Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ဗလီ ၅၀ခန့် ပြိုကျပျက်စီးပြီး အစ္စလာမ်ဘာသာဝင်တွေ ရာနဲ့ချီသေဆုံးတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ပြော

အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးမြို့မှာ ဗလီ ၅၀ခန့် ပြိုကျပျက်စီးခဲ့ပြီး အစ္စလာမ်ဘာသာဝင်တွေ ထိခိုက်သေဆုံးမှု ရာနဲ့ချီရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။

မန္တလေးမြို့ရှိ ဗုံးအိုးဗလီပြိုကျမှုမှ သေဆုံးခဲ့ရသည့် အစ္စလာမ်ဘာသာဝင်များ၏ ရုပ်အလောင်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - Mufti Bashirullah

မတ်-၂၉၊၂၀၂၅။ဒီဒီး/People’s Spring

အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးမြို့မှာ ဗလီ ၅၀ခန့် ပြိုကျပျက်စီးခဲ့ပြီး အစ္စလာမ်ဘာသာဝင်တွေ ထိခိုက်သေဆုံးမှု ရာနဲ့ချီရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။

မတ်လ ၂၈ရက် နေ့လယ်ပိုင်းက အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့လို့ မန္တလေးမြို့ပေါ်က ဗလီ ၅၀ခန့် ပြိုကျပျက်စီးခဲ့ရပြီး ဗလီတွေထဲ ပိတ်မိသေဆုံးသူတွေအပါအဝင် ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးတဲ့ အရေအတွက် ရာနဲ့ချီရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ပြောပါတယ်။

လက်တလောမှာ စာရင်းအတိအကျမရသေးတာနဲ့ စာရင်းကောက်ယူဖို့ ခက်ခဲနေတာအပြင် ပိတ်မိသူတွေ ကယ်ထုတ်ရေးလုပ်ဆောင်နေချိန်ဖြစ်လို့ အတိအကျမသိရသေးဘူးလို့လည်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

” ခုပဲ မန္တလေးကိုဆင်းပြီး ကယ်ဆယ်ရေးသွားပါပြီ။ ဗလီက ၅၀လောက်တော့ ပျက်စီးတယ်ကြားထားတယ်”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ပြောပါတယ်။

ပြိုကျပျက်စီးတဲ့ ဗလီအချို့ဟာ နှစ်ပေါင်း ၁၀၀ကျော်ရှိတဲ့ ဗလီတွေဖြစ်တယ်လို့ မန္တလေးမြို့က အစ္စလာမ်ဘာသာဝင်တွေက ပြောပါတယ်။

“မန္တ‌လေးမှာဗလီတွေက နှ‌စ်‌ပေါင်းတစ်ရာကျော်တို့ နှစ်‌ပေါင်းငါးဆယ်ကျော်တို့ အဓိကဖြစ်နေတဲ့ ဗလီတွေပေါ့။ အဲဒါတွေက ပြင်ခွင့်လည်းရထားတာမရှိတော့။ ဒီလိုအချိန်မှာ အခုက ဥပုသ်ကာလမှာ ဘုရားကျောင်းမှာ သောကြာနေ့ ဝတ်ပြုမှုတွေရှိနေတာ။ အဲဒီ့အချိန်မှာ ပြိုကျတဲ့ကိစ္စတွေဖြစ်တာ။ ဖြစ်တော့ ဗလီမှာသေဆုံးမှုတွေရှိတယ်”လို့ မန္တလေးမြို့က အစ္စလာမ်ဘာသာဝင်တစ်ဦးက ပြောပါတယ်။

ငလျင်ဒဏ်ကြောင့် မန္တလေးမြို့မှာ လူသေဆုံးမှုများတဲ့ ဗလီတွေက ဗုံးအိုးဗလီ၊ မြောက်စင်္ကြာဗလီနဲ့ ရွှေဘုန်းရှိန်ဗလီ တို့ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင်ကြောင့် အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးခဲ့ကြရတဲ့ မိသားစုတွေနဲ့ထပ်တူ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ဝမ်းနည်းကြေကွဲရတယ်လို့လည်း အဲဒီအသင်းကြီးက ထုတ်ပြန်ထားပါတယ်။

အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ မြေငလျင်ဘေးသင့်ပြည်သူတွေ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ လည်းကောင်း၊ ဆေးဝါးစားနပ်ရိက္ခာနဲ့ အသုံးအဆောင်ထောက်ပံ့ရေးလုပ်ငန်းတွေမှာ လည်းကောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ လည်းကောင်း တတ်စွမ်းသမျှ ပံ့ပိုးကူညီ ဆောင်ရွက်ကြဖို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက တိုက်တွန်းထားပါတယ်။

မန္တလေးတိုင်းမှာ ငလျင်ကြောင့် သေဆုံးသူဦးရေ ၆၉၄ဦး ရှိပြီး​ ဒဏ်ရာရရှိသူ ဦးရေ ၁၆၇၀ဦးရှိနေတယ်လို့ အာဏာသိမ်းစစ်ကောင်စီက မတ်လ ၂၈ရက်က ထုတ်ပြန်ပါတယ်။

ပျောက်ဆုံးနေသူဦးရေဟာလည်း ၆၈ဦးရှိပြီး အသေးစိတ်စာရင်းကို ဆက်လက်ကောက်ယူနေတယ်လို့ စစ်ကောင်စီက ဖော်ပြပါတယ်။

ဒါပေမယ့် သေဆုံးမှုအရေအတွက်ဟာ စစ်ကောင်စီထုတ်ပြန်တာထက် ပိုများနေတယ်လို့ မြေပြင်ကယ်ဆယ်ရေးဆောင်ရွက်သူတွေက ပြောပါတယ်။ People’s Springက စုံစမ်းမှုအရ မန္တလေးမှာ အစ္စလာမ်ဘာသာဝင် ၇၀၀ခန့်သေဆုံးတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။