Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို ဝေဖန်ခဲ့တဲ့ အိန္ဒိယ စေတနာ့ဝန်ထမ်းရဲ့ Facebookပို့စ်ဟာ ပုဂ္ဂိုလ်ရေး အမြင်သာဖြစ်တယ်လို့ အိန္ဒိယသံရုံး ထုတ်ပြန်

သေနတ်ပြောင်းဝတွေရဲ့ ရှေ့မှာ ကယ်ဆယ်ရေး မလုပ်ချင်တော့လို့ နေရပ်ပြန်သွားခဲ့တယ်ဆိုတဲ့ အိန္ဒိယ နိုင်ငံသား စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးသမား တစ်ဦးရဲ့ Facebook ပို့စ်ဟာ ပုဂ္ဂိုလ်ရေး အမြင်သာဖြစ်ပြီး အိန္ဒိယ အစိုးရရဲ့ ရပ်တည်ချက်ကို ကိုယ်စားမပြုဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံရုံးက ထုတ်ပြန်ခဲ့ပါတယ်။

သေနတ်ပြောင်းဝတွေရဲ့ ရှေ့မှာ ကယ်ဆယ်ရေး မလုပ်ချင်တော့လို့ နေရပ်ပြန်သွားခဲ့တယ်ဆိုတဲ့ အိန္ဒိယ နိုင်ငံသား စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးသမား တစ်ဦးရဲ့ Facebook ပို့စ်ဟာ ပုဂ္ဂိုလ်ရေး အမြင်သာဖြစ်ပြီး အိန္ဒိယ အစိုးရရဲ့ ရပ်တည်ချက်ကို ကိုယ်စားမပြုဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံရုံးက ထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်မှာရှိတဲ့ အိန္ဒိယ သံရုံးရဲ့ ဧပြီလ ၇ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ အိန္ဒိယ စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးသမား ကီရန်ဗာမာ ရေးသားထားခဲ့တဲ့ Facebookပို့စ်ဟာ အိန္ဒိယ အစိုးရရဲ့ ရပ်တည်ချက်နဲ့ မသက်ဆိုင်ဘူးလို့ ရှင်းလင်းထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာ မြန်မာ (စစ်ကောင်စီ) အာဏာပိုင်တွေဆီက ကြိုတင်ခွင့်ပြုချက် မရဘဲနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ သတင်းမီဒီယာတွေဆီ သတင်းပေးပို့ခြင်းကိုလည်း အိန္ဒိယ နိုင်ငံသားတွေ အနေနဲ့ ရှောင်ကြဉ်ဖို့ တိုက်တွန်းလိုကြောင်း သံရုံးက ဆိုပါတယ်။

အဲဒီနောက်မှာတော့ ဗာမာက သံရုံးပို့စ်အောက်မှာ မှတ်ချက်ရေးသား တုံ့ပြန်ခဲ့ရာမှာ သူဟာ မြန်မာနိုင်ငံကို ကိုယ့်သဘောနဲ့ကိုယ် သွားရောက်ခဲ့တာသာ ဖြစ်တဲ့အကြောင်းနဲ့ သူ့ပို့စ်ကြောင့် ကိစ္စတွေက ကြီးကျယ်သွားမယ်လို့ မထင်မိခဲ့ကြောင်း၊ အဲဒီအတွက် တောင်းပန်ကြောင်း ဖော်ပြထားပါတယ်။ သံရုံးရဲ့ အကြံပြုချက်နဲ့အညီ သူဟာ အဲဒီအကြောင်းအရာကို ထပ်ပြီး ဆွေးနွေးပြောဆိုနေတော့မှာ မဟုတ်ကြောင်း၊ သူက မြန်မာနိုင်ငံအတွက် အကောင်းဆုံးကိုပဲ ရည်ရွယ် မျှော်လင့်ခဲ့ပေမယ့် အခြေအနေတွေက မထင်ဘဲ ရှုပ်ထွေးသွားခဲ့ကြောင်း၊ သူ့ကြောင့် အိန္ဒိယနိုင်ငံအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရင် တောင်းပန်ကြောင်း ဗာမာက ရေးသားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မတ်လဆန်းတုန်းက Facebookပေါ် တင်ထားခဲ့တဲ့ ဗာမာရဲ့ ပို့စ်မှာတော့ သူ့အနေနဲ့ သေနတ်ပြောင်းဝတွေရဲ့ရှေ့မှာ ကယ်ဆယ်ရေး ဆက်လုပ်ဖို့ ဘယ်လိုမှ မစွမ်းသာခဲ့ကြောင်း၊ ငလျင်အပြီးမှာ မြန်မာနိုင်ငံ ဖြတ်သန်းရတဲ့ အခြေအနေဟာ ဆိုးသထက် ဆိုးသွားကြောင်း ရေးသားထားပြီး စစ်ကောင်စီကို ဝေဖန်ထားခဲ့ပါတယ်။

နိုင်ငံရဲ့ အဆိုးဆုံး ဖြတ်သန်း ကြုံတွေ့နေရတဲ့ ကာလတစ်ခုမှာ မြန်မာစစ်တပ်ဟာ လူသားဆန်မှု နည်းနည်းလေးဖြစ်ဖြစ် ပြသဖို့တော့ သူက မျှော်လင့်မိခဲ့ကြောင်းလည်း ဗာမာက ရေးသားထားခဲ့ပြီး သူ့ရဲ့ပို့စ်ဟာ မြန်မာနိုင်ငံက လူမှုကွန်ရက် သုံးစွဲသူတွေကြားကို ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိခဲ့ပါတယ်။

အိန္ဒိယမှာ Simple Bloodဆိုတဲ့ စုပေါင်း သွေးလှူအသင်းကို ထူထောင်ပြီး အခြေခံ လူတန်းစားအတွက် တန်ဖိုးနည်း စားသောက်ဆိုင် လုပ်ငန်းတစ်ခုကိုလည်း ဦးဆောင်ပေးနေတဲ့ ဗာမာဟာ မတ်လ ၃၁ ရက်နေ့မှာ မြန်မာနိုင်ငံကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ရောက်လာခဲ့ပေမယ့် ဧပြီ ၃ ရက်နေ့မှာတော့ စိတ်ပျက်လက်ပျက်နဲ့ ပြန်ထွက်ခွာသွားခဲ့ကြောင်း သိရပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် ရက်ပိုင်း အကြာမှာ အိန္ဒိယ သံရုံးဆီက အခုလို ဖြေရှင်းချက်မျိုး ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ကိုးကား: India Embassy Facebook

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။