Connect with us

Hi, what are you looking for?

သတင်း

တရုတ်သမ္မတက စစ်ခေါင်းဆောင်မင်းအောင်လှိုင်ထံ ဖုန်းခေါ်ဆိုခြင်းမရှိ၊ သဝဏ်လွှာပေးပို့ဟု တရုတ်သံရုံးပြင်ဆင်ထုတ်ပြန်

အင်အားပြင်းငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ တရုတ်သမ္မတ ရှီကျင့်ဖျင်က အာဏာသိမ်းစစ်ခေါင်ဆောင်မင်းအောင်လှိုင်ထံ ဖုန်းခေါ်ဆိုခဲ့ကြောင်း ရန်ကုန်မြို့ တရုတ်သံရုံးက ကနဦး ထုတ်ပြန်သော်လည်း ဖုန်းခေါ်ဆိုခြင်းမရှိဘဲ သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ထပ်မံပြင်ဆင်လိုက်သည်။

Blue Sky Rescue(ယူနန်)အဖွဲ့ဝင်များ ရွှေလီနယ်စပ်မှ မြန်မာနိုင်ငံသို့ ထွက်ခွာနေစဥ်။ ဓာတ်ပုံ - Chinese Embassy in Myanmar

မတ် ၂၉၊ ၂၀၂၅။ အီယိုရီ/People’s Spring

အင်အားပြင်းငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ တရုတ်သမ္မတ ရှီကျင့်ဖျင်က အာဏာသိမ်းစစ်ခေါင်ဆောင်မင်းအောင်လှိုင်ထံ ဖုန်းခေါ်ဆိုခဲ့ကြောင်း ရန်ကုန်မြို့ တရုတ်သံရုံးက ကနဦး ထုတ်ပြန်သော်လည်း ဖုန်းခေါ်ဆိုခြင်းမရှိဘဲ သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ထပ်မံပြင်ဆင်လိုက်သည်။

ယနေ့(မတ်လ ၂၉ရက်)နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မြန်မာငလျင်နှင့်ပတ်သက်၍ သမ္မတရှီကျင့်ဖျင်က စစ်ခေါင်းဆောင်းမင်းအောင်လှိုင်ထံ ဂရုဏာ(ဖြစ်မိ)ကြောင်း ဖုန်းခေါ်ဆိုခဲ့သည်ဟု ပထမ သတင်းထုတ်ပြန်ခဲ့ပြီးနောက် နာရီဝက်ခန့်အကြာတွင် သဝဏ်လွှာပေးပို့ခဲ့ကြောင်း ပြန်လည်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက် မူရင်းတွင် မြန်မာနိုင်ငံအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟု ဖော်ပြခဲ့သဖြင့် အဆိုပါထုတ်ပြန်ချက်အောက်တွင် နိုင်ငံတဝန်းလူသတ်နေသော စစ်ခေါင်းဆောင်ကို မြန်မာနိုင်ငံအကြီးအကဲအဖြစ် ဖော်ပြခြင်းမပြုရန် ပြည်သူများက ဝင်ရောက်မှတ်ချက်ပြုရေးသားကြသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီတပ်သည် ယမန်နေ့(မတ်လ ၂၈ရက်) အင်အားပြင်းငလျင် မလှုပ်ခတ်မီနှင့် လှုပ်ခတ်အပြီးတို့တွင် မကွေးတိုင်း မြိုင်နယ်နှင့် ပခုက္ကူနယ်အစပ်၊ စစ်ကိုင်းတိုင်း ချောင်ဦးမြို့နယ်၊ ပဲခူးတိုင်း ဖြူးမြို့နယ် စစ်တောင်းမြစ် အရှေ့ခြမ်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တို့ကို လေကြောင်းမှ တိုက်လေယာဥ်၊ စက်တပ်လေထီးတို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူအချို့၊ ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့ သေဆုံးခဲ့သည်။ ဒဏ်ရာရသူများနှင့် ပျက်စီးဆုံးရှုံးမှုများလည်းရှိကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။

တရုတ်သမ္မတရှီကျင့်ဖျင်က မြန်မာနိုင်ငံသည် ပြင်းထန်သော ငလျင်ဘေးဒဏ်ကို ခံနေရကြောင်းသတင်းကြားသိရကြောင်း၊ ငလျင်ကြောင့်အသေအပျောက်နှင့် စည်းစိမ်ဥစ္စာများ ဆုံးရှုံးမှု ကြီးမားစွာ ကြုံတွေ့နေရသည်ကို တရုတ်အစိုးရနှင့် ပြည်သူတို့ကိုယ်စား သေဆုံးသူများအတွက် လေးလေးနက်နက် ဝမ်းနည်းကြေကွဲကြောင်းနှင့် သေဆုံးသူများ၏ မိသားစုများ၊ ထိခိုက်ဒဏ်ရာရရှိသူများ နှင့် သဘာဝဘေးသင့်ပြည်သူများအား အလေးအနက် ဝမ်းနည်းကြောင်း ပြောကြားလိုသည်ဟု သဝဏ်လွှာ၌ ဖော်ပြသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် လိုအပ်သော အကူအညီများ ပေးအပ်ရန်နှင့် ပြည်သူများ သဘာဝဘေးဒဏ်ကို ကျော်လွှားပြီး နေအိမ်များကို အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ရန် ကူညီပေးသွားရန် ဆန္ဒရှိကြောင်းလည်း သဝဏ်လွှာ၌ ဖော်ပြသည်။

အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့သော မြန်မာနိုင်ငံကို ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ရန် ယနေ့(မတ်လ ၂၉ရက်)နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ၃၇ဦးပါ ကယ်ဆယ်ရေးအဖွဲ့ လေကြောင်းမှတဆင့် ရောက်ရှိလာခဲ့သလို နယ်စပ်ဖြတ်ကျော်ပြီးလည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကားများဖြင့် ဝင်ရောက်လာကြသည်ကို တွေ့ရသည်။

ယမန်နေ့တွင်ပင် တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် Mr. Li Qiang ကလည်း မြန်မာနိုင်ငံ မြေငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ထံ သဝဏ်လွှာပေးပို့ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။