Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဆည်မီးသင်္ဂြိုလ်စက်အဆောက်အဦးအက်ကွဲ၍ ငလျင်ကြောင့်သေဆုံးသူများ စုပေါင်းမြေမြုပ်နေရ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့တွင် ငလျင်ကြောင့် သေဆုံးသူများအား မီးရှို့သင်္ဂြိုလ်နေသည့် မီးသင်္ဂြိုလ်စက် အဆောက်အဦးအက်ကွဲသွား၍ သေဆုံးသူများအား စုပေါင်း၍ မြေမြုပ်သဂြိုလ်နေရကြောင်း သတင်းရရှိသည်။

ကျောက်ဆည်မြို့တွင် ငလျင်ကြောင့် သေဆုံးသူများအား မီးရှို့သင်္ဂြိုလ်နေသည့် မီးသင်္ဂြိုလ်စက် အဆောက်အဦးအက်ကွဲသွား၍ သေဆုံးသူများအား မြေမြုပ်သင်္ဂြိုလ်ရန် မြေကျင်းတူးနေစဉ်။ ဓာတ်ပုံ - CJ

မတ်-၃၀၊ ၂၀၂၅။ရွှေပြည်စိုး/People’s Spring

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့တွင် ငလျင်ကြောင့် သေဆုံးသူများအား မီးရှို့သင်္ဂြိုလ်နေသည့် မီးသင်္ဂြိုလ်စက် အဆောက်အဦးအက်ကွဲသွား၍ သေဆုံးသူများအား စုပေါင်း၍ မြေမြုပ်သဂြိုလ်နေရကြောင်း သတင်းရရှိသည်။

မတ်လ ၂၈ရက် ၁၂ နာရီ ၅၀မိနစ်က ငလျင်လှုပ်ပြီးနောက် နာရီအနည်းငယ်မှစ၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများလုပ်ခဲ့ပြီး မတ်လ၂၉ရက်ညနေအထိ ကလေးငယ်များအပါအဝင် သေဆုံးသူ ရုပ်အလောင်း ၃၇ဦးတွေ့ထားပြီး ဆက်လက်ရှာ‌ဖွေနေဆဲဟု ဒေသခံတစ်ဦးက ပြောသည်။

” မီးသင်္ဂြိုလ်စက်က တောက်လျှောက် လုပ်နေရတော့ အက်သွားတာ။ ဆက်သုံးရင် ပြိုမှာ။ အခုတော့ အကုန်လုံးကို ပေါင်းပြီး မြေမြုပ်ဖို့ဆုံးဖြတ်လိုက်ရတယ်”ဟု ကျောက်ဆည်မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကျောက်ဆည်မြို့တွင် ငလျင်ကြောင့် သေဆုံးသူများအား မီးရှို့သင်္ဂြိုလ်နေသည့် မီးသင်္ဂြိုလ်စက် အဆောက်အဦးအက်ကွဲသွား၍ သေဆုံးသူများအား မြေမြုပ်သင်္ဂြိုလ်ရန် မြေကျင်းတူးနေစဉ်။ ဓာတ်ပုံ – CJ

ကျေးရွာအချို့တွင် ကိုယ့်အစီအစဉ်ဖြင့် မီးရှို့သင်္ဂြိုလ်နေရကြောင်းလည်း စုံစမ်းသိရသည်။ သေဆုံးသူ အရေအတွက်သည် ခန့်မှန်း၍ မရ‌နိုင်သေးကြောင်းလည်း မြို့ခံကယ်ဆယ်ရေးသမားတစ်ဦးကပြောသည်။

မတ်လ ၂၈ရက်က မန္တလေးမြို့ကို ဗဟိုပြုလှုပ်သွားသော ရစ်ခ်ျတာစကေး ၇ဒဿမ၇နှင့် နောက်ဆက်တွဲလှုပ်နေသော ငလျင်များကြောင့် မန္တလေးတိုင်းအတွင်း မြစ်သား၊ကျောက်ဆည်၊ ဝမ်းတွင်း၊ မတ္တရာ၊ ပျော်ဘွယ်မြို့တို့တွင်လည်း အရပ်သားထိခိုက်သေဆုံးမှု ရာချီရှိနေသည်။

ငလျင်ကြောင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် ၁၆၄၄ ဦးသေဆုံးပြီး ၃၄၀၈ဦး ဒဏ်ရာရကာ ၁၃၉ ဦး ပျောက်ဆုံးနေကြောင်း စစ်ကောင်စီက မတ်လ ၂၉ရက်ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။ သို့​သော်​မြေပြင်တွင် ​သေဆုံးမှုမှာ စစ်​ကောင်စီထုတ်ပြန်​သောအ​ရေအတွက်ထက်များစွာ ပိုများ​ကြောင်းစစ်​ကောင်စီ သတင်းထုတ်ပြန်မှုတွင် မပါ​သေးသော​ဒေသ များစွာကျန်ရှိ​နေ​သေး​ကြောင်း​ ကယ်ဆယ်​ရေးလုပ်ကိုင်သူများက​ ပြောသည်။

(ကျောက်ဆည်မြို့တွင် ငလျင်ကြောင့် သေဆုံးသူများအား မီးရှို့သင်္ဂြိုလ်နေသည့် မီးသင်္ဂြိုလ်စက် အဆောက်အဦးအက်ကွဲသွား၍ သေဆုံးသူများအား မြေမြုပ်သင်္ဂြိုလ်ရန် မြေကျင်းတူးနေစဉ်။ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။

Facebook