Connect with us

Hi, what are you looking for?

သတင်း

ရေလယ်ကျွန်းဒေသ မိုးကွဲရွာဒေသခံ ၅၀ ခန့် ကို စစ်ကောင်စီတပ် ဖမ်းဆီး

မကွေးတိုင်း ၊ ရေစကြိုမြို့နယ် ၊ရေလယ်ကျွန်းဒေသ ရှိ မိုးကွဲရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ဒေသခံ ပြည်သူ ၅၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ ရေစကြိုမြို့နယ်အချက်အလက်ကော်မတီ( Yesagyo Township Info Committee ) ထံက သိရပါတယ်။

Google Earth

မတ် – ၂၃ ၊ ၂၀၂၅၊ ဆိုင်းမင်း/People’s Spring

မကွေးတိုင်း ၊ ရေစကြိုမြို့နယ် ၊ ရေလယ်ကျွန်းဒေသ ရှိ မိုးကွဲရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ဒေသခံ ပြည်သူ ၅၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ ရေစကြိုမြို့နယ်အချက်အလက်ကော်မတီ( Yesagyo Township Info Committee ) ထံက သိရပါတယ်။

မတ်လ ၂၁ ရက် မနက်ပိုင်းမှာ ရေလယ်ကျွန်းဒေသ ၊ ငတရော်ရွာကနေ မိုးကွဲရွာဘက်ကို ဆက်လက်စစ်ကြောင်းထိုးပြီး ဒေသခံ ၅၀ ကျော်ကို ဖမ်းဆီးခဲ့တာလို့ ရေစကြိုမြို့နယ်အချက်အလက်ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မိုးကွဲရွာ ကို ည သန်းခေါင်ယံအချိန်မှာ အလစ်အငိုက် ဝင်ရောက်စီးနင်းတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“အခုကရွာကို အရင်ကလို ပစ်ခတ်ဝင်တာမျိုးမဟုတ်ဘဲ အလစ်အငိုက် တိတ်တဆိတ်ဝင်ဖမ်းသလိုဖြစ်နေတာပါ “ လို့ ရေစကြို မြို့နယ်အချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ဒေသခံတွေရဲ့ အချက်အလက် အသေး စိတ်ကို မသိရသေးပေမယ့် အများစုက မိုးကွဲရွာခံတွေဖြစ်သလို စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်သွားတဲ့အတွက် မိသားစုဝင်တွေက စိုရိမ်ပူပန်နေကြတယ်လို့ ဆိုပါတယ်။

ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ဆုံရာ ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်ကအင်အား ၁၅၀ လောက်နဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်ကစတင်ကာ စစ်ကြောင်းထိုးနေတာလို့ သိရပါတယ်။

စစ်ကြောင်းထိုးတဲ့ ရွာတွေကနေ စစ်ကောင်စီတပ် ပြန်လည်ထွက်ခွာပြီးနောက် ဒေသခံအချို့ ရွာထဲ ပြန်ဝင်ရာမှာ သတ်ဖြတ်ခံထားရသူတွေရဲ့ ရုပ်အလောင်းတွေကို တွေ့ရတာတွေရှိနေပါတယ်။

ရေလယ်ကျွန်းဒေသ မြေစွန်းတော်ရွာ က ၈ ဦး ၊ မာလကာခြံရွာက ၂ ဦး ၊ သာခေါင်ရွာ ၆ ဦး ၊ မြေတော်ကျေးရွာ ၂ ဦး စုစုပေါင်း ၁၈ ဦးသတ်ဖြတ်ခံရတာကို သိရတယ်လို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့ ဝင်တစ်ဦးထံကသိရပါတယ်။

စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံ၂သောင်းနီးပါးခန့် လည်း လွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း တို့ နဲ့ထိစပ်နေပြီး မကွေးတိုင်း ရေစကြိုမြို့နယ်ထဲက ရေလယ်ကျွန်းဒေသကို အာဏာသိမ်းစစ်ကောင်စီတပ်ဟာ မကြာခဏ စစ်ကြောင်းထိုးလေ့ရှိပြီး ကျေးရွာတွေကိုလည်း မီးတင်ရှို့တာတွေပြုလုပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။