Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဒဏ်သင့် မန္တလေးမြို့မှာ အရေးတကြီး ဘာတွေလိုအပ်နေလဲ

နှစ်ပေါင်းတစ်ရာ အတွင်း ဖျက်အားပြင်း ငလျင်ကြီးကြောင့်မြို့လုံးကျွတ်နီးပါး ထိခိုက်ပျက်စီးပြီလူ့အသက်ပေါင်းများစွာ ဆုံးရှုံးလိုက်ရတဲ့ မန္တလေးမြို့ ဆီ သွားရောက်လှုဒါန်းကြသူတွေ လည်းရှိနေပါတယ်။

နှစ်ပေါင်းတစ်ရာ အတွင်း ဖျက်အားပြင်း ငလျင်ကြီးကြောင့်မြို့လုံးကျွတ်နီးပါး ထိခိုက်ပျက်စီးပြီလူ့အသက်ပေါင်းများစွာ ဆုံးရှုံးလိုက်ရတဲ့ မန္တလေးမြို့ ဆီ သွားရောက်လှုဒါန်းကြသူတွေ လည်းရှိနေပါတယ်။

ဧပြီ – ၃ ၊ ၂၀၂၅ /People’s Spring

မန္တလေး မှာ ငလျင်လှုပ်ခတ်ပြီး အခုဆိုရင် ၈ ရက်တာကြာမြင့်လာပါပြီ။

နှစ်ပေါင်းတစ်ရာ အတွင်း ဖျက်အားပြင်း ငလျင်ကြီးကြောင့်မြို့လုံးကျွတ်နီးပါး ထိခိုက်ပျက်စီးပြီလူ့အသက်ပေါင်းများစွာ ဆုံးရှုံးလိုက်ရတဲ့ မန္တလေးမြို့ ဆီ သွားရောက်လှုဒါန်းကြသူတွေ လည်းရှိနေပါတယ်။

မန္တလေးမြို့ရဲ့ မြေပြင်မှာ အမှန်တကယ်လိုအပ်တဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ ဘာတွေဖြစ်မလဲဆိုတာကို မြေပြင်မှာ ကူညီရေးလုပ်ဆောင်နေသူတွေ ၊ မြို့ခံတွေကို မေးမြန်းထားပါတယ်။

Public Service Announcement

Public Service Announcement

* သောက်သုံးရေ *

ငလျင်ကြောင့် လျှပ်စစ်မီးပြတ်တောက်တာ ၊ရေတွင်း ရေကန်တွေ ထိခိုက်ပျက်စီးသွားတာ ကြောင့် သန့်ရှင်းတဲ့သောက်ရေ ၊ သုံးရေ ရဖို့ ခက်ခဲနေပါတယ်။

*အစားအစာ*

အိုးအိမ်တွေ ပျက်စီးသွားတဲ့အခါ အိုး၊ခွက်၊ပန်းကန် တွေပါ ပါသွားတဲ့အတွက် နေ့တဓူဝ စားရေးသောက်ရေး အတွက် ချက်ပြုတ်ဖို့ အဆင်မပြေတာကြောင့် လွယ်လင့်တကူ အသင့်စား အစားအစာတွေလည်းလိုအပ်ပါတယ်။

အခုအခါမှာတော့ ထမင်း ၊ ဟင်း လာရောက်လှုဒါန်းကြသူတွေလည်းရှိနေပါတယ်။ တဖက်မှာလည်း ချက်ပြုတ်စားသောက်ဖို့အတွက် အိုး၊ခွက် ၊ပန်းကန်၊ မီးဖို စတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေထောက်ပံ့ဖို့ လိုအပ်နေပါတယ်။

*အဝတ်အထည်*

ငလျင်ဘေးကနေ အဝတ်တထည် ကိုယ်တခုနဲ့ထွက်ပြေးလွတ်မြောက်လာကြရတဲ့အတွက် အဝတ် အစားတွေ လိုအပ်နေပါတယ်။

*အမိုးအကာ*

ယာယီရွက်ဖျင်တဲတွေ အများအပြားလိုအပ်ပါတယ်။ ငလျင်ကြောင့် အိုးအိမ် ဆုံးရှုံးသွားသူတွေ ၊ နောက်ဆက်တွဲ ငလျင်ဒဏ်ကို စိုးရွံကြသူတွေ ဟာ အိမ်အပြင်ဘက်တွေ ၊ ကွက်လပ်တွေ ၊ ပလက်ဖောင်းတွေ ပေါ်မှာ အဆင်သင့်သလို နေထိုင်နေကြပါတယ်။

တဆက်တည်းမှာပဲ အမိုးအကာခေါင်းစဉ်အောက်မှာ ခြင်ထောင် ၊ အပေ့ါအပါး ၊ အလေးစွန့်ဖို့ ရွေ့ပြောင်း အိမ်သာတွေ လည်း လိုအပ်နေတယ်လို့မြေပြင်မှာ အကူအညီပေးနေသူတွေကအသိပေးပါတယ်။

*ဆေးဝါး*

ပူပြင်းလှတဲ့ ရာသီကြောင့် ဓာတ်ဆားရည် ၊ ခြင်မကိုက်ဆေးရည် ၊ ခြင်ဆေးခွေ ၊ လက်သန့်ဆေးရည် တို့ လိုအပ်ပါတယ်။

*ငွေကြေး*

အခုချိန်မှာ ငလျင်ဒဏ်သင့်ပြည်သူတွေကို ငွေကြေးထောက်ပံ့ပေးမှုကလည်း အရေးကြီးပါတယ်။

*အပျက်အစီးရှင်းလင်းရေး*

ရက်သတ္တပတ်တစ်ပတ်ကျော်လာချိန်မှာ အပုပ်နံတွေ ထွက်လာတဲ့နေရာတွေက ရုပ်အလောင်းတွေကို သယ်ထုတ်နိုင်ဖို့ ပြိုကျပျက်စီးနေတဲ့အဆောက်အဦးတွေကို ရှင်းလင်းရေးလုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။ ဒါကြောင့် စက်ယန္တယားတွေ ၊ ကွန်ကရစ်ဖောက်စက်တွေ ၊ ဖြတ်စက်တွေ အပြင် အလောင်းထုတ်ပိုးဖို့အိတ်တွေပါ လိုအပ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။