Connect with us

Hi, what are you looking for?

သတင်း

စလင်း၊ပွင့်ဖြူနှင့် စေတုတ္တရာမြို့နယ်တို့ကို လေကြောင်းစစ်ဆင်ရေးလုပ်မည်ဟု စစ်ကောင်စီခြိမ်းခြောက် ဝါဒဖြန့်နေ

မကွေးတိုင်းရှိ စလင်း၊ပွင့်ဖြူနှင့် စေတုတ္တရာမြို့နယ်တို့ကို စစ်ကောင်စီတပ်က လေကြောင်း၊ဒရုန်းနှင့်လက်နက်ကြီး စစ်ဆင်ရေးများပြုလုပ်မည်ဟု စစ်ကောင်စီက ဝါဒဖြန့်ချန်နယ်ကတဆင့် ခြိမ်းခြောက်နေသည်။

“အခု သူတို့ခြိမ်းခြောက်နေတဲ့ မြို့သုံးခုက အာရက္ခတပ်တော်(AA)ရဲ့ သိမ်းပိုက်ထားတဲ့ မြို့တွေနဲ့ ကပ်နေသလို။အခု AA ထိုးစစ်ဆင်နေတဲ့ ငဖဲမြို့နဲ့ကလည်း ဆက်စပ်နေတာမျိုး”

– မကွေးတိုင်းစစ်ရေးစောင့်ကြည့်သူ

ဧပြီ ၉၊၂၀၂၅။ရဲခေါင်/People’s Spring

မကွေးတိုင်းရှိ စလင်း၊ပွင့်ဖြူနှင့် စေတုတ္တရာမြို့နယ်တို့ကို စစ်ကောင်စီတပ်က လေကြောင်း၊ဒရုန်းနှင့်လက်နက်ကြီး စစ်ဆင်ရေးများပြုလုပ်မည်ဟု စစ်ကောင်စီက ဝါဒဖြန့်ချန်နယ်ကတဆင့် ခြိမ်းခြောက်နေသည်။

Public Service Announcement

Public Service Announcement

စလင်းမြို့အနီးနှင့် ကံပြားကျေးရွာအနီး၊ စလင်းမြို့နယ် ဆင်ဖြူကျွန်း -တညောင်လမ်းပိုင်းရှိ ကျေးရွာများတွင် ပါဝင်သည်။

စလင်းမြို့နယ်အတွင်း တိုက်ပွဲများနေ့စဥ်​ဖြစ်ပွားနေ၍ တပ်မတော်၏ လေကြောင်းစစ်ဆင်ရေး၊ ဒရုန်းစစ်ဆင်ရေး၊ လက်နက်ကြီးစစ်ဆင်ရေး စသည့်စစ်ဆင်ရေးများပြုလုပ်သွားမည်ဖြစ်သည့်အတွက် ထိခိုက်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး ​ကြိုတင်ရှောင်ရှားကြရန်အသိပေးသည်ဟု ရေးသားထားသည်။

မကွေးတိုင်းအခြေစိုက် စစ်ကောင်စီ၏ စစ်မှုထမ်းဟောင်းများဖြင့် ဖွဲ့စည်းထားသော Myanmar Family Group တယ်လီဂရန်ချန်နယ်က တဆင့် ခြိမ်းခြောက်ဖော်ပြနေခြင်း ဖြစ်သည်။

ထို့အပြင် ပွင့်ဖြူမြို့နယ်၊ မဲဇလီဒေသဟုခေါ်သည့် မဲဇလီကျေးရွာအပါအဝင် ကျေးရွာပေါင်း (၂၁)ရွာ မှ ပြည်သူများလည်း ဧပြီ ၂၀ရက် နောက်ဆုံးထားဆုတ်ခွာရန် ဖော်ပြထားသည်။

စေတုတ္တရာမြို့နယ်တွင်းရှိ ညောင်ကုန်း၊ ကျောက်ပုံ၊ ခဲပစ်၊ ဝန်လို၊ ခိုနန်း၊ မုန်ညှင်းနှင့် မဏ္ဍပ်ကိုင်းကျေးရွာ တို့လည်း ၎င်းတို့စစ်ရေးပစ်မှတ်ဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။

“လတ်တလော စလင်းမှာတော့ စလင်း- ဆင်ဖြူကျွန်း လမ်းပိုင်း ဆင်ဖြူကျွန်း -တညောင်လမ်းပိုင်းတွေကို စစ်ကြောင်းထိုးနေတာတွေရှိပါတယ်။ပြီးခဲ့တဲ့ မတ်လ တစ်လလုံးရော အခုဧပြီလဆန်းထိ စစ်ကြောင်းတောက်လျှောက်ရှိပါတယ်”ဟု စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီသည် စလင်းနှင့် ပွင့်ဖြူမြို့နယ်ကို မတ်လဆန်းပိုင်းကစ၍ မြေပြင်အင်အားဖြည့်တင်းကာ သံချပ်ကာယာဥ် လေးစီးကိုလည််း စစ်ကြောင်းထိုးရာတွင် အသုံးပြုထားကြောင်း မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

“အခု သူတို့ခြိမ်းခြောက်နေတဲ့ မြို့သုံးခုက အာရက္ခတပ်တော်(AA)ရဲ့ သိမ်းပိုက်ထားတဲ့ မြို့တွေနဲ့ ကပ်နေသလို။အခု AA ထိုးစစ်ဆင်နေတဲ့ ငဖဲမြို့နဲ့ကလည်း ဆက်စပ်နေတာမျိုး။နယ်မြေအသာစီးအရင်ယူချင်နေတဲ့ပုံစံမျိုးလို့ ပြောရမယ်။ပြီးတော့ စလင်းဆိုရင် ဆိပ်ဖြူ ဘက် ကပစ တွေဆီကို ဓာတ်အားပေးတဲ့ ခွဲရုံရှိတော့ စစ်ရေးအရအရေးပါတယ်လေ”ဟု မကွေးတိုင်းစစ်ရေးစောင့်ကြည့်သူက ရှင်းပြသည်။

မတ်လ ၃၁ရက်က စလင်းမြို့နယ်ရှိ အင်အား ၈၀ခန့်ဖြင့် စစ်ကောင်စီတပ်အထိုင်ချထားသည့် တညောင်ဓာတ်အားခွဲရုံကို မဟာမိတ်ပူးပေါင်းတပ်များတိုက်ခိုက်ရာ ဓာတ်အားခွဲရုံ အရာရှိနှစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးကြောင်း ဗမာ့တပ်တော်က ထုတ်ပြန်ထားသည်။

စစ်ရေးအချက်အလက်များအရ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီသည် ဂျက်ဖိုက်တာ သုံးစီး၊ Y12 လေယာဥ်တစ်စီးဖြင့် လင်းဇင်းတိုက်နယ်၊ ကံပြားတိုက်နယ်ကျေးရွာများကို ဗုံးအလုံးရေ ၅၀ကျော် ကြဲချတိုက် ခိုက်ခဲ့ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။