Connect with us

Hi, what are you looking for?

သတင်း

ကမ္မတွင် ငလျင်မလှုပ်မီမိနစ်ပိုင်းအလိုက စစ်ကောင်စီ စက်တပ်လေထီးဖြင့်ဗုံးကြဲ၍ အမျိုးသမီးနှစ်ဦးသေဆုံး၊ ခုနစ်ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မတိုက်နယ်ရှိ တိုင်းရင်းဆေးထုတ်လုပ်ရေး အလုပ်ရုံအား စစ်ကောင်စီက စက်တပ်လေထီး (Paramotor)ဖြင့် ဗုံးသုံးကြိမ်ကြဲချရာ အမျိုးသမီးနှစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိကြောင်း ဒေသအခြေစိုက်တော်လှန် ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီ၏ စက်တပ်လေထီးဖြင့် ဗုံးကြဲခံရမှုအပြီး တိုင်းရင်းဆေးထုတ်လုပ်ရေးအလုပ်ရုံ၊ အလုပ်သမားများနားနေရာအား မြင်တွေ့ရစဥ်။ ဓာတ်ပုံ - CJ

မတ်-၂၉၊၂၀၂၅။ကျော်ဇော/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မတိုက်နယ်ရှိ တိုင်းရင်းဆေးထုတ်လုပ်ရေး အလုပ်ရုံအား စစ်ကောင်စီက စက်တပ်လေထီး (Paramotor)ဖြင့် ဗုံးသုံးကြိမ်ကြဲချရာ အမျိုးသမီးနှစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိကြောင်း ဒေသအခြေစိုက်တော်လှန် ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

မတ်လ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၂၀မိနစ်ခန့်က ဆိပ်ဖြူမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ ကပစ(၂၂)မှ တက်လာသော စက်တပ်လေထီးနှစ်စီးသည် ကမ္မမြို့၊ လက်ပြအရှေ့ပိုင်း ချမ်းစိမ့်တိုင်းရင်းဆေးထုတ်လုပ်ရေးအလုပ်ရုံအား ၁၂၀ မမဗုံးသီးသုံးလုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဟု အဆိုပါသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီက လေထီးဖြင့်ဗုံးကြဲသည့် မတ်လ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် ၇ ဒဿမ ၇ အဆင့်ရှိ ပြင်းထန်ငလျင်ကြီးလှုပ်ခတ်ခဲ့ရာ ဗုံးကြဲတိုက်ခိုက်ချိန်သည် ငလျင်ကြီးမလှုပ်မီ မိနစ် ၃၀ခန့်အလိုတွင် အရပ်သားပစ်မှတ်များကို တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“ဟုတ်တယ်ဗျ။ သူတို့(တိုင်းရင်းဆေးအလုပ် ရုံအလုပ်သမများ)ထမင်းစားနားချိန် လာကြဲသွားတာ။ သူတို့ထမင်းချိုင့်လေးတွေ ဖွင့်စားနေချိန်ပဲ”ဟု လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့သော အမျိုးသမီးများ၏ အခြေအနေကို ဒေသခံသတင်းရင်းမြစ်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဗုံးကြဲတိုက်ခိုက်ခံရမှုတွင် ပြည်အိုင်ကျေးရွာမှ ဒေါ်မြမြ၊ မခင်စုမော်၊ မသင်ဇာဝင့်ကျော်၊ မဝေဝေလင်း၊ မညိမ်းသူဇာ၊ မဝေဝေမြင့်နှင့် မထက်ထက်ထွန်း စသည့်အလုပ်သမား ခုနစ်ဦးထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု ဒေသသတင်းရင်းမြစ်များက ပြောသည်။

ထို့အပြင် ကမ္မကျေးရွာသစ်မှ အသက် ၅၃ နှစ်အရွယ် ဒေါ်မိမွှား၊ အသက် ၁၇ နှစ်အရွယ် မဖြူဖွေးတို့နှစ်ဦးမှာ ဗုံးထိမှန်ဒဏ်ရာများဖြင့် အသက်ဆုံးရှုံးသွားကြောင်း သတင်းရင်း မြစ်များက ပြောသည်။

အလားတူ စစ်ကောင်စီသည် ငလျင်ကြီးလှုပ်ခတ်ပြီး နာရီပိုင်းအကြာတွင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာအနီးသို့ လေကြောင်းမှ သုံးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဲမေ ၆ ဦးနှင့် ရဲဘော် ၁ ဦး စုစုပေါင်းပေါင်း ၇ ဦးကျဆုံးခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် – DPLA က အသိပေးထုတ်ပြန်ထား သည်။

မတ်လ ၂၈ ရက်နေ့ နေ့လယ် ၁၂ နာရီ ၅၀ မိနစ်ခန့်က စစ်ကိုင်းမြို့အနီးဗဟိုပြုလှုပ်ခတ်ခဲ့သော ၇ ဒဿမ ၇ ရစ်ချက်စတာစကေးရှိ ပြင်းထန်ငလျင်ကြီးလှုပ်ခတ်မှုကြောင့် ငလျင်ဒဏ်သင့်၍ သေဆုံးပြည်သူ တစ်သောင်းမှ တစ်သိန်းကြားရှိနိုင်ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန(USGS)က ခန့်မှန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။