Connect with us

Hi, what are you looking for?

သတင်း

စစ်ရှောင်စခန်းမှကလေးငယ်သုံးဦး အဓမ္မပြုကျင့်သတ်ဖြတ်သည့်တရားခံကို KIOက သေဒဏ်စီရင်

ကချင်လွတ်လပ်ရေးအဖွဲ့၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဌာနချုပ် လိုင်ဇာမြို့အနီး ဂျေယန်း စစ်ရှောင်စခန်းမှ ကလေးငယ်သုံးဦးကို ဖမ်းဆီးအဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် တရားခံကို အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ချမှတ်ပြီး စီရင်ခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

သေဒဏ်စီရင်ခံရသည့် တရားခံ အုန်ဆောင်းဒွဲအောင် ဆိုသူအား ခေါ်ဆောင်လာစဉ်။ ဓာတ်ပုံ - The Kachin Net

ဧပြီ ၉၊၂၀၂၅။ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဌာနချုပ် လိုင်ဇာမြို့အနီး ဂျေယန်း စစ်ရှောင်စခန်းမှ ကလေးငယ်သုံးဦးကို ဖမ်းဆီးအဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် တရားခံကို အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ချမှတ်ပြီး စီရင်ခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

(၁၀)နှစ်ဝန်းကျင်ရှိ မူလတန်းကျောင်းသူ သုံးဦးကို အသက် ၂၅နှစ်အရွယ် အုန်ဆောင်းဒွဲအောင် ဆိုသူက ယခု ၂၀၂၅ ဖော်ဝါရီ ၂၂ရက်တွင် ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတရားခံကို ဖေဖော်ဝါရီ ၂၅ရက်ညတွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး အမှုအတွက် သီးသန့်ဖွဲ့စည်းထားသည့် တရားရုံးက မတ်လ ၂၉ရက်တွင်အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်အမိန့်ချမှတ်ခဲ့ရာ ဧပြီ ၇ရက်တွင် သေဒဏ်စီရင်ခဲ့သည်ဟု KIO/KIA က အသိပေးသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဉ်တွင် ကလေးငယ် တစ်ဦးကို လည်ပင်းကြိုးဆွဲချ သတ်ထားသည့် အနေအထား ရှာတွေ့ခဲ့ပြီး ကျန် ၂ဦးကို ရေကန်ထဲ နှစ်သက်ထားသည့် အသက်မဲ့ ခန္ဓာများကို ရှာတွေ့ခဲ့ကြောင်း ရုပ်အလောင်းတွင် ရိုက်နှက်နှိပ်စက်ခံထားရသည့် ဒဏ်ရာများကိုလည်းတွေ့ရသည်ဟု ဆိုသည်။ သက်ဆိုင်ရာ မှုခင်းဆရာဝန်များ စစ်ဆေးချက်အရ အဓမ္မပြုကျင့်ခံထားရသည့် သက်သေများ တွေ့ရကြောင်း KIO/KIA က ဖော်ပြသည်။

အဆိုပါ တရားခံသည် KIA တပ်၌ စစ်စည်းကမ်းချိုးဖောက်၍ ထုတ်ပယ်ခံထားရဖူးသူဖြစ်ပြီး ထောင်ကျခဲ့ဖူးသူဖြစ်ကြောင်းလည်း KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ဂျေယန်း စစ်ရှောင်စခန်းသည် ၂၀၁၁က KIAနှင့် စစ်တပ်အကြား ကချင်ဒေသတကျော့ပြန် စစ်ပွဲ စတင်ချိန်ကတည်းက ကချင်ပြည်သူများ စစ်ဘေးတိမ်းရှောင်နေထိုင်နေသည့် စခန်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့ပေါ် စစ်ရှောင်စခန်းတွေမှာ လေပြင်းကြောင့် စစ်ရှောင်နေအိမ်အများအပြား ပျက်စီးခဲ့ရပြီး အရေးပေါ် အကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်စခန်း ဦးဆောင်တာဝန်ခံ တစ်ဦးက ပြောပါတယ်။

သတင်း

စစ်ကောင်စီထိန်းချုပ်ထားတဲ့ စစ်တွေမြို့ပေါ်ကို ပို့ဆောင်မယ့် မူးယစ်ဆေးဝါးတွေတင်ဆောင်လာတဲ့စက်လှေနှစ်စီးနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁ဦးကို အာရက္ခတပ်တော် (AA)က ဖမ်းဆီးနိုင်ခဲ့ပါတယ်။

သတင်း

စစ်တပ်က ကရင်ပြည်နယ်၊ မြဝတီတောင်ဘက် လေးကေ့ကော်ဒေသ အနီးတဝိုက်က ဒေသခံတွေ ခိုလှုံနေတဲ့ စစ်ရှောင်စခန်းကို ကာမီကာဇေဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မဟာမိတ်အချင်းချင်းဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)နဲ့ တအာင်းတပ်မတော်(PSLF/TNLA) နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံနိုင်ဖို့ ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဖေဖော်ဝါရီ ၁၆ရက်မှာ လူထုနွေဦးကို ပြောပါတယ်။