Connect with us

Hi, what are you looking for?

သတင်း

မန္တလေး နေရာတချို့မှာ ရုပ်အလောင်းတွေဆီ အနံ့အသက်တွေ စတင်ထွက်ပေါ်လာတယ်လို့ဆို

အပျက်အစီးပုံတွေအောက်မှာ ကွယ်လွန်နေခဲ့တဲ့ ငလျင်ဘေးသင့် ပြည်သူတွေရဲ့ ရုပ်အလောင်းတွေက ထွက်ပေါ်လာတဲ့ အနံ့အသက်တွေဟာ မန္တလေးမြို့ရဲ့ နေရာတချို့မှာ စတင် ပျံနှံ့လာနေကြောင်း သိရပါတယ်။

အပျက်အစီးပုံတွေအောက်မှာ ကွယ်လွန်နေခဲ့တဲ့ ငလျင်ဘေးသင့် ပြည်သူတွေရဲ့ ရုပ်အလောင်းတွေက ထွက်ပေါ်လာတဲ့ အနံ့အသက်တွေဟာ မန္တလေးမြို့ရဲ့ နေရာတချို့မှာ စတင် ပျံနှံ့လာနေကြောင်း သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ဒုတိယ အကြီးဆုံး မြို့ဖြစ်တဲ့ မန္တလေးဟာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်သွားတဲ့ မဂ္ဂနီကျု ၇.၇ အဆင့် ဖျက်အားပြင်း ငလျင်ကြီးရဲ့ဒဏ်ကို အဆိုးဆုံး ထိခိုက်ခံစားခဲ့ရတဲ့ နေရာတွေထဲက တစ်ခုပါ။ ဒေသခံတွေနဲ့ နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့တွေဟာ ငလျင်ဘေးသင့် ဧရိယာတွေမှာ ပျက်စီးပြိုကျခဲ့တဲ့ အဆောက်အအုံတွေအောက် ပိတ်မိနေသူတွေကို ကယ်ထုတ်နိုင်ဖို့ အချိန်လုပြီး အစွမ်းကုန် ကြိုးစားနေပါတယ်။

ဒါပေမဲ့ တခြားတစ်ဖက်မှာလည်း ရာသီဥတု အလွန်ပူပြင်းခြင်းနဲ့အတူ မန္တလေးမြို့ရဲ့ အပျက်အစီးပုံတွေအောက်က ရုပ်အလောင်းတွေဆီကနေ အနံ့အသက်ဆိုးတွေ စတင်ပျံ့နှံ့လာတယ်လို့ AP သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ကယ်ဆယ်ရေး ကဏ္ဍကို နေပြည်တော်မှာရှိတဲ့ အစိုးရ ရုံးအဆောက်အအုံတွေ၊ ဝန်ထမ်း အိမ်ရာတွေကိုပဲ ဦးစားပေး လုပ်ဆောင်နေတာကြောင့် မန္တလေး အပါအဝင် တခြားမြို့တွေမှာတော့ ဒေသခံတွေဟာ စက်ယန္တရား အကြီးစားတွေ အကူအညီ သိပ်မရဘဲ အပျက်အစီးတွေကို လက်နဲ့သာ ဖယ်ရင်း အသက်ရှင်သူတွေကို ရှာဖွေ ကယ်ဆယ်နေရပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ပစ္စည်းကိရိယာ မလုံလောက်တာတွေ၊ ခရီးသွားလာရေး ခက်ခဲတာတွေအပြင် ဆက်တိုက် လှုပ်ခတ်နေတဲ့ နောက်ဆက်တွဲ ငလျင်တွေကြောင့်ပါ ကယ်ဆယ်ရေးအတွက် နှောင့်နှေးမှုတွေ ဖြစ်ပေါ်နေစေပါတယ်။ မန္တလေးမှာ မတ်လ ၃၀ ရက်နေ့ကလည်း မဂ္ဂနီကျု ၅.၁ အဆင့် ပြင်းအားရှိတဲ့ ငလျင်တစ်ခု ထပ်ပြီး လှုပ်ခတ်ခဲ့ပါသေးတယ်။

အဲဒီငလျင်တွေကြောင့် မြို့ခံ လူဦးရေ တစ်သန်းခွဲထဲက အများစုဟာ အိမ်တွေထဲမှာ မနေရဲဘဲ လမ်းတွေပေါ်ပဲ ထွက်ပြီး ညအိပ်နေကြရပါတယ်။ တချို့ကတော့ မန္တလေးကို ယာယီစွန့်ခွာ ပြောင်းရွှေ့ကုန်ကြပါတယ်။

ငလျင်ဟာ မန္တလေးနဲ့ နေပြည်တော်သာ မကဘဲ စစ်ကိုင်း၊ အမရပူရ၊ ရမည်းသင်း၊ ကျောက်ဆည်၊ စဉ့်ကူ၊ တံတားဦး၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်းစတဲ့ နောက်ထပ် မြို့တွေ၊ အနီးတဝိုက် ကျေးရွာတွေမှာလည်း ထိခိုက်ပျက်စီးမှုတွေ၊ အသေအပျောက်တွေ အများအပြား ဖြစ်ပေါ်စေခဲ့ပါတယ်။ ကနဦး အချက်အလက်တွေ အရတင် အသေအပျောက်က ထောင်နဲ့ချီ များပြားနေပြီး အမေရိကန် ငလျင်တိုင်းတာရေးဌာန (USGS)ကတော့ သေဆုံးသူ အရေအတွက် ၁၀၀၀၀ နဲ့ ၁၀၀၀၀၀ ကြားလောက်ထိ များပြားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒဏ်ရာရသူတွေကလည်း များလွန်းတာကြောင့် ဆေးရုံတွေက လက်ခံကုသပေးဖို့ မနိုင်မနင်း ဖြစ်လောက်တဲ့ အခြေအနေမျိုးနဲ့ ကြုံနေရပါတယ်။

ငလျင်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ လမ်းတံတား ပျက်စီးမှုတွေ၊ ဖုန်းနဲ့ အင်တာနက်လိုင်း ပြတ်တောက်မှုတွေကြောင့် အဆက်အသွယ် ပြတ်တောက်နေတဲ့ နေရာ အများအပြားလည်း ရှိနေပါတယ်။

ငလျင်ကြီးရဲ့ဒဏ်ကို အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း သက်ရောက် ခံစားခဲ့ရပြီး အသေအပျောက် ၁၈ ဦးထက်မနည်းရှိပြီး ၇၀ ကျော် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။