Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးခံစားနေရသူများအတွက် အမေရိကန်ရောက်မြန်မာများက ဆီမီးထွန်းဆုတောင်းပေး

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ မြို့တော်ခန်းမရှေ့တွင် Free Burma Action Committee-Northern Californiaမှ ဦးဆောင်၍ ငလျင်ဘေးဒဏ် ခံစားနေရသော မြန်မာပြည်သူများအတွက် မီးထွန်းဆုတောင်းပွဲကို ယ​နေ့ (ဧပြီ ၆) ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - Free Burma Action Committee

ဧပြီ-၆၊၂၀၂၅။ သုည/People’s Spring

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ မြို့တော်ခန်းမရှေ့တွင် Free Burma Action Committee-Northern Californiaမှ ဦးဆောင်၍ ငလျင်ဘေးဒဏ် ခံစားနေရသော မြန်မာပြည်သူများအတွက် မီးထွန်းဆုတောင်းပွဲကို ယ​နေ့ (ဧပြီ ၆) ပြုလုပ်ခဲ့သည်။

အဆိုပါဆုတောင်းပွဲကို နွေဦးတော်လှန်ရေးအင်အားစုများ၊ ထောက်ပို့ပြည်သူများနှင့် ကျောင်းသားလူငယ်များ စုပေါင်းပါဝင်ခဲ့ပြီး One Myanmar Community မှ မြန်မာမိသားစုများလည်း ပါဝင်ခဲ့သည်။

ပြည်ပရောက်မြန်မာများက ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ်ဆုံးရှုံးခဲ့ကြရသော ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူများအတွက် ကောင်းရာမွန်ရာဘဝများ ရောက်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သခဲ့ကြပြီး ငလျင်ဒဏ်သင့်ပြည်သူများအတွက် အလှူငွေကောက်ခံခြင်းကိုလည်း လုပ်ဆောင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် “Free Burma” ၊ “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” စသည့် စာသားများကို ကိုင် ဆောင် ပြီး စစ်အာဏာရှင်ကိုလည်း ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

၂၀၂၅ မတ် ၂၈ စစ်ကိုင်းငလျင်ကြီးက​ပေးတဲ့ ငလျင်သင်ခန်းစာသစ်

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။

Facebook