Connect with us

Hi, what are you looking for?

သတင်း

ငလျင်လှုပ်ချိန် ရဲနွယ်ဆည်ရောက်နေသည့်ပြည်သူရှစ်ဦးသေဆုံး

ငလျင်လှုပ်ခတ်မှုကြာင့် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ ရဲနွယ်ဆည်သို့ သစ်ခုတ်ဝါးခုတ်နှင့် ငါးရှာထွက်လာသည့် အမျိုးသားရှစ်ဦး သေဆုံးသွားရာ ရုပ်အလောင်းတစ်လောင်းသာ ပြန်လည်ရရှိခဲ့ကြောင်း ပဲခူးရိုးမအခြေစိုက် BPDF-Yoma တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ငလျင်လှုပ်ခတ်မှုအပြီး နွံများပြည့်သွားသည့် ရေတွင်းများနှင့် ပဲခူးရိုးအနီး ရဲနွယ်ဆည်ပေါင်နှင့် ဆည်းဝန်းကျင်ကိုတွေ့ရစဥ်။ ဓာတ်ပုံ - ကျောက်တံခါး ပကဖ/BPDF-Yoma

■ကျောက်တံခါးမြို့နယ်တွင် ငလျင်ဘေးကြောင့် သံဃာတစ်ပါးအပါအဝင် ပြည်သူ ၁၁ဦး သေဆုံး

ဧပြီ ၂ရက်၊၂၀၂၅။ ကျော်ဇော/People’s Spring

ငလျင်လှုပ်ခတ်မှုကြာင့် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ ရဲနွယ်ဆည်သို့ သစ်ခုတ်ဝါးခုတ်နှင့် ငါးရှာထွက်လာသည့် အမျိုးသားရှစ်ဦး သေဆုံးသွားရာ ရုပ်အလောင်းတစ်လောင်းသာ ပြန်လည်ရရှိခဲ့ကြောင်း ပဲခူးရိုးမအခြေစိုက် BPDF-Yoma တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ငလျင်ဘေးသင့်၍ အသက်ဆုံးရှုံးခဲ့ရသော ပြည်သူရှစ်ဦးသည် ကျောက်တံခါးမြို့ နယ်၊ ဖဒိုဒေသမြို့ချောင်း၊ ကင်းရွာနှင့် ဒညင်းကုန်းကျေးရွာတို့မှဖြစ်ကြောင်း BPDF-Yoma မှ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“ဒေသခံတွေက ဆည်အနီးဝန်းကျင်မှာ သစ်ဝါးခုတ်တယ်။ ငါးလည်းရှာကြပါတယ်။ ဖြစ်သွားတာလည်း ကျား(အမျိုးသား)ချည်းပဲ လူငယ်ခုနစ်ဦး၊ လူကြီးတစ်ဦးပါ”ဟု အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။

ယင်းငလျင်ဒဏ်ကြောင့် ပြည်သူရှစ်ဦးအသက်ဆုံးရှုံးမှုတွင် အမျိုးသားရုပ်အလောင်းတစ်ခုသာ ပြန်လည်ရရှိခဲ့ပြီး ကျန်ခုနစ်ဦး၏ ရုပ်အလောင်းများမှာ ဧပြီလ ၂ ရက်အထိ ရှာမတွေ့သေးဟု BPDF-Yoma တာဝန်ရှိသူက ရှင်းပြသည်။

အလားတူ ကျောက်တံခါးမြို့၊ စာတိုက်ရပ်ကွက်၊ အသောကာရုံတောရကျောင်းတိုက်မှ စာဖြေသံဃားတစ်ပါး ပျံလွန်တော်မူ၍ ဖဒိုမြို့နေအိမ်ပြိုကျမှုတွင် လူတစ်ဦးသေဆုံးကာ ပဲနွယ်ကုန်းရုပ်ရှင်ရုံဟောင်းပြိုကျမှုတွင်လည်း လူတစ်ဦးသေဆုံးခဲ့ခြင်းကြောင့် စုစုပေါင်း ငလျင်ဒဏ်ကြောင့် ၁၁ ဦးသေဆုံးကြောင်း ကျောက်တံခါးမြို့နယ် ပကဖ စာရင်းများအရ သိရသည်။

ယနေ့(ဧပြီ ၂ ရက်)အထိ ကောက်ယူထားသောစာရင်းများအရ ကျောက်တံခါးမြို့နယ်တွင် ငလျင်ကြောင့် နေအိမ်ထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စု ၂၀ခန့်မှ လူဦးရေ ၁၀၀ ကျော် ဘေးသင့်ပြီး အကူအညီများလိုအပ်လျှက်ရှိကြောင်း ကျောက်တံခါး ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စစ်ဘေးရော၊ သဘာဝဘေးရော ရင်ဆိုင်နေရတာဖြစ်လို့ ကူညီထောက်ပံ့မှုတွေ လိုအပ်နေပါတယ်ခင်ဗျ။ အထူးသဖြင့် ယာယီရွှေ့ ပြောင်းနေထိုင်ရန် အဆောက်အဦ၊ စာနပ် ရိက္ခာ၊ ဆေးဝါးတွေ လိုအပ်ပါတယ်”ဟု ပကဖ တာဝန်ရှိသူက ​လူထုနွေဦးသို့ ပြောသည်။

လက်ရှိအခြေအနေတွင် မြို့နယ်ပကဖ ရဲ ဘော်များအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏လူသားစာနာဌာနနှင့် ချိတ်ဆက်ပြီး ဘေးသင့်ပြည်သူများအား အကူအညီပေးရေးလုပ်ဆောင်လျှက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ငလျင်လှုတ်ခတ်ပြီးနောက် ကျောက်တံခါးမြို့ နယ်အတွင်းရှိ ကျေးရွာတချို့တွင် ရေတွင်းများ သဲပြည့်သွားသည့်အတွက် ပြည်သူများအနေဖြင့် သောက်သုံးရေအခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း မြို့နယ်ပကဖက အသိပေးသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၅၂ မိနစ်ခန့်က မန္တလေးမြို့အနီးကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၇ ဒဿမ ၇ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ရာ ဧပြီ ၁ ရက် စာရင်းများအထိ ငလျင်ကြောင့် သေဆုံးသူ ၂,၇၀၀ ကျော်ရှိပြီ ဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

၂၀၂၅ မတ် ၂၈ စစ်ကိုင်းငလျင်ကြီးက​ပေးတဲ့ ငလျင်သင်ခန်းစာသစ်

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။