Connect with us

Hi, what are you looking for?

သတင်း

ငလျင်လှုပ်ပြီး နာရီပေါင်း ၁၀၀ကျော်မှ ပိတ်မိနေသူလေးဦးကို အသက်ရှင်လျှက်ကယ်ထုတ်နိုင်

ငလျင်ကြီးလှုပ်ခတ်ပြီး ၆ ရက်မြောက်နေ့ဖြစ်သော ဧပြီ ၂ ရက်တွင် မြို့သုံးမြို့၌ ပိတ်မိပြည်သူလေးဦးအား ပြိုကျပျက်စီးနေသည့်အဆောက်အဦများကြားမှ အသက်ရှင်လျှက်ကယ်ထုတ်နိုင်ခဲ့ကြောင်း လူမှုကူညီရေးအသင်းများနှင့် မီးသတ်ဌာနစာရင်းများအရ သိရသည်။

မန္တလေးမြို့ Golden Country Hotel အဆောက်အဦပြိုကျမှုတွင် ပိတ်မိနေသူတစ်ဦးအား ကယ်ထုတ်လာစဉ်။ ဓာတ်ပုံ - MFSD

■Golden Country ဟိုတယ်မှအမျိုးသားကိုကယ်ထုတ်ရာတွင် တရုတ်အဖွဲ့ကလုပ်ခဲ့ပြီး မီးသတ်တပ်
ဖွဲ့က အသက်ရှင်လျက်လူကယ်တင်နိုင်သည်ဟုသိမှ ​ရောက်လာခြင်းဖြစ်ဟုဖြစ်စဥ်ကိုသိသူအချို့​ပြော

ဧပြီ ၂၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ငလျင်ကြီးလှုပ်ခတ်ပြီး ၆ ရက်မြောက်နေ့ဖြစ်သော ဧပြီ ၂ ရက်တွင် မြို့သုံးမြို့၌ ပိတ်မိပြည်သူလေးဦးအား ပြိုကျပျက်စီးနေသည့်အဆောက်အဦများကြားမှ အသက်ရှင်လျှက်ကယ်ထုတ်နိုင်ခဲ့ကြောင်း လူမှုကူညီရေးအသင်းများနှင့် မီးသတ်ဌာနစာရင်းများအရ သိရသည်။

အသက်ရှင်လျှက်ကယ်ထုတ်နိုင်သူများအနက် နေပြည်တော်တွင် အမျိုးသားနှစ်ဦး၊ စစ်ကိုင်းမြို့တွင် အမျိုးသားတစ်ဦးနှင့် မန္တလေးမြို့တွင် အမျိုးသားတစ်ဦးဖြင့် စုစုပေါင်း လေးဦးဖြစ်သည်။

Public Service Announcement

Public Service Announcement

■နေပြည်တော်

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ဟိုတယ်အေးချမ်းသာ(၆)ထပ်အဆောက်အဦ၏ အောက်ဆုံး(၂)ထပ်ပြိုကျ၍ ပိတ်မိနေသူနှစ်ဦးအနက် တစ်ဦးအား ယနေ့(ဧပြီ ၂ ရက်)နံနက်အစောပိုင်း ၁၂ နာရီခွဲတွင် အသက်ရှင်လျှက်ကယ်ထုတ်နိုင်ခဲ့ကြောင်း မီးသတ်ဌာနမှတ်တမ်းတွင် ဖော်ပြသည်။

ယင်းဌာနမှတ်တမ်းများအရ အဆိုပါ အမျိုးသားအား ငလျင်လှုပ်ပြီး ၅ရက်မြောက်နေ့ နာရီပေါင်း ၁၀၇နာရီအကြာတွင် နိုင်ငံတကာမှ ကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ အသက်ရှင်လျှက်ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အလားတူ ဥတ္တရသီရိမြို့နယ်ရှိ ဟိုတယ်အေး ချမ်းသာ(၆)ထပ်အဆောက်အဦ၏မှာပင် အသက်ရှင်လျှက်ကျန်ရှိနေသည့် နောက်ထပ်အမျိုးသားတစ်ဦး နာရီပေါင်း ၁၂၁ နာရီအကြာတွင် ကယ်ထုတ်နိုင်ခဲ့သည်ဟု မိသတ်ဌာနက အသိပေးထားသည်။

■စစ်ကိုင်းမြို့

ယနေ့(ဧပြီ ၂ရက်)တွင် စစ်ကိုင်းမြို့၌ အသက်ရှင်လျှက်ကယ်ထုတ်နိုင်ခဲ့သော အမျိုးသားတစ်ဦးမှာ ပိုးတန်းရပ်ကွက်၊ စွယ်တော်နန်းတည်းခိုခန်းပြိုကျပျက်စီးစဥ် ပိတ်မိနေသူဖြစ်ကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)အပါအဝင် လူမှုကူညီရေးအသင်းများနှင့် မီးသတ်ဌာနမှတ်တမ်းများအရ သိရသည်။

အဆိုပါ အမျိုးသားမှာ အသက်(၄၀)ခန့်အရွယ် ဦးတင်မောင်ထွေးဆိုသူဖြစ်ပြီး ၎င်းအား နာရီပေါင်း ၁၂၂နာရီအကြာ ယနေ့(ဧပြီ ၂ ရက်)မွန်းလွဲ ၂နာရီ ၄၅မိနစ်တွင် အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့ခြင်းဟု ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည့် အဖွဲ့အစည်းများက အသိပေးထုတ်ပြန်သည်။

“မြန်မာနိုင်ငံမှာ (၆)ရက်အကြာ မစားမသောက်ဘဲ အသက်ရှင်လျှက် နေနိုင်တဲ့သူဆိုတာ မကြားဖူးသေးပါဘူးခင်ဗျာ။ အာရှမှာတောင် ရှိမယ်မထင်ပါဘူး။ ရှိလည်း တစ်ယောက်လောက်ပဲရှိမယ်ထင်ပါတယ်”ဟု စစ်ကိုင်းမြို့၌ ဦးတင်မောင်ထွေးအား ကယ်ထုတ်မှုအပြီးတွင် ရောင်စုံမေတ္တာလူမှုကူညီရေးအသင်း(မကွေး)က မှတ်ချက်ပေးသည်။

■မန္တလေးမြို့

မန္တလေးမြို့ Golden Country Hotel အဆောက်အဦပြိုကျမှုတွင် ပိတ်မိနေသူများမှ သက်ရှင်ကျန်ရှိနေကြောင်း သတင်းရသဖြင့်မီးသတ်ဌာနအပါအဝင် တရုတ်နှင့် မလေးရှားအပါအဝင် နိုင်ငံတကာမှ ကယ်ဆေးရေးအဖွဲ့များပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ရာ အမျိုးသားတစ်ဦးအား အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့
မီးသတ်ဌာနက ဖော်ပြသည်။

အသက်ရှင်လျှက်ကယ်ထုတ်နိုင်ခဲ့သူမှာ အသက်
(၅၃)နှစ်အရွယ် ဦးဆန်းလွင်ဆိုသူဖြစ်ပြီး ၎င်းအား ဧပြီ ၂ ရက်ညနေ ၅ နာရီ ၄၅မိနစ်(ငလျင်
လှုပ်ပြီး ၁၂၅ နာရီအကြာ)တွင် ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

သို့​သော်ဦးဆန်းလွင်ကိုကယ်ထုတ်ခဲ့သူများတွင် တရုတ်ကယ်ဆယ်​ရေးအဖွဲ့များကအဓိကလုပ်ကိုင်သွားပြီး မီးသတ်တပ်ဖွဲ့ မပါဝင်ဘဲ အသက်ရှင်လျက် ပိတ်မိသူကိုကယ်ထုတ်နိုင်​ကြောင်းသိမှ ​ရောက်လာပြီး မှတ်တမ်းယူကြခြင်းဖြစ်​ကြောင်းဖြစ်စဥ်ကိုသိသူအချို့က ​ပြောသည်။

“Golden Country Hotelမှာ မီးသတ်ကကယ်ထားတယ်ဆိုတာ မဟုတ်ပါ။ကယ်ဆယ်ခဲ့တာ သူတို့တွေတစ်ယောက်မှမပါပါ။လူတွေ့ပီဆိုမှ ရောက်
လာပီးဇွတ်အတင်း၀င်လို့တရုတ်အဖွဲ့တွေနဲ့လည်း
စကားများကြရပါသေးတယ်”ဟုဖြစ်စဥ်ကိုသိရှိသူတဦးက​ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်းသတင်းထုတ်ပြန်ရာတွင် Golden Country ဟိုတယ်မှ ပိတ်မိပြည်သူတစ်ဦးအား ကယ်ဆယ်မှုနှင့်စပ်လျဥ်း၍ တရုတ်ကယ်ဆယ်ရေးအဖွဲ့နှင့် တရုတ်စစ်သားများပါဝင်သော တရုတ်နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တို့ပူးပေါင်း၍ အသက် ၅၂ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း​ဖော်ပြထားသည်။

အသက်ရှင်ကျန်ရစ်သူသည် ၁၂၅ နာရီနီးပါး
ပိတ်မိနေခဲ့ပြီး ကယ်ထုတ်လိုက်သောအချိန်တွင် အသက်ရှင် လက္ခဏာများ ကောင်းမွန်ခဲ့ရာ နောက်ဆက်တွဲ ကုသမှုအတွက် ဒေသတွင်း ဆေးကုသရေးအဖွဲ့ တစ်ခုသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ ကယ်ဆယ်မှုကို ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ကယ်ဆယ်ရေးအဖွဲ့နှင့် ရှန်
ကျန့်(Shenzhen)၊ SRVF ကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းကယ်ဆယ်ရေးတွင် ပါဝင်ခဲ့ကြသည်ဟု ဖော်ပြထားသည်။ တရုတ်သံရုံးထုတ်ပြန်ရာတွင် မီးသတ်ဌာနမပါသလို ကယ်ထုတ်​သောရုပ်သံမှတ်တမ်းတွင် တရုတ်ကယ်ဆယ်​ရေးအဖွဲ့များကသာကယ်ထုတ်ခဲ့သည်ကိုလည်း​တွေ့ရသည်။

မတ်လ ၂၈ရက်က စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့သော ပြင်းထန်ငလျင်ကြီးကြောင့် စစ်ကိုင်း
တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့တွင် ထိခိုက်ပျက်စီးမှုနှင့် လူသေဆုံးထိခိုက်မှုများရှိခဲ့ရာ မတ်လ ၃၁ရက်အထိ ၄၀၃ဦးကို အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့ပြီဖြစ် ကြောင်း မီးသတ်ဌာနမှတ်တမ်းများအရ သိရသည်။

အလားတူ ဧပြီ ၁ရက်(ယမန်နေ့)က နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တိုက်အမှတ်(၃၃၆၉)တွင် အသက်(၆၃)နှစ်ခန့် အမျိုးသမီးကြီးတစ်ဦးအား ငလျင်လှုပ်ပြီး ၉၁ နာရီအကြာတွင် အသက်ရှင်လျှက်ကယ်ထုတ်နိုင်ခဲ့သေးသည်။

ထို့အပြင် မတ်လ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၅၂မိနစ်ခန့် ငလျင်ကြီးလှုပ်ချိန်မှ ယနေ့(ဧပြီ ၂ ရက်)ည ၁၀ နာရီအထိ ငလျင်ကြောင့် အဆောက်အဦများအတွင်း ပိတ်မိနေသူများမှ ၄၀၈ဦးအား အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။