Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်လမ်းပိုင်း၌ KIAပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်နေ

ကချင်ပြည်နယ်၊ ဖားကန့် – မိုးကောင်းလမ်းပိုင်းရှိ လုံဘရာကျေးရွာအနီး၌ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ယနေ့(မတ်လ ၂၂ရက်) ညနေပိုင်းကစ၍ တိုက်ပွဲဖြစ်နေပြီး ညပိုင်းအထိ စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

KIA တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ဓာတ်ပုံ-The New Youk Times

အိမ်သွင်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့် – မိုးကောင်းလမ်းပိုင်းရှိ လုံဘရာကျေးရွာအနီး၌ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ယနေ့(မတ်လ ၂၂ရက်) ညနေပိုင်းကစ၍ တိုက်ပွဲဖြစ်နေပြီး ညပိုင်းအထိ စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

ဖားကန့်မြို့သို့ မရောက်မီ (၆)မိုင်ခန့်အကွာ ဖားကန့် – မိုးကောင်းလမ်းပိုင်းရှိ လုံဘရာကျေးရွာအနီးတွင် ညနေ ၆နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားနေခြင်းဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

” လုံးခင်း လယ်ပြင်ဂိတ်က စစ်ကောင်စီတပ်ကို KIAတိုက်တာ။ စစ်ရေးအခြေအနေ တင်းမာနေတယ်။ “ဟု KIA သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၊ ရှမ်းနီတပ်(SNA)နှင့် ပြည်သူ့စစ်အဖွဲ့များက အဆိုပါလမ်းပိုင်းရှိ လဝါးရွာနှင့် ဒွန်ဘုန်းခကျေးရွာတို့တွင် တပ်စွဲလိုက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ရှမ်းနီနဲ့ပြည်သူ့စစ်တွေကို ရဟတ်ယာဉ်နဲ့လာပို့တာ။ညနေ ၆နာရီအထိ လေကြောင်းပျံသန်းမှုတွေရှိတယ်။ KIA ကလည်း စစ်ရေးပြင်ထားပြီ”ဟု အဆိုပါဒေသခံက ပြောသည်။

တချိန်တည်းတွင်း ဖားကန့်မြို့နယ်အတွင်း စစ်ရေးတင်းမာလာနိုင်သည့်သတင်းများကြောင့် ယနေ့ညပိုင်းတွင် ကျောက်တူးဖော်ရေးလုပ်ငန်းများ ရပ်တန့်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ဝိုင်းမော်မြို့တွင်လည်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်းဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မိုးကြီးမှုနဲ့ တောင်ကျရေကြောင့် ကချင်ပြည်နယ်၊ ဖားကန့်နဲ့ မိုးကောင်းမြို့ကြား လမ်းပိုင်းမှာ ရေကျော်ပြီး လမ်းပိတ်ဆို့မှုဖြစ်နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ခေါင်လန်ဖူးဒေသ မြန်မာ-တရုတ် နယ်ခြားမှတ်တိုင် အမှတ်(၃၀) ရှိ စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ PDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ကနေ ဗန်းမော်မြို့ဦးတည်လညတဲ့ စစ်တပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တားဆီးတိုက်ခိုက်ရာ စစ်တပ် အထိနာတပ်လန်ပြီး ရွတပ်ပြန်ဆုတ်သွားရတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း တိုက်ပွဲအချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာစေခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်း ရုပ်သံကို ကချင်ဒေသ စစ်ရေးသတင်းတွေ စဉ်ဆက်မပြတ် ဖော်ပြနေတဲ့ သတင်းရင်းမြစ်အချို့က ဒီကနေ့ ဇွန် ၂၅ရက်မှာ လူမှုကွန်ရက်ကနေတဆင့် အသိပေးလာတာ တွေ့ရပါတယ်။