Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းတပ်သားသစ်နှစ်ဦး လက်နက်ခဲယမ်းများယူလာပြီး PDF ဇိုလဲန်းထံ အလင်းဝင်

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် ခလရ(၂၆၉)တပ်ရင်းမှ တပ်သားသစ် နှစ်ဦးသည် လက်နက်ခဲယမ်းများ ယူလာပြီး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)-ဇိုလဲန်း(Zoland)က ထုတ်ပြန်သည်။

PDF ဇိုလဲန်းထံ အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သားသစ်နှစ်ဦး။ ဓာတ်ပုံ - PDF ဇိုလဲန်း

ဧပြီ ၉၊၂၀၂၅။ဟန်နွေ/People’s Spring

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် ခလရ(၂၆၉)တပ်ရင်းမှ တပ်သားသစ် နှစ်ဦးသည် လက်နက်ခဲယမ်းများ ယူလာပြီး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)-ဇိုလဲန်း(Zoland)က ထုတ်ပြန်သည်။

စစ်ကောင်စီက စစ်သားစုဆောင်းထားသည့် စစ်မှုထမ်းတပ်သားသစ်များဖြစ်သည့် တပ်သား စိုးလင်းအောင်နှင့် ဖိုးလပြည့်တို့သည် ဧပြီ ၇ရက်တွင် အလင်းဝင်လာခြင်းဖြစ်ကြောင်း အသိပေးသည်။

အလင်းဝင်လာသည့် တပ်သားများက လက်နက်ခဲယမ်းများယူဆောင်လာကြောင်းနှင့် ၎င်းတို့အား ဆုငွေပေးအပ်မှုတို့ကို PDF ဇိုလဲန်းက ဓာတ်ပုံမှတ်တမ်းဖြင့် ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

မတ်လ ၁၉ရက်ကလည်း ခလရ(၂၆၉)တပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ဦးသည် PDF ဇိုလဲန်းထံ လက်နက်နှင့် အလင်းဝင်ရောက်ခဲ့သေးသည်။ မတ်လ ၃ရက်ကလည်း ခလရ(၂၆၉)တပ်ရင်းမှ တပ်သား တစ်ဦးလည်း ကျည်၊ ခဲယမ်းများ ယူလာပြီး အလင်းဝင်ခဲ့ဟု PDF ဇိုလဲန်းက အသိပေးထားသည်။

ကျန်ရှိ စစ်ကောင်စီတပ်သားများအနေဖြင့် အသက်မသေလိုပါက ပြည်သူ့ကာကွယ်ရေးတပ်တွင် အလင်းဝင်လာနိုင်ကြောင်း ZFU/PDF ဇိုလဲန်း အတွင်းရေးမှူး ကိုရောဘက်က ပြောသည်။

တီးတိန်မြို့သိမ်းစစ်ဆင်ရေး မစတင်မီ အလင်းဝင်ရန် အချိန်ရသေးသည်ဟု ၎င်းက ပြောသည်။

“အခြေအနေအမျိုးမျိုးကြောင့် စကစမှာ တာဝန်ထမ်းဆောက်လျက်ရှိသော လက်ကျန်တပ်များအနေဖြင့် အချိန်မီပါသေးတယ်လိုပဲ ပြောချင်ပါတယ်”ဟု ကိုရောဘတ်က ပြောသည်။

PDF ဇိုလဲန်းသည် ချင်းညီနောင်အဖွဲ့ဝင် ဖြစ်ပြီး ချင်းညီနောင်သည် ဧပြီ ၇ရက်တွင် ဖလမ်းမြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိထားသည်။

“ချင်းညီနောင်စစ်ဆင်ရေး (ဖလမ်း) အပြီးသတ်တာပြီးရင် ချင်ပြည် မြောက်ပိုင်းမှာ တီးတိန် (ခလရ ၂၆၉) တခုတည်းကျန်တော့မှာဖြစ်တယ်”ဟု ကိုရောဘတ်က ပြောသည်။

စစ်ကောင်စီသည် နိုင်ငံတဝန်းလူငယ်များအား နည်းမျိုးစုံဖြင့် လူသစ်စုဆောင်းပြီး ရှေ့တန်းစစ်မြေပြင်များ၌ အသုံးချနေသကဲ့သို့ ထိုသို့ လူသစ်စုဆောင်းခံရသည့် စစ်မှုထမ်းများသည်လည်း တစ်ဦးခြင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ တော်လှန်ရေးတပ်ဖွဲ့များထံသို့ အလင်းဝင်ရောက် ပူးပေါင်းမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်ကစစ်ကောင်စီလက်အောက်ခံ မြင်းချင်း​ပျူကျေးရွာကနေ ပျူစောထီးတဦးဟာ လက်နက်ခဲယမ်းတွေ ယူဆောင်လာပြီး ကာကွယ်ရေးအဖွဲ့ထံ အလင်းဝင်လာခဲ့ပါတယ်။

သတင်း

အရန်မီးသတ်တပ်ဖွဲ့ဝင်အဖြစ်မှပခုက္ကူမြို၏စစ်ကောင်စီလက်အောက်ခံမြို့မပြည်သူစစ်တပ်ဖွဲ့ခေါင်းဆောင်ဖြစ်လာသူ အပါအဝင် ‌လေးဦးကိုပခုက္ကူ ပကဖ နှင့် ပူးပေါင်းတပ်များကပစ်ခတ်ရှင်းလင်းလိုက်သည်။

သတင်း

စစ်ကောင်စီတပ်က အဓမ္မ စစ်သားစုဆောင်းခဲ့သည့် စစ်မှုထမ်း တပ်သားသစ် နှစ်ဦး လက်နက်ခဲယမ်း ယူလာပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၃၃)ဒေါနတပ်ရင်းထံ အလင်းဝင်လာကြောင်း ဒေါနတပ်ရင်းက သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်မှ မတရားဖမ်းဆီးပြီး ပြည်သူ့စစ်မှုထမ်းခိုင်းစေခံရသည့် တပ်သားသစ် သုံးဦး လက်နက်များနှင့်အတူ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ယနေ့(ဖေဖော်ဝါရီ ၁၇ရက်) သတင်းထုတ်ပြန်သည်။