Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ စစ်မှုထမ်းမဲနှိုက်ဖို့ သတိပေး

မန္တလေးမြို့မှာ စစ်မှုထမ်းဖို့သတ်မှတ်အသက်အရွယ််အကြုံးဝင်တဲ့ လူငယ်အမျိုးသားတွေ လာမယ့်စစ်မှုထမ်းအပတ်စဉ် (၁၂)အတွက် ရပ်ကွက်ရုံးမှာ မဲနှိုက်ဖို့ အသံချဲ့စက်နဲ့ လိုက်လံသတိပေးတာတွေ ရှိနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်

မတ် – ၂၃ ၊ ၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးမြို့မှာ စစ်မှုထမ်းဖို့သတ်မှတ်အသက်အရွယ််အကြုံးဝင်တဲ့ လူငယ်အမျိုးသားတွေ လာမယ့်စစ်မှုထမ်းအပတ်စဉ် (၁၂)အတွက် ရပ်ကွက်ရုံးမှာ မဲနှိုက်ဖို့ အသံချဲ့စက်နဲ့ လိုက်လံသတိပေးတာတွေ ရှိနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ချမ်းအေးသာစံနဲ့ ချမ်းမြသာစည်မြို့နယ်တွေမှာ ရာအိမ်မှုးတွေ၊ စစ်ကောင်စီလက်ဝေခံ ပြည်သူ့စစ်တွေက မတ်လ ၂၀ ရက်ကစတင်ပြီး အသံချဲ့စက်နဲ့ လိုက်လံသတိပေးလာတာပါ။

” မနက်အစောကြီး လှည့်အော်သွားတာ ၊ မဲနှိုက်ဖို့ ရုံးကိုလာရမယ်ပေါ့” လို့ ချမ်းအေးသာစံမြို့နယ် ၊ ကံကောက်ရပ်ကွက်တွင်းနေထိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အိမ်ထောင်စုစာရင်းကို စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေး ရုံးက ကောက်ယူထားပြီး အသက် ၁၈ နှစ်ကနေ ၃၅နှစ်ကြား လူငယ်တွေကို စစ်မှုထမ်းဖို့ ရပ်ကွက်ရုံးမှာ ဒီနေ့ (မတ်လ ၂၃) ကစတင်ပြီး မဲနှိုက်စေတာလို့လည်းသိရပါတယ်။

” အိမ်မှာက သား သုံး ယောက်လုံး အကြုံးဝင်တယ်ဆိုပြီး သုံးယောက်လုံးနှိုက်ရမယ်တဲ့”လို့ ချမ်းအေးသာစံမြို့နယ် နဂါးကွက်သစ်မှာ နေထိုင်တဲ့ မိခင်တစ်ဦးကပြောပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

Facebook