Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ စစ်မှုထမ်းလူသစ်စုဆောင်းဖို့ မဲအတင်းနှိုက်ခိုင်းနေ

မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမြို့ မှာ စစ်ကောင်စီတပ်က စစ်မှုထမ်း လူသစ်ခေါ်ယူတာကို အတင်းအကျပ်လုပ်ဆောင်လာပြီး ဒီနေ့ (မတ် ၂၄ရက် ) မှာဆိုရင် ရပ်ကွက်အချို့မှာ မဲနှိုက်တာတွေ ရှိလာပါပြီ။

မတ် – ၂၄၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမြို့ မှာ စစ်ကောင်စီတပ်က စစ်မှုထမ်း လူသစ်ခေါ်ယူတာကို အတင်းအကျပ်လုပ်ဆောင်လာပြီး ဒီနေ့ (မတ် ၂၄ရက် ) မှာဆိုရင် ရပ်ကွက်အချို့မှာ မဲနှိုက်တာတွေ ရှိလာပါပြီ။

လာမယ့် လမှာ စတင်မယ့် စစ်မှုထမ်းအပတ်စဉ်( ၁၂) အတွက် လူသစ်စုဆောင်းရာမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား လူငယ်တွေ ရပ်ကွက်ရုံးမှာ လာရောက်မဲနှိုက်ဖို့အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပြည်သူ့စစ်တွေက အသံချဲ့စက် ကိုသုံးပြီး လိုက်လံသတိပေးတာတွေပြုလုပ်ထားပါတယ်။

ဒီနေ့မှာတော့ မန္တလေးက ရပ်ကွက်အချို့မှာ မဲစတင်နှိုက်နေရပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်အချို့က ဖြန့်ဝေလာတဲ့ ရုပ်သံတွေအရ လာရောက်မဲနှိုက်ကြသူတွေထဲမှာ ကာယကံရှင်ကိုယ်စား မဲလာနှိုက်ပေးရတဲ့ မိသားစုဝင် အမျိုးသမီးအများစုကိုသာတွေ့ရပါတယ်။

စစ်ကောင်စီက အသက်သတ်မှတ်ချက်အကြုံးဝင်သူ ကာယကံရှင် ကိုယ်တိုင်နေအိမ်မှာ မရှိရင် မိသားစုဝင်က ကိုယ်စား မဲနှိုက်ပေးရမယ်လို့ ဖိအားပေးထားတာပါ။

မဲပေါက်ရင်လည်း သက်ဆိုင်ရာကာယကံရှင်ကိုခေါ်ယူပြီး ရပ်ကွက်ရုံးကိုလာရောက်အပ်နှံရမယ်လို့ ခြိမ်းခြောက်ထားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ဒီနေ့မှာတော့ မန္တလေးက ချမ်းအေးသာစံမြို့နယ် ၊ မဟာအောင်မြေမြို့နယ်တွေ က ရပ်ကွက်ရုံး ၊ ဓမ္မာရုံ နဲ့ စာသင်ကျောင်းတွေမှာ စစ်သား၊ ထွေအုပ်နဲ့ ပျုစောထီးခေါ် ပြည်သူ့စစ်တွေက ကြီးကြပ်ပြီး မဲနှိုက်စေတာပါ။

” တစ်အိမ်ကိုတစ်ယောက်နှုန်းမဟုတ်ဘူး ၊ စစ်မှုထမ်းအသက်အကြုံဝင်တဲ့သူ အကုန်လာခိုင်းတာ၊ အိမ်မှာရှိတဲ့သူ မဖြစ်မနေလာရမယ်လို့ ပြောသွားတာ” လို့ မဟာအောင်မြေမြို့နယ် ၊ ရဲမွန်တောင်ရပ်ကွက်မှာနေထိုင်တဲ့အိမ်ရှင်မတစ်ဦးကပြောပါတယ်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်အချို့မှာတော့ စစ်မှုထမ်းကြဖို့ ပြည်သူတွေ ပျော်ပျော်ရွှင်ရွှင်မဲနှိုက်နေကြတယ်လို့ ဝါဒဖြန့်နေပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ တပ်ဖွဲ့ဝင်တွေ အကျအဆုံးများလာပြီး စစ်အင်အား ချိနဲ့လာချိန်မှာ စစ်မှုထမ်းဉပဒေကို ပြဌာန်းပြီး စစ်သားစုဆောင်းတာကိုလုပ်ဆောင်နေတာဟာ တစ်နှစ်ကျော်လာပါပြီ။

စစ်မှုထမ်းအပတ်စဉ် တစ်ခုကို လူငါးထောင်နှုန်းစုဆောင်းမယ်လို့ ကြေညာထားတဲ့အတွက် လက်ရှိမှာဆိုရင် အပတ်စဉ် (၁၁) အထိ ရောက်ရှိနေပြီဖြစ်တာကြောင့် အင်အား ငါးသောင်းထက်မနည်း စစ်ကောင်စီက စုဆောင်းရရှိထားပြီးပြီလို့နားလည်ရပါတယ်။

စစ်ကောင်စီတပ်မှာ စစ်မှုမထမ်းချင်တာကြောင့် လူငယ်လူရွယ်တွေ ဟာ ပြည်ပကိုအလုံးအရင်းနဲ့ထွက်ခွာနေကြသလို ပြည်ပမထွက်နိုင်ကြသူတွေကလည်း နေရပ်ပြောင်းရွှေ့နေကြရပါတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်းဉပဒေနဲ့ စုဆောင်းရရှိတဲ့ တပ်သားသစ်တွေကို ရှေ့တန်းစစ်မြေပြင်ဆီ စေလွှတ်တိုက်ခိုက်ခိုင်းနေပြီး အချို့ကလည်း တော်လှန်ရေးတပ်ဖွဲ့ဆီ ပူးပေါင်းလာကြတာတွေ ရှိနေပါတယ်။

ရုပ်သံ – စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က သုဿန်တွေမှာ မနက်ဖြန် မေလ ၉ရက်ကစပြီး မီးသင်္ဂြိုလ်ခ နှစ်ဆတက်မယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့ကလမ်းမတွေပေါ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့အဖွဲ့စုံစစ်ဆေးဖမ်းဆီးမှုတွေ ပြန်လည်အရှိန်မြှင့်လုပ်လာကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့ပေါ် ရပ်ကွက်တွေက အမှိုက်ကန်တွေမှာ စည်ပင်က အရင်လိုနေ့စဉ် အမှိုက်မသိမ်းဆည်းတာကြောင့် အနံ့ဆိုးတွေ ထွက်နေတာကို ကြုံနေရတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးဦးထုပ်မဆောင်းသူတွေနဲ့ ကိုယ်ထည်မကောင်းတဲ့ ယာဥ်တွေကို ဆီရောင်းမပေးဖို့ ဆီဆိုင်တွေကို စစ်ကောင်စီရဲ့ လက်ဝေခံ တိုင်းအုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားလိုက်ပါတယ်။