Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းတပ်သားသစ်နှစ်ဦး လက်နက်ခဲယမ်းများယူလာပြီး PDF ဇိုလဲန်းထံ အလင်းဝင်

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် ခလရ(၂၆၉)တပ်ရင်းမှ တပ်သားသစ် နှစ်ဦးသည် လက်နက်ခဲယမ်းများ ယူလာပြီး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)-ဇိုလဲန်း(Zoland)က ထုတ်ပြန်သည်။

PDF ဇိုလဲန်းထံ အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သားသစ်နှစ်ဦး။ ဓာတ်ပုံ - PDF ဇိုလဲန်း

ဧပြီ ၉၊၂၀၂၅။ဟန်နွေ/People’s Spring

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် ခလရ(၂၆၉)တပ်ရင်းမှ တပ်သားသစ် နှစ်ဦးသည် လက်နက်ခဲယမ်းများ ယူလာပြီး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)-ဇိုလဲန်း(Zoland)က ထုတ်ပြန်သည်။

စစ်ကောင်စီက စစ်သားစုဆောင်းထားသည့် စစ်မှုထမ်းတပ်သားသစ်များဖြစ်သည့် တပ်သား စိုးလင်းအောင်နှင့် ဖိုးလပြည့်တို့သည် ဧပြီ ၇ရက်တွင် အလင်းဝင်လာခြင်းဖြစ်ကြောင်း အသိပေးသည်။

အလင်းဝင်လာသည့် တပ်သားများက လက်နက်ခဲယမ်းများယူဆောင်လာကြောင်းနှင့် ၎င်းတို့အား ဆုငွေပေးအပ်မှုတို့ကို PDF ဇိုလဲန်းက ဓာတ်ပုံမှတ်တမ်းဖြင့် ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

မတ်လ ၁၉ရက်ကလည်း ခလရ(၂၆၉)တပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ဦးသည် PDF ဇိုလဲန်းထံ လက်နက်နှင့် အလင်းဝင်ရောက်ခဲ့သေးသည်။ မတ်လ ၃ရက်ကလည်း ခလရ(၂၆၉)တပ်ရင်းမှ တပ်သား တစ်ဦးလည်း ကျည်၊ ခဲယမ်းများ ယူလာပြီး အလင်းဝင်ခဲ့ဟု PDF ဇိုလဲန်းက အသိပေးထားသည်။

ကျန်ရှိ စစ်ကောင်စီတပ်သားများအနေဖြင့် အသက်မသေလိုပါက ပြည်သူ့ကာကွယ်ရေးတပ်တွင် အလင်းဝင်လာနိုင်ကြောင်း ZFU/PDF ဇိုလဲန်း အတွင်းရေးမှူး ကိုရောဘက်က ပြောသည်။

တီးတိန်မြို့သိမ်းစစ်ဆင်ရေး မစတင်မီ အလင်းဝင်ရန် အချိန်ရသေးသည်ဟု ၎င်းက ပြောသည်။

“အခြေအနေအမျိုးမျိုးကြောင့် စကစမှာ တာဝန်ထမ်းဆောက်လျက်ရှိသော လက်ကျန်တပ်များအနေဖြင့် အချိန်မီပါသေးတယ်လိုပဲ ပြောချင်ပါတယ်”ဟု ကိုရောဘတ်က ပြောသည်။

PDF ဇိုလဲန်းသည် ချင်းညီနောင်အဖွဲ့ဝင် ဖြစ်ပြီး ချင်းညီနောင်သည် ဧပြီ ၇ရက်တွင် ဖလမ်းမြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိထားသည်။

“ချင်းညီနောင်စစ်ဆင်ရေး (ဖလမ်း) အပြီးသတ်တာပြီးရင် ချင်ပြည် မြောက်ပိုင်းမှာ တီးတိန် (ခလရ ၂၆၉) တခုတည်းကျန်တော့မှာဖြစ်တယ်”ဟု ကိုရောဘတ်က ပြောသည်။

စစ်ကောင်စီသည် နိုင်ငံတဝန်းလူငယ်များအား နည်းမျိုးစုံဖြင့် လူသစ်စုဆောင်းပြီး ရှေ့တန်းစစ်မြေပြင်များ၌ အသုံးချနေသကဲ့သို့ ထိုသို့ လူသစ်စုဆောင်းခံရသည့် စစ်မှုထမ်းများသည်လည်း တစ်ဦးခြင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ တော်လှန်ရေးတပ်ဖွဲ့များထံသို့ အလင်းဝင်ရောက် ပူးပေါင်းမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်က စစ်တပ်ရဲ့ (၂၂၇) ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်းတွေ သိမ်းပိုက်စဉ် ထွက်ပြေးသွားတဲ့ တပ်မ(၆၆) လက်အောက်ခံတပ်ကို လိုက်လံချေမှုန်းရာ စစ်တပ်ရုပ်အလောင်းအချို့နဲ့ လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိတယ်လို့ အာရက္ခတပ်တော်(AA)က ဒီကနေ့ ဇူလိုင် ၇ရက်မှာ ထုတ်ပြန်လာပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ စစ်တပ်ရဲ့ (၂၂၇) ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်း ၂ခုကို ထပ်မံတိုက်ခိုက်သိမ်းယူလိုက်တယ်လို့ အာရက္ခတပ်တော်(AA)က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။