ်ကြီးနားလမ်းပေါ်ရှိ စစ်တပ် စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့သလို စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် အင်းတော်မြို့နဲ့ မော်လူးမြို့တို့ကိုလည်း တိုက်ခိုက်ထိုးစစ်ဆင်နေတယ်လို့ ကချင်ဒေသ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။