Connect with us

Hi, what are you looking for?

သတင်း

ပြည်သူကို နေ့စဉ်ဗုံးကြဲသတ်ဖြတ်နေသည့် မင်းအောင်လှိုင်က ငလျင်ဘေးဝမ်းနည်းခြင်းနေ့ရက်အဖြစ် တစ်ပတ်သတ်မှတ် ကြေညာ

စစ်တပ်အာဏာသိမ်းပြီး လေးနှစ်ကျော်အတွင်း ပြည်သူလူထုများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ၊ ပြည်သူရှိရာကို လေကြောင်း၊လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်ခဲ့သည့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ယခု ပြည်သူထောင်ချီ သေဆုံးခဲ့ရသည့် ငလျင်ဘေးအတွက် နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ် တစ်ပတ်သတ်မှတ်ကြောင်း ကြေညာခဲ့သည်။

မန္တလေးမြို့သို့ ရောက်ရှိနေသော စစ်ခေါင်းဆောင်မင်းအောက်လှိုင်နှင့်အဖွဲ့အား တွေ့ရစဉ်။ ဓာတ်ပုံ - စကစ

မတ်-၃၁၊၂၀၂၅။ဟန်နွေ/People’s Spring

စစ်တပ်အာဏာသိမ်းပြီး လေးနှစ်ကျော်အတွင်း ပြည်သူလူထုများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ၊ ပြည်သူရှိရာကို လေကြောင်း၊လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်ခဲ့သည့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ယခု ပြည်သူထောင်ချီ သေဆုံးခဲ့ရသည့် ငလျင်ဘေးအတွက် နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ် တစ်ပတ်သတ်မှတ်ကြောင်း ကြေညာခဲ့သည်။

ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ် ယနေ့(မတ်လ ၃၁ရက်)မှ ဧပြီ ၆ရက်)အထိ တပတ်ကြာ သတ်မှတ်လိုက်ကြောင်းနှင့် ထိုရက်များအတွင်း နိုင်ငံတော်အလံအား တိုင်ဝက်လျှော့ချ၍ လွှင့်ထူ ကြရန်ဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီသည် တဖက်တွင် ပြည်သူများ သေဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ဟန်ပြ လုပ်ဆောင်နေသော်လည်း တဖက်တွင်လည်း လေကြောင်းတိုက်ခိုက်မှုများကို ငလျင်မတိုင်မီ၊ ငလျင်လှုပ်ခတ်နေချိန်နှင့် ငလျင်အပြီးတွင်လည်ူ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ပြည်သူများ မြေငလျင်ဒဏ် ပြင်းထန်စွာ

ခံစားနေရချိန် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်ကို ဝမ်းနည်းစွာတွေ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)က ထုတ်ပြန်ထားသည်။

အလားတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန၏ သတင်းဖော်ပြချက်တွင်လည်း နိုင်ငံ၌ ငလျင်ဒဏ်ခံစားနေရချိန် စစ်ကောင်စီက တိုက်ပွဲဖြစ်ရာနေရာများနှင့် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် နေရာများကိုပါ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီသည် တအာင်းတပ်မတော်(TNLA) ထိန်းချုပ်နယ်မြေ နောင်ချိုမြို့ကိုလည်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့၍ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

စစ်ကောင်စီသည် အင်အားပြင်းငလျင်လှုပ်ခတ် ချိန် မတ်လ ၂၈ရက်ပင် နောင်ချိုမြို့နယ်ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တော်လှန်ရေးရဲဘော် ၇ဦးကျဆုံးခဲ့သည်။

မတ်လ ၂၅ရက်ကလည်း နောင်ချိုမြို့နယ် အုမ္မခါးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံ ၄ဦး သေဆုံးကာ ၄ဦး ဒဏ်ရာ့ရှိခဲ့သည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲမရှိဘဲအရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲမှုများ လုပ်ဆောင်နေ၍ ထိုသိုတိုက်ခိုက်ခံရမှုမှရှောင်လွှားနိုင်ရန် ပြည်သူများအနေဖြင့် လေကြောင်းရန်ကို အထူးဂရုပြုနေထိုင်ရန် ၊ စစ်ရေးသတိ အမြဲရှိရန် လိုအပ်ကြောင်း TNLAက ထုတ်ပြန်သည်။။

ထို့အပြင် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်သည်ဟုလည်း သတိပေးသည်။

ရေစကြိုမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ တာဝန်ခံ “မအလ တပ်ကတော့ငလျင်လှုပ်ပီးလို ပြည်သူတွေ ဒုက္ခပင်လယ်ဝေနေချိန်မှာ ကူညီကယ်ဆယ်ရေး မလုပ်ဘဲ တော်လှန်ရေးတပ်တွေ တော်လှန်ရေးနယ်ကပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ မိုက်ရိုင်းစွာဆောင်ရွက်နေတာပါ”ဟု လူမှုကွန်ရက်၌ ရေးသားထားသည်။

ကူညီကယ်ဆယ်ရေးများ အင်တိုက်အားတိုက် မလုပ်ဆောင်နိုင်ခြင်းမှာ စစ်ကောင်စီက စစ်မှုထမ်း ပေါ်တာဆွဲမှုကို မထင်ရင် မထင်သလို ပြုလုပ်နေ၍ ဖြစ်သည်ဟု ဆိုသည်။

“သဘာဝဘေးတွေက ရှေ့လျှောက်လည်း ကြုံရဖိုအလားအလာ ရှိတယ်။ ယုတ်ညံ့တဲ့ အာဏာသိမ်း မအလ ဆက်ရှိနေသေးရင်တိုင်းပြည်ရော လူထုရော ဒီထက် နာကြဖိုပဲ ရှိတော့တာမိုခုလို ရင်နာရတဲ့ အခြေအနေဆိုးတွေ မကြုံချင်တော့ဘူး။ မီးခိုးလည်း ဖယ်မီးတောက်လည်း ဆက်ငြိမ်းကြရအောင်ပါ”ဟု ရဲဘော်ဝေကြီးက စစ်အာဏာရှင်ကို ဆက်လက်တိုက်ထုတ်ရန် တိုက်တွန်းသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စာရင်းများအရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် လက်ပါးစေများ၏လက်ချက်ကြောင့် ဒီမိုကရေစီရေး လှုပ်ရှားသူနှင့် ပြည်သူ ၆၅၀၀နီးပါးရှိသည်ဟုဆိုသည်။

အဆိုပါ စာရင်းများသည်လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်၌ ပိုများနိုင်ကြောင်း AAPPက အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။