Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း စတင်နိုင်ရန် အပူတပြင်ကြိုးပမ်းနေ

စစ်ကောင်စီကထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းပြန်စနိုင်ရန် နယ်မြေရှင်းလင်း​ရေးအပါ အဝင် စီမံကိန်းဧရာအနီးဝန်းကျင်ကျေးရွာများကို အင်အားရာချီဖြင့်စစ်ကြောင်းထိုးဝင်ရောက်လျှက်ရှိကြောင်းထာဝယ်ခရိုင်အခြေ စိုက် တော်လှန်ရေးတပ်ဖွဲ့များက လူထုနွေဦးသို့ ပြောသည်။

အီတာလျံထိုင်းကုမ္ပဏီဖြင့် ​ရေးဆွဲထား​သော ထားဝယ်​ရေနက်ဆိပ်ကမ်းပုံစံငယ်

ကျော်ဇော/People’s Spring

စစ်ကောင်စီက ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းပြန်စနိုင်ရန် နယ်မြေရှင်းလင်း​ရေးအပါ အဝင် စီမံကိန်းဧရာအနီးဝန်းကျင်ကျေးရွာများကို အင်အားရာချီဖြင့်စစ်ကြောင်းထိုးဝင်ရောက်လျှက်ရှိကြောင်းထာဝယ်ခရိုင်အခြေ စိုက် တော်လှန်ရေးတပ်ဖွဲ့များက လူထုနွေဦးသို့ ပြောသည်။

စီမံကိန်းဧရိယာအနီးတည်ရှိသည့် နဘုလည်၊ ပရဒတ်ရွာ၊ မယင်းကြီးရွာ၊ ဘဝါရွာနှင့် ဇာဒီရွာများသို့ အင်အားရာချီ ဖြင့်ကုန်​ကြောင်းမှ စစ်ကြောင်းထိုးဝင်ရောက်နေသည့်အပြင် ရေကြောင်းမှလည်း ဆိပ်ကမ်းအနီး စစ်သင်္ဘောများအဆင်သင့်ပြင်ဆင်ထားသည်ကို တွေ့ရှိရကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ပြောသည်။

“ကံပေါက်-မောရ၀တီ ရေတပ်ဖက်ကနေလည်း ဇာဒီလမ်းအတိုင်း ရေနက်ဆိပ်ကမ်းဖက်ကိုဦးတည်ပြီး တစ်ကြောင်းဆင်းနေတာရှိတယ်။ အင်အား ၃၀၀ လောက်နဲ့ စစ်ကြောင်းတွေခွဲပြီး ထိုးနေတယ်လို့ယူဆရတယ်ဗျ”ဟု ထားဝယ်ခရိုင်အခြေစိုက် တော် လှန်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည်ရေနက်ဆိပ်ကမ်းနှင့်ဆက်စပ်သည့် ကျေးရွာများကို ပိတ်ဆို့၍ စစ်ကြောင်းများထိုးနေခြင်းဖြစ်ပြီး ပင်လယ်ပြင် ၌ ရေတပ်စစ်သင်္ဘောများ အရန်သင့်ချထားသည့်အပြင် ထားဝယ်မြို့နှင့် သက်ရက်ချောင်းမြို့ကြားတွင်စစ်တပ်လေထီး (Paramotor)များ လေ့ကျင့်ပျံသန်းမှုကိုပါလုပ်နေကြောင်း၎င်းကဆက်ပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ယခုမတ်လဆန်းက ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သည့်ခရီးစဥ်အတွင်း ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းလုပ်ဆောင်ရန် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာရေးထိုးခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ စီမံကိန်းအမြန်ဆုံးပြစနိုင်ရန် အပူတပြင်း ကြိုးပမ်းလာနေခြင်း ဖြစ်သည်။

“စစ်ကောင်စီက ရေနက်ဆိပ်ကမ်းကို မဖြစ်မနေ အမြန်ဆုံးအစပျိုးဖို့ ပြင်ဆင်နေတယ်။ အဲကြောင့်လည်း ရေနက်ဆိပ်ကမ်းဧရိယာတလျှောက် အင်အားသုံးပြီး စစ်ကြောင်းထိုးလာတာသိသာလာတယ်။ ပင်လယ်ပြင်မှာလည်းစစ်သင်္ဘောတွေ အဆင်သင့်စောင့်နေတယ်။လေကြောင်းပါ ပါလာနိုင်ချေရှိတယ်။နောက်တစ်ခုကလေကြောင်းအပြင် Paramotor တွေလည်း ပါလာလိမ့်မယ်ထင်တယ်ဗျ”ဟုတော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ဖြစ်ပေါ်လာနိုင်သည့်စစ်ရေးအခြေအနေများအရ ဗုံးခို ကျင်းများတူးထားခြင်း၊ စစ်​ကောင်စီလှုပ် ရှားမှုများကို မျက်ခြေမပြတ်စောင့်ကြည့်ခြင်း၊ စစ်ရေးသတင်းများအားနားစွင့်ခြင်းအပါအဝင် လိုအပ်လာနိုင်ခြေများအား ကြို တင်တွက်ဆ၍ ပြင်ဆင်မှုများလုပ်ထားကြရန် ၎င်းတော်လှန်ရေးသတင်းရင်း မြစ်က တိုက်တွန်းသည်။

“အနည်းဆုံးကတော့ ကိုယ်‌နေတဲ့အနီးဆုံးနေရာမှာ ဗုံးခိုကျင်းတွေတူးထားရမှာပါ။ မတူးလို့ မရဘူးဗျ။ နောက်တစ်ခုက ကိုယ့်အနီးနားပတ်၀န်းကျင်မှာရောက်လာတဲ့ရန်သူသ တင်းတွေသိအောင် လုပ်ထားရမှာပါ။ အရေးပေါ်ရှောင်တိမ်းတာတွေလုပ်ရပြီဆိုရင် ရန်သူသတင်းမသိဘဲ ဘယ်လိုမှ ဖောက်ထွက်လို့ရနိုင်မှာမဟုတ်ဘူး။ လေကြောင်းသတင်းချယ်လ်နယ်လ်တွေကို စောင့်ကြည့်နေပါ။ တိုက်ပွဲသတင်းတွေ နားထောင်ပါ။ အခြေနေက ထပ်ဆိုးလာဖို့ပဲရှိပါတယ်။ အဲဒီအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားကြဖို့လိုတယ်ဗျ”ဟု၎င်းက မှတ်ချက်ပေးသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ၎င်း၏ရုရှားခရီးစဥ်အတွင်း ထားဝယ်ရေးနက်ဆိပ်ကမ်းစီမံကိန်းလုပ်ပိုင်ခွင့်အား ရုရှားအာဏာပိုင်များအားလုပ်ပိုင်ခွင့်ပေး၍ ရုရှားအကူအညီဖြင့် ပြည်တွင်း၌နျူကလီးယားစက်ရုံတည်ဆောက်ရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရေး အလဲအလှယ်လုပ်ခဲ့ခြင်းဟု နိုင်ငံတကာသတင်းများက သုံးသပ်ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံတောင်ပိုင်းမှာ ရုရှား ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာနိုင်တဲ့ အဓိက စီးပွားရေးဇုန် စီမံကိန်း နေရာကို အပြည့်အဝ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းမြန်မာစစ်တပ်က အင်အား အလုံးအရင်းနဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်နေပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook